ပြည်သူတို့သည်ဗိမာန်တော်ကိုပြန်လည်တည် ဆောက်ရန်အစမပြုရသေးသော်လည်း သတ္တမ လ၊ ပထမနေ့၌မီးရှို့ပူဇော်ရာယဇ်များကို ထာဝရဘုရားအား စတင်ပူဇော်ကြကုန်၏။
ဗိ မာန် တော် တိုက် မြစ် ကို မ ချ ရ သေး သော် လည်း၊ သ တ္တ မ လ တစ် ရက် က အ စ ပြု၍ ထာ ဝ ရ ဘု ရား အား မီး ရှို့ ရာ သ က္ကာ များ ကို ပူ ဇော် ကြ ၏။
ဗိမာန်တော် တိုက်မြစ်ကို မချသေးသော်လည်း၊ သတ္တမလ တစ်ရက်နေ့မှစ၍ မီးရှို့ရာယဇ်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။
သတ္တမလ၊ ပထမရက်တွင် စတင်၍ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။ ထိုအချိန်ထိ ထာဝရဘုရား၏ဗိမာန်တော်အုတ်မြစ်ကို မချရသေးချေ။
ထို့အပြင်သူတို့သည်အမြဲပူဇော်ရသည့် တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုလည်းကောင်း၊ လဆန်းနေ့ပွဲတော်ကိုလည်းကောင်း၊ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ရာ အခြားပွဲနေ့ များ၌ပူဇော်အပ်သည့်ယဇ်များကိုလည်း ကောင်း၊ ထာဝရဘုရားအားမိမိတို့စေတနာ အလျောက်ပေးလှူသည့်ပူဇော်သကာများ ကိုလည်းကောင်းတင်လှူပူဇော်ကြလေ သည်။-
ပြည်သူတို့သည်ပန်းရန်များနှင့်လက်သမား များကိုပေးချေရန်ငွေပေးလှူကြ၏။ ပေရသိ ဘုရင်ကုရုမင်းခွင့်ပြုချက်အရလေဗနုန် တောမှ သစ်ကတိုးများကို ယုပ္ပေဆိပ်အရောက် စုံမျောစေခြင်းငှာ တုရုနှင့်ဇိဒုန်မြို့သား များထံသို့အစားအစာ၊ စပျစ်ရည်နှင့် သံလွင်ဆီတို့ကိုပေးပို့ကြ၏။-
ထာဝရဘုရားအားပူဇော်သကာကို ဆက်သလော့။ အသက်မွေးဝမ်းကျောင်း အလုပ်ကိုမလုပ်ရ။
သင်တို့သည်သတ္တမလ၊ ပထမနေ့တွင် စုဝေး ဝတ်ပြုရမည်။ ထိုနေ့တွင်အလုပ်မလုပ်ရ။ ထိုနေ့တွင်တံပိုးခရာများကိုမှုတ်ရမည်။-
ထာဝရဘုရားအားအပြစ်အနာကင်းသော နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်နှင့် တစ်နှစ်သားအရွယ်သိုးထီးခုနစ်ကောင်ကို ထာဝရဘုရားနှစ်သက်ဖွယ်ရနံ့အဖြစ် မီးရှို့ပူဇော်ရမည်။-