အာမုတ် 4:11 - Common Language Bible
``ငါသည်သောဒုံနှင့်ဂေါမောရမြို့များ ကိုဖြိုဖျက်သကဲ့သို့ သင်တို့လူအချို့ကို လည်းဖျက်ပယ်ခဲ့ပြီ။ ကျန်ကြွင်းသူတို့မှာ လည်းမီးထဲမှပြန်၍ဆယ်ယူလိုက်သည့် ထင်းစသဖွယ်ဖြစ်ခဲ့ရ၏။ သို့သော်လည်း သင်တို့သည်ငါ့ထံသို့ပြန်မလာသေးဘဲ နေကြလေပြီ'' ဟုထာဝရဘုရားမိန့် တော်မူ၏။-
အခန်းကိုကြည့်ပါ။
သော ဒုံ မြို့၊ ဂေါ မော ရ မြို့ များ ကို၊ ငါ ဘု ရား သ ခင် ဖြို လှဲ ခဲ့ သည့် နည်း တူ၊ သင် တို့ မြို့ ရွာ အ ချို့ ကို ငါ ဖြို လှဲ သော် လည်း၊ မီး ထဲ မှ နုတ် ယူ သော ထင်း သ ဖွယ် ဖြစ် သူ သင် တို့ သည်၊ အ ထံ တော် သို့ မ ပြန် ကြ သေး ချေ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
အခန်းကိုကြည့်ပါ။
ဘုရားသခင်သည် သောဒုံမြို့နှင့် ဂေါမောရမြို့ကိုမှောက်လှန်သကဲ့သို့၊ သင်တို့အချို့ကို ငါမှောက်လှန်၍ သင်တို့သည် မီးထဲကနုတ်သော ထင်းစကဲ့သို့ ဖြစ်ကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။
“သောဒုံမြို့နှင့် ဂေါမောရမြို့ကို ဘုရားသခင် ဖျက်ဆီးပစ်သကဲ့သို့ သင်တို့ကို ငါဖျက်ဆီးပစ်၏။ သင်တို့သည် မီးထဲမှ ဆွဲထုတ်လိုက်သောထင်းစကဲ့သို့ဖြစ်ခဲ့ရ၏။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။