ယာကုပ်သည်မိမိ၏ပစ္စည်းဥစ္စာရှိသမျှကို ထုပ်ပိုး၍ ခရီးထွက်ခဲ့ရာဗေရရှေဘအရပ် သို့ရောက်လျှင် သူ၏အဖဣဇာက်၏ဘုရားသခင်အားယဇ်ပူဇော်လေ၏။-
အာမုတ် 7:9 - Common Language Bible ဣဇာက်မှဆင်းသက်သောအမျိုးအနွယ်တို့ ကိုးကွယ်ရာအရပ်များပျက်စီးရတော့မည်။ ဣသရေလနိုင်ငံရှိသန့်ရှင်းရာဌာနမှန် သမျှကို မြေပုံအဖြစ်နှင့်သာကျန်ရစ်စေ မည်။ ငါသည်ယေရောဗောင်မင်းဆက်၏နန်း သက်ကိုကုန်စေတော့မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ဣ ဇာက်၏ မြင့် ရာ ဌာ န များ သည် ဆိတ် ညံ ရာ။ ဣ သ ရေ လ၏ သန့် ရှင်း ရာ ဌာ န များ လည်း ဖုန်း ဆိုး ကုန်း ဖြစ် ရ လ တ္တံ့။ ယေ ရော ဗောင့် အ ဆက် အ နွယ် တစ် ဘက်၊ ဓား ဘေး ကို ငါ သင့် စေ မည် ဟု မိန့် တော် မူ ၏။ Judson Bible ဣဇာက်၏ မြင့်ရာအရပ်တို့သည် လူဆိတ်ညံလျက်၊ ဣသရေလ၏ သန့်ရှင်းရာအရပ်တို့သည် သုတ်သင်ပယ်ရှင်းလျက်ရှိကြလိမ့်မည်။ ယေရောဗောင်မင်းမျိုးကိုလည်း ဓားနှင့် ငါတိုက်မည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဣဇက်အထွတ်အမြတ်ထားရာနေရာတို့သည် လူသူကင်းမဲ့လိမ့်မည်။ အစ္စရေးလူမျိုး၏သန့်ရှင်းရာဌာနတို့သည်လည်း တိတ်ဆိတ်ခြောက်ကပ်လိမ့်မည်။ ငါသည် ယေရောဗောင်အမျိုးကို ဓားဖြင့်တိုက်မည်”ဟု မိန့်တော်မူ၏။ |
ယာကုပ်သည်မိမိ၏ပစ္စည်းဥစ္စာရှိသမျှကို ထုပ်ပိုး၍ ခရီးထွက်ခဲ့ရာဗေရရှေဘအရပ် သို့ရောက်လျှင် သူ၏အဖဣဇာက်၏ဘုရားသခင်အားယဇ်ပူဇော်လေ၏။-
သူသည်ထာဝရဘုရားကိုပြစ်မှား၍ ဣသ ရေလအမျိုးသားတို့အားအပြစ်ကူးလွန် ရန် ရှေ့ဆောင်လမ်းပြခဲ့သောနေဗတ်၏သား ယေရောဗောင်၏ဆိုးယုတ်သည့်လမ်းစဉ်ကို လိုက်၏။-
ကိုယ်တော်ရှင်၏လူမျိုးတော်ဖြစ်သောကျွန် တော်မျိုးတို့ကိုရန်သူတို့သည်အခိုက် အတန့်အားဖြင့်နှင်ထုတ်လျက်သူတို့သည် ဗိမာန်တော်ကိုနင်းချေကြပါပြီ။-
သင်တို့က`ငါတို့သည်အသရေပျက်၍ အရှက်ကွဲရကြလေပြီ။ ဗိမာန်တော်မှ သန့်ရှင်းရာဌာနတော်တို့ကိုလူမျိုးခြား များသိမ်းပိုက်လိုက်ကြပြီဖြစ်၍ ငါတို့ သည်ခိုကိုးရာမဲ့ကြရပါ၏' ဟုဆို ကြ၏။-
ဣသရေလတောင်တို့အား အရှင်ထာဝရဘုရား ၏အမိန့်တော်ကိုနားထောင်ကြရန်ပြောကြား လော့။ တောင်ကြီးတောင်ငယ်များ၊ မြစ်များ၊ ချိုင့် ဝှမ်းများအားငါအရှင်ထာဝရဘုရား၏ အမိန့်တော်ကိုပြန်ကြားလော့။ ငါသည်လူ တို့ရုပ်တုများကိုးကွယ်ရာမြင့်သောအရပ် ဌာနများကိုဖျက်ဆီးရန်ဋ္ဌားကိုစေလွှတ် မည်။-
အာဝင်မြို့တောင်ကုန်းပေါ်ရှိ ဣသရေလ ပြည်သားတို့ကိုးကွယ်ရာဌာနများသည် ပြိုပျက်ရလိမ့်မည်။ သူတို့၏ယဇ်ပလ္လင်များ ပေါ်တွင်ဆူးပင်များ၊ ပေါင်းပင်များပေါက် လိမ့်မည်။ ထိုအခါလူတို့ကတောင်များ ကို``ငါတို့အားဖုံးကွယ်ထားကြပါ'' ဟူ၍ လည်ကောင်း၊ တောင်ကုန်းများကို``ငါတို့အား ဖုံးအုပ်ထားကြပါ'' ဟူ၍လည်ကောင်း ဟစ်အော်တောင်းပန်ကြလိမ့်မည်။
ငါသည်ဣသရေလအမျိုးသားတို့ကို အပြစ်ပေးသောနေ့၌ ဗေသလယဇ်ပလ္လင်တို့ ကိုဖျက်ဆီးလိုက်မည်။ ယဇ်ပလ္လင်တိုင်း၏ထောင့် များ၌ရှိသောဦးချိုတို့ကိုခုတ်လှဲ၍မြေ ပေါ်သို့ကျသွားစေမည်။-
ဗေရရှေဘမြို့သို့သွား၍မကိုးကွယ်လေ နှင့်။ ငါ့ကိုတွေ့ရန်ဗေသလမြို့၌လည်းမရှာ ကြနှင့်။ ဗေသလမြို့သည်အချည်းနှီးဖြစ် ရတော့မည်။ ဂိလဂါလမြို့သို့လည်းမသွား နှင့်။ ထိုမြို့သားတို့သည်ပြည်ပသို့ဖမ်းသွား ခြင်းကိုအမှန်ပင်ခံရလိမ့်မည်။''
`ယေရောဗောင်မင်းသည်တိုက်ပွဲ၌ကျဆုံး ပြီးဣသရေလပြည်သားတို့သည် မိမိတို့ ၏နိုင်ငံမှတစ်ပါးတစ်နိုင်ငံသို့ဖမ်းသွား ခံရမည်' ဟုဟောနေပါသည်'' ဟူ၍သံ တော်ဦးတင်လိုက်၏။
ဗေသလမြို့သို့နောက်တစ်ဖန်လာ၍မဟော လေနှင့်၊ ဤနေရာသည်ဘုရင်မင်းကိုယ်တော် တိုင်ကိုးကွယ်ဝတ်ပြုရာ အမျိုးသားဗိမာန် တော်ဖြစ်သည်'' ဟုဆိုလိုက်၏။
ရှမာရိဘုရားရုပ်တုများကိုတိုင်တည်ကာ ကျိန်ဆိုလေ့ရှိသူများ`ဒန်ဘုရား' ကိုသော် လည်းကောင်း `ဗေရရှေဘမြို့လမ်းရှိဘုရား' ကို လည်းကောင်း၊ ထိုဘုရားတို့အသက်ရှင်တော် မူသည့်အတိုင်းဟုတိုင်တည်ကာ ကျိန်ဆို တတ်သူအပေါင်းတို့သည်ပြန်မထနိုင် အောင်ပင်ပြိုလဲတော့မည်'' ဟုမိန့်တော် မူ၏။
ယဇ်ပလ္လင်အနီး၌ရပ်နေတော်မူသောထာဝရ ဘုရားကိုငါတွေ့ရ၏။ ကိုယ်တော်ရှင်က``ဗိမာန် တော်တစ်ခုလုံးကိုသိမ့်သိမ့်တုန်သွားစေရန် ဗိမာန်တော်တိုင်၏ထိပ်ဖျားကိုရိုက်ချိုးလော့။ ထိုအရာတို့ကိုချိုး၍လူတို့၏ခေါင်းပေါ် သို့ကျစေလော့။ ကျန်ရစ်သူများကိုစစ်ပွဲ၌ ငါကွပ်မျက်မည်။ မည်သူမျှလွတ်မည်မဟုတ်။ မည်သူတစ်ဦးမျှပြေးမလွတ်နိုင်။-
ဣသရေလအမျိုးသားတို့သည် အပြစ် ကူးလွန်၍ဘုရားသခင်အားပုန်ကန်ကြ သောကြောင့် ဤအဖြစ်မျိုးနှင့်တွေ့ကြုံရ ကြမည်။ ဣသရေလအမျိုးသားတို့၏ ပုန်ကန်မှုအတွက် မည်သူ့ကိုအပြစ်တင် ရပါမည်နည်း။ ရှမာရိမြို့တော်မဟုတ် လော။ ယုဒလူမျိုးများကိုးကွယ်နေသည့် မြင့်ရာအရပ်ကားအဘယ်မှာနည်း။ ယေရုရှလင်မြို့တော်၌မဟုတ်လော။-