အိမ်ထောင်တစ်အိမ်ထောင်တွင်လူဆယ်ယောက် ကျန်ရစ်နေလျှင်လည်း ယင်းတို့အားလုံး သေရလိမ့်မည်။-
သို့ နှင့် အ ညီ၊ တစ် အိမ် တွင် ကျန် သေး သော လူ တစ် ကျိပ် သေ ကြ ရ သည့် ကာ လ၊
အိမ်တစ်ဆောင်တွင် လူတစ်ကျိပ်ကျန်ကြွင်းသော်လည်း သေကြလိမ့်မည်။
အိမ်တစ်အိမ်တွင် လူဆယ်ယောက်ကျန်လျှင် အားလုံးသေရမည်။
ထိုနောက်ဟာမန်သည်မိမိအဘယ်မျှချမ်း သာကြွယ်ဝကြောင်း မိမိမှာသားယောကျာ်း အဘယ်မျှရှိကြောင်း၊ မိမိအားဘုရင်မင်း မြတ်သည်ကြီးမြင့်သည့်ရာထူးဖြင့်အဘယ် သို့ချီးမြှင့်တော်မူကြောင်း၊ မိမိသည်အခြား မင်းအရာရှိများထက် အဘယ်မျှပို၍အရေး ပါအရာရောက်ကြောင်းများကိုကြွားဝါပြော ဆိုလေသည်။-
တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။
သူ၏အိမ်၌ရှိသော ဥစ္စာသည်ကွယ်ပျောက်၍၊ အမျက်တော် ထွက်သာနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။
သူ၏အမျိုးတိမ်ကောပါစေသော။ သူ၏နာမည်သည်နောက်မျိုးဆက်၌ပင်လျှင် ပျောက်ကွယ်သွားပါစေသော။
ဘိုးဘေးတို့၏အပြစ်ကြောင့်သားတို့အား ကွပ် မျက်မှုကိုအစပြုကြစေ။ ဤဘုရင်၏သား မြေးတို့အနက်အဘယ်သူမျှကမ္ဘာမြေပေါ် တွင်အုပ်စိုးခွင့်ကိုရရှိကြလိမ့်မည်မဟုတ်။
သေမင်းသည်ငါတို့၏ပြူတင်းပေါက်အားဖြင့် ငါတို့ဘုံဗိမာန်များသို့ဝင်ရောက်လာလေပြီ။ သူသည်လမ်းများပေါ်ရှိကလေးသူငယ် တို့နှင့်၊ စျေးရပ်ကွက်များရှိလူငယ်လူရွယ်တို့ကို သတ်ဖြတ်လေပြီ။
အထွတ်ဘုရင်အရှင်ထာဝရဘုရား က``ဣသရေလမြို့တစ်မြို့မှစစ်သည်တစ် ထောင်စစ်ချီထွက်သွားသော်လည်း၊ တစ်ရာ သာလျှင်ပြန်ရောက်လာမည်။ လူတစ်ရာ စေလွှတ်လိုက်သောမြို့သည်ဆယ်ယောက်ကို သာပြန်တွေ့ရမည်။
သို့သော်ငါသည်သင်၏အိမ်ထောင်စုသား တစ်ဦးကိုမူအသက်ရှင်စေမည်။ သူ သည်ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ငါ၏အမှု တော်ကိုထမ်းဆောင်ရမည်ဖြစ်သော်လည်း မျက် စိကွယ်ပြီးမျှော်လင့်ရာမဲ့ဖြစ်လျက်နေလိမ့် မည်။ သင်၏အခြားသားမြေးမှန်သမျှတို့ သည်သေခြင်းဆိုးနှင့်သေရကြလိမ့်မည်။-