သင်တို့မီးပူဇော်ခြင်း၊ ဂျုံစပါးဆက်ကပ် ခြင်းကိုငါလက်မခံနိုင်။ ဆူဖြိုးသောသား ကောင်တို့ဖြင့် ပူဇော်ခြင်းကိုလည်းငါ အလိုမရှိ။-
အာမုတ် 5:23 - Common Language Bible ဆူညံလှသောတေးသံများကိုရပ်စဲလော့။ သင်တို့စောင်းသံများကိုလည်းငါမကြား လို။- Garrad Bible သင် တို့ ကျူး ဧ သံ ကို ပြတ် စဲ ကြ လော့။ စောင်း တီး သံ ကို လည်း ငါ နား မ ညောင်း။ Judson Bible သင်တို့သီချင်းဆိုသံကို ပယ်ရှားကြလော့။ တယောထိုးသံကို ငါနားငြီးလှ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်၏သီချင်းသံများကို ငါ့ထံမှ ဖယ်ရှားလော့။ သင်၏စောင်းသံကိုလည်း ငါနားမထောင်လို။ |
သင်တို့မီးပူဇော်ခြင်း၊ ဂျုံစပါးဆက်ကပ် ခြင်းကိုငါလက်မခံနိုင်။ ဆူဖြိုးသောသား ကောင်တို့ဖြင့် ပူဇော်ခြင်းကိုလည်းငါ အလိုမရှိ။-
တရားမျှတရေးသည်စမ်းရေကဲ့သို့လည်း ကောင်း၊ ဖြောင့်မတ်ခြင်းသည်မခန်းနိုင်သော မြစ်ကဲ့သို့လည်းကောင်းစီးပါလေစေ။
သင်တို့သည်ဒါဝိဒ်ကဲ့သို့သီချင်းများစပ် ဆိုပြီးစောင်းကောက်တီးကာသီဆိုလို ကြ၏။-
သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။
ထိုနေ့၌နန်းတွင်းတေးသံတို့သည် ငိုကြွေး သံများအဖြစ်သို့ကူးပြောင်းသွားလိမ့်မည်။ နေရာအနှံ့အပြား၌အလောင်းကောင် များရှိနေပြီး ယင်းအလောင်းများကိုတိတ် တဆိတ်စွန့်ပစ်ကြလိမ့်မည်'' ဟုအရှင် ထာဝရဘုရားမိန့်တော်မူ၏။