ရန်သူတို့၏ရဲရင့်သည့်စစ်သည်များသည် မိမိတို့၌ရှိသည့်ပစ္စည်းဥစ္စာများကို ဆုံးရှုံးရကြလျက်ယခုအခါ သေဆုံးကြလေကုန်ပြီ။ သူတို့၏စွမ်းအားနှင့်ကျွမ်းကျင်မှုတို့သည် အချည်းနှီးသာဖြစ်ခဲ့သည်။
အာမုတ် 2:16 - Common Language Bible ထိုနေ့တွင်ရဲစွမ်းသတ္တိအရှိဆုံးစစ်သူရဲ များပင်လျှင် မိမိ၏လက်နက်များကိုစွန့် လျက်ထွက်ပြေးကြလိမ့်မည်'' ဟုထာဝရ ဘုရားမိန့်တော်မူ၏။ Garrad Bible ထို ကာ လ ၌ စိတ် ရဲ ရင့် သော သူ ရဲ ကောင်း ပင်၊ လက် လွတ် ထွက် ပြေး လိမ့် မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Judson Bible ရဲရင့်သော သူရဲသည် ထိုနေ့၌ အဝတ်မပါဘဲပြေးသွားရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အရဲရင့်ဆုံးစစ်သူရဲတို့ပင် ထိုနေ့၌ အဝတ်မပါဘဲ ထွက်ပြေးရလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
ရန်သူတို့၏ရဲရင့်သည့်စစ်သည်များသည် မိမိတို့၌ရှိသည့်ပစ္စည်းဥစ္စာများကို ဆုံးရှုံးရကြလျက်ယခုအခါ သေဆုံးကြလေကုန်ပြီ။ သူတို့၏စွမ်းအားနှင့်ကျွမ်းကျင်မှုတို့သည် အချည်းနှီးသာဖြစ်ခဲ့သည်။
မြို့များ၊ ခံတပ်များသည်အသိမ်းခံရကြ လိမ့်မည်။ ထိုနေ့၌မောဘစစ်သည်တော်တို့ သည်သားဖွားဝေဒနာခံရသောအမျိုး သမီးကဲ့သို့ကြောက်လန့်ကြလိမ့်မည်။-
သိသရသည်ကေနိအမျိုးသားဟေဗာ ၏ဇနီးယေလ၏တဲသို့ထွက်ပြေးသွားလေ သည်။ အဘယ်ကြောင့်ဆိုသော်ဟာဇော်ဘုရင် ယာဘိန်နှင့်ဟေဗာ၏မိသားစုသင့်မြတ် မှုရှိသောကြောင့်ဖြစ်၏။-