ထိုအခါသားချင်းစုဦးစီးများ၊ အမျိုး အနွယ်ဝင်တို့ကိုအုပ်ချုပ်သူအရာရှိများ၊ တပ်မှူးများနှင့်ဘုရင့်ပစ္စည်းများကိုထိန်း သိမ်းအုပ်ချုပ်ရသူတို့သည်ဗိမာန်တော် အတွက်ပေးလှူရန်အလိုအလျောက်ဆန္ဒ ပြုကြကုန်၏။-
ဧဇရ 7:15 - Common Language Bible သင်သည်ယေရုရှလင်မြို့ဗိမာန်တော်တွင်စံ တော်မူသော ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အား ငါနှင့်ငါ၏အတိုင်ပင်ခံ အမတ်များလှူဒါန်းသည့်ရွှေနှင့်ငွေကိုယူ ဆောင်သွားလော့။- Garrad Bible ယေ ရု ရှ လင် မြို့ တွင် စံ တော် မူ သော၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား၊ ဘု ရင် မင်း နှင့် မင်း တိုင် ပင် တို့ လှူ ဒါန်း ကြ သည့် ရွှေ ငွေ၊ Judson Bible ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်အား၊ ရှင်ဘုရင်နှင့် အတွင်းဝန်တို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်သော ရွှေငွေနှင့်တကွ၊ မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့၌ကိန်းဝပ်တော်မူသော အစ္စရေးလူမျိုးတို့၏ဘုရားသခင်အား ရှင်ဘုရင်နှင့်အကြံပေးပုဂ္ဂိုလ်တို့ စေတနာစိတ်ဖြင့် ပေးလှူလိုက်သောရွှေငွေများ၊ |
ထိုအခါသားချင်းစုဦးစီးများ၊ အမျိုး အနွယ်ဝင်တို့ကိုအုပ်ချုပ်သူအရာရှိများ၊ တပ်မှူးများနှင့်ဘုရင့်ပစ္စည်းများကိုထိန်း သိမ်းအုပ်ချုပ်ရသူတို့သည်ဗိမာန်တော် အတွက်ပေးလှူရန်အလိုအလျောက်ဆန္ဒ ပြုကြကုန်၏။-
သို့ရာတွင်အပြောကျယ်စွာသောကောင်းကင် ပင်လျှင်ကိုယ်တော်၏အတွက်ကျဉ်းမြောင်း သည်ဖြစ်၍ အမှန်စင်စစ်အဘယ်သူမျှ ကိုယ်တော်စံတော်မူရန်ဗိမာန်တော်ကိုတည် ဆောက်နိုင်လိမ့်မည်မဟုတ်ပါ။ သို့ဖြစ်၍ ကျွန်ုပ်သည်ဘုရားသခင်အားနံ့သာပေါင်း ကိုမီးရှို့ပူဇော်ရန်အတွက်သာဗိမာန် တော်ကိုတည်ဆောက်ပါမည်။-
လူအမြောက်အမြားပင်ထာဝရဘုရား အတွက်ပူဇော်သကာများနှင့် ဟေဇကိ မင်းအတွက်လက်ဆောင်များကိုယေရုရှလင် မြို့သို့ယူဆောင်လာကြ၏။ ထိုကာလမှ အစပြု၍ဟေဇကိသည်နိုင်ငံတကာ တို့၏ရှေ့တွင်ဂုဏ်အသရေကြီးမြင့်လေ၏။
ယခုအခါအကျွန်ုပ်သည်ကိုယ်တော်စံတော်မူရာ ဗိမာန်တော်၊ ကိုယ်တော်ထာဝစဉ်ကိန်းဝပ်တော်မူရာ ဌာနတော်ကိုတည်ဆောက်ပြီးပါပြီ'' ဟု ပတ္ထနာပြုတော်မူ၏။
သို့ရာတွင်ယခုငါသည်ယေရုရှလင်မြို့ ကိုငါ့အားကိုးကွယ်ဝတ်ပြုရန်ဌာနအဖြစ် ဖြင့်လည်းကောင်း၊ အချင်းဒါဝိဒ်၊ သင့်အားငါ ၏လူမျိုးတော်ကိုအုပ်စိုးမည့်သူအဖြစ် ဖြင့်လည်းကောင်းရွေးချယ်ထားလေပြီ' ဟူ ၍မိန့်တော်မူ၏'' ဟုဆို၏။
ထိုသူတို့ပတ်ဝန်းကျင်ရှိလူတို့သည် သူတို့အားငွေထည်၊ ရွှေ၊ ရိက္ခာ၊ ဝန်တင်တိရစ္ဆာန်၊ အခြားအဖိုးထိုက်ပစ္စည်းများနှင့်ဗိမာန်တော်အတွက် အလှူဒါနများကိုပေးအပ်ကူညီကြလေသည်။
ယေရုရှလင်မြို့ကို မိမိအားကိုးကွယ်ဝတ်ပြုရာဌာနတော်အဖြစ်ရွေးချယ်သတ်မှတ်တော်မူသောဘုရားသခင်သည် ဤအမိန့်ကိုဖီဆန်ကာယေရုရှလင်မြို့ဗိမာန်တော်ကိုဖြိုဖျက်ရန်ကြိုးစားသူ အဘယ်ဘုရင်သို့မဟုတ်လူမျိုးကိုမဆိုဖျက်ဆီးတော်မူပါစေသတည်း။ ဤကားငါဒါရိမင်း၏အမိန့်တော်ဖြစ်၏။ အမိန့်တော်အတိုင်းနာခံကြလော့'' ဟုဖော်ပြပါရှိလေသည်။
နံရံများကိုကျောက်တုံးတန်းသုံးဆင့်၊ သစ်သားတန်းတစ်ဆင့်ကျအထပ်ထပ်ဆောက်လုပ်ရမည်။ ကုန်ကျသည့်စရိတ်မှန်သမျှကို ဘုရင့်ဘဏ္ဍာတော်တိုက်မှထုတ်၍သုံးစွဲရမည်။-
ငါဘုရင်မင်းမြတ်နှင့်ငါ၏အတိုင်ပင်ခံအ မတ်ခုနစ်ဦးတို့သည် သင့်အားယေရုရှလင် မြို့နှင့်ယုဒပြည်အခြေအနေကိုစုံစမ်းရန် စေလွှတ်သည်။ သင်သည်သင့်အားပေးအပ်ထား တော်မူသည့် သင့်ဘုရားသခင်၏တရား တော်ကိုလူတို့အဘယ်မျှလိုက်နာကျင့် သုံးကြသည်ကိုစုံစမ်းလော့။-
ဗိမာန်တော်တွင်အသုံးပြုရန်မင်းကြီးနှင့် သူ၏အတိုင်ပင်ခံအမတ်များ၊ အရာရှိ များနှင့် ဣသရေလအမျိုးသားတို့ပေး လှူကြသောရွှေငွေနှင့်အသုံးအဆောင် များကိုချိန်တွယ်၍ ထိုယဇ်ပုရောဟိတ်တို့ အားပေးအပ်လိုက်၏။-
ဇိအုန်တောင်တော်ပေါ်တွင်လည်းကောင်း၊ ကိုယ်တော်ကိန်းဝပ်တော်မူရာ ယေရုရှလင်မြို့တွင်လည်းကောင်းကိုယ်တော် အား ထောမနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ဘုန်းအသရေတော်တည်ရာ တည်းဟူသောကိုယ်တော်ရှင်ကိန်းဝပ်တော်မူရာ အိမ်တော်ကိုနှစ်သက်မြတ်နိုးပါ၏။
စပိန်ပြည်နှင့်ကျွန်းများမှရှင်ဘုရင်တို့သည် အခွန်ဆက်သကြပါလိမ့်မည်။ အာရေဗျပြည်နှင့်အဲသရောပိပြည်မှ ရှင်ဘုရင်များသည်လက်ဆောင်ပဏ္ဏာများကို ယူဆောင်လာကြပါလိမ့်မည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ထားရှိခဲ့သည့်ကတိသစ္စာဝတ်ကိုဖြေကြလော့။ နီးနားဝန်းကျင်ရှိလူမျိုးတကာတို့၊ ကိုယ်တော်၏ထံတော်သို့လက်ဆောင်ပဏ္ဏာများကို ယူဆောင်ခဲ့ကြလော့။ ဘုရားသခင်သည်မိမိအားလူတို့ ကြောက်လန့်စေတော်မူ၏။
ကိုယ်တော်၏အိမ်တော်သည်ယေရုရှလင်မြို့တွင် ရှိပေသည်။ ကိုယ်တော်သည်ဇိအုန်တောင်ပေါ်တွင် ကိန်းဝပ်တော်မူ၏။
ဇိအုန်မြို့တော်တွင်စိုးစံတော်မူသော ထာဝရဘုရားကိုထောမနာသီချင်းဆို ကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုအရာများကို လူမျိုးတကာတို့အားဖော်ပြကြလော့။