ဟဗက္ကုတ် 1:14 - Common Language Bible ကိုယ်တော်ရှင်သည်အဘယ်ကြောင့်လူတို့အားငါးများကဲ့သို့လည်းကောင်း၊ မိမိတို့အားအုပ်ချုပ်လမ်းညွှန်မည့်သူမရှိသည့်ပိုးအုံမွှားအုံကဲ့သို့သော်လည်းကောင်းဖြစ်စေတော်မူပါသနည်း။- Garrad Bible မင်း မ ရှိ သော မ စ္ဆ ပိုး မွှား က စ၍ ရေ သ တ္တ ဝါ များ ကဲ့ သို့၊ ရောက် စေ တော် မူ သော လူ သ တ္တ ဝါ တို့ ကို၊ Judson Bible လူသတ္တဝါတို့ကိုလည်း ပင်လယ်ငါးကဲ့သို့လည်းကောင်း၊ မင်းမရှိသော ပိုးကောင်ကဲ့သို့လည်းကောင်း အဘယ်ကြောင့် ဖြစ်စေတော်မူသနည်း။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လူတို့ကို ပင်လယ်ငါးကဲ့သို့လည်းကောင်း၊ အုပ်စိုးသောသူမရှိသော တွားသွားသတ္တဝါကဲ့သို့လည်းကောင်း ဖြစ်စေ၏။ |
ထာဝရဘုရားက``ငါသည်ဤသူတို့ကို ဖမ်းရန် တံငါသည်အမြောက်အမြားကိုပို့ မည်။ တောင်ကြီးတောင်ငယ်ရှိသမျှတို့နှင့် ကျောက်ဆောင်များအကြား၌ သူတို့အား လိုက်လံရှာဖွေရန်မုဆိုးအမြောက် အမြားကိုပို့မည်။-
သို့ရာတွင်ကိုယ်တော်ရှင်သည်ဆိုးညစ်သူသစ္စာဖောက်တို့အား အဘယ်သို့လျှင်သည်းခံနိုင်တော်မူပါသနည်း။ ကိုယ်တော်ရှင်၏မျက်စိတော်တို့သည်အလွန်သန့်ရှင်းမြင့်မြတ်လှသည်ဖြစ်၍ဆိုးညစ်မှုကိုကြည့်မရပါ။ ကိုယ်တော်ရှင်သည်လူတို့ဒုစရိုက်ပြုကျင့်မှုကိုလည်းသည်းမခံနိုင်ပါ။ သို့ဖြစ်၍မိမိတို့ထက်ကိုယ်ကျင့်တရားကောင်းမွန်သူတို့အား ထိုသူတို့သုတ်သင်ပယ်ရှင်းကြသောအခါကိုယ်တော်ရှင်သည်အဘယ်ကြောင့်ဆိတ်ဆိတ်နေတော်မူပါသနည်း။
ဗာဗုလုန်အမျိုးသားတို့သည်လူတို့အားငါးများသဖွယ် သံချိပ်များဖြင့်ဖမ်းဆီးကြပါ၏။ ပိုက်ကွန်များဖြင့်အုပ်ဖမ်းဆွဲထုတ်နိုင်သဖြင့်ဝမ်းမြောက်ဝမ်းသာဟစ်အော်ကြွေးကြော်ကြပါ၏။-