ရှေဝသည်တရားရုံးတော်အတွင်းဝန်ဖြစ် ၍ဇာဒုတ်နှင့်အဗျာသာတို့သည်ယဇ်ပုရော ဟိတ်များဖြစ်ကြ၏။-
ဧဇရ 4:8 - Common Language Bible ထို့ပြင်ယေရုရှလင်မြို့အကြောင်းနှင့်ပတ်သက်၍ ဘုရင်ခံရေဟုံနှင့်အတွင်းဝန်ရှိမရှဲတို့က အာတဇေရဇ်မင်းထံသို့အောက်ဖော်ပြပါစာကိုရေးသားပေးပို့ကြလေသည်။ Garrad Bible ဘု ရင် ခံ ရေ ဟုံ၊ အ တွင်း ဝန် ရှိ မ ရှဲ တို့ နှင့် တ ကွ၊ ဘုန်း ကြီး သော အာ သ န ပ္ပါ မင်း ပို့ ဆောင် ချ ထား သည့် အ တိုင်း၊ ရှ မ ရိ မြို့ နှင့် မြစ် ကြီး အ နောက် ဘက် ပြည် နယ် များ တွင် နေ ထိုင် ရ သူ ဒိ နဲ၊ အ ဖာ သ သက်၊ တာ ပေ လ၊ အ ဖာ ရ သ၊ အာ ခေ ဝ၊ ဗာ ဗု လုန်၊ ရှု ရှန်၊ ဒေ ဟ ဝ၊ ဧ လံ မှ စ သော အ မျိုး သား၊ ဘက် ပါ သူ တို့ သည်၊ ယေ ရု ရှ လင် မြို့ ကို ရည်၍၊ အာ တ ဇေ ရဇ် မင်း ထံ ထပ် သွင်း သော စွဲ ချက် ကား၊ Judson Bible စာတိုက်စိုးရေဟုံနှင့် မြို့စာရေးရှိမရှဲတို့သည်၊ ယေရုရှလင်မြို့ကို ရန်ဘက်ပြုလျက်၊ အာတဇေရဇ်မင်းကြီးထံသို့ စာပေးလိုက်၍၊ မြန်မာ့စံမီသမ္မာကျမ်း ဗိုလ်ချုပ်ရေဟုံနှင့် စာရေးတော်ကြီးရှိမရှဲတို့သည်လည်း ဂျေရုဆလင်မြို့နှင့်ပတ်သက်သည့်တိုင်စာတစ်စောင်ကို အာတဇေရဇ်မင်းကြီးထံ ရေးပို့ကြ၏။ |
ရှေဝသည်တရားရုံးတော်အတွင်းဝန်ဖြစ် ၍ဇာဒုတ်နှင့်အဗျာသာတို့သည်ယဇ်ပုရော ဟိတ်များဖြစ်ကြ၏။-
အဟိတုတ်၏သားဇာဒုတ်နှင့်အဗျာသာ ၏သားအဟိမလက်တို့ကားယဇ်ပုရော ဟိတ်များဖြစ်ကြ၏။ စရာယသည်စာရေး တော်ကြီးဖြစ်၍၊-
ထို့နောက်သူတို့သည်ဟေဇကိမင်းအားလူလွှတ် ၍ဖိတ်ခေါ်ကြ၏။ ထိုအခါဟေဇကိ၏နန်းတွင်း အရာရှိသုံးဦးတို့သည် ထိုသူတို့နှင့်တွေ့ဆုံရန် ထွက်လာကြ၏။ သူတို့ကားဟိလခိ၏သားနန်း တော်အုပ်ဧလျာကိမ်၊ နန်းတော်အတွင်းဝန်ရှေဗန နှင့် အာသပ်၏သားအမှုတွဲထိန်းယောအာတို့ ဖြစ်သတည်း။-
မင်းကြီး၏ပြန်ကြားလွှာမှာ၊ ``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်တကွ အပေါင်းအဖော်များဖြစ်ကြသောရှမာရိမြို့သားများနှင့် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့အား နှုတ်ခွန်းဆက်သလိုက်ပါသည်။''
တစ်ဖန်ပေရသိဧကရာဇ်ဘုရင်အာတဇေရဇ်လက်ထက်၌ဗိရှလံ၊ မိသရေဒတ်၊ တဗေလနှင့်သူတို့၏အပေါင်းအဖော်တို့သည် မင်းကြီးထံသို့လျှောက်လွှာတင်သွင်းကြ၏။ ထိုလျှောက်လွှာကိုအာရမိဘာသာစကားဖြင့် ရေးသားပြန်ဆိုကာဖတ်ပြရန်ပင်ဖြစ်သည်။
``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်သူတို့၏အပေါင်းအဖော်များ၊ တရားသူကြီးများ၊ ဘေရက်မြို့၊ ဗာဗုလုန်မြို့၊ ဧလံပြည်ရှိရှုရှန်မြို့တို့မှ လာရောက်အမှုထမ်းကြသောအရာရှိများ၊-