မင်းကြီးသည်ထိုဖလားတို့ကိုရွှေတိုက်စိုးမိသရေဒတ်သို့ပေးအပ်၍ မိသရေဒတ်သည်ယင်းတို့ကိုယုဒဘုရင်ခံရှေရှဗာဇာသို့၊-
ဧဇရ 8:25 - Common Language Bible ဗိမာန်တော်တွင်အသုံးပြုရန်မင်းကြီးနှင့် သူ၏အတိုင်ပင်ခံအမတ်များ၊ အရာရှိ များနှင့် ဣသရေလအမျိုးသားတို့ပေး လှူကြသောရွှေငွေနှင့်အသုံးအဆောင် များကိုချိန်တွယ်၍ ထိုယဇ်ပုရောဟိတ်တို့ အားပေးအပ်လိုက်၏။- Garrad Bible ဘု ရား သ ခင့် ဗိ မာန် တော် အ ဖို့၊ ဘု ရင် မင်း၊ မင်း တိုင် ပင်၊ မှူး တော် မတ် တော် တို့ နှင့် တွေ့ သ မျှ ဣ သ ရေ လ လူ မျိုး ကို မြှောက် ဆက် ကြ သော ရွှေ၊ ငွေ၊ အ သုံး အ ဆောင် များ ကို ချိန် တွယ် ပေး အပ် သည် မှာ၊ Judson Bible ရှင်ဘုရင်မှစ၍ အတွင်းဝန်၊ မှူးတော်မတ်တော်၊ စည်းဝေးသော ဣသရေလ အမျိုးသားအပေါင်းတို့သည်၊ ငါတို့၏ဘုရားသခင့် အိမ်တော်အဖို့ လှူသောပူဇော်သကာ၊ ရွှေ၊ ငွေ၊ တန်ဆာတည်းဟူသော၊ မြန်မာ့စံမီသမ္မာကျမ်း ငါတို့ဘုရားသခင်၏အိမ်တော်အဖို့ ရှင်ဘုရင်နှင့် သူ၏အတိုင်ပင်ခံအမတ်များ၊ အကြီးအကဲများ၊ ထိုအရပ်ရှိအစ္စရေးလူမျိုးများက ပေးလှူလိုက်သောရွှေငွေနှင့် အသုံးအဆောင်ပစ္စည်းတို့ကို ချိန်တွယ်ပြီး သူတို့ကို ပေးလိုက်၏။ |
မင်းကြီးသည်ထိုဖလားတို့ကိုရွှေတိုက်စိုးမိသရေဒတ်သို့ပေးအပ်၍ မိသရေဒတ်သည်ယင်းတို့ကိုယုဒဘုရင်ခံရှေရှဗာဇာသို့၊-
ဤတည်ဆောက်မှုဖြစ်မြောက်ရေးအတွက် သူတို့သည်တတ်နိုင်သမျှအတိုင်း ရွှေတစ်ထောင့်သုံးဆယ်ပေါင်၊ ငွေငါးထောင်ခုနစ်ရာလေးဆယ်ပေါင်နှင့်ယဇ်ပုရောဟိတ်များအတွက်ဝတ်စုံတစ်ရာတို့ကိုလှူကြ၏။
ထိုနောက်စတုတ္ထနေ့၌ဗိမာန်တော်သို့သွား၍ ရွှေငွေနှင့်အသုံးအဆောင်များကိုချိန်တွယ် ကာ ဥရိယ၏သားယဇ်ပုရောဟိတ်မေရမုတ် လက်သို့ပေးအပ်ကြ၏။ သူနှင့်အတူဖိနဟတ် ၏သား ဧလာဇာနှင့်လေဝိအနွယ်ဝင်နှစ်ဦး ဖြစ်ကြသော ယောရှု၏သားယောဇဗဒ်နှင့် ဗိနွိ၏သားနောဒိတို့လည်းရှိကြ၏။-
ညီအစ်ကိုတို့၊ နိဂုံးချုပ်အနေဖြင့်ပြောရ လျှင် သင်တို့သည်မှန်ကန်သောအရာ၊ မွန်မြတ် သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင် သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေ ရှိသောအရာတည်းဟူသောကောင်းမြတ်၍ ချီးမွမ်းဖွယ်သောအရာရှိသမျှတို့ကို နှလုံးသွင်းကြလော့။-