ဟ္ဂဲ 2:8 - Common Language Bible ကမ္ဘာပေါ်တွင်ရှိသမျှသောရွှေငွေတို့ကို ငါပိုင်၏ဟု အနန္တတန်ခိုးရှင်ထာဝရ ဘုရားမိန့်တော်မူ၏။- Garrad Bible ငွေ သည် ငါ ပိုင်၊ ရွှေ လည်း ငါ ပိုင် ဖြစ် သည် ဟူ ၍ လည်း ကောင်း၊ Judson Bible ရွှေနှင့် ငွေကို ငါပိုင်သည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ‘ငွေကို ငါပိုင်၏၊ ရွှေကိုလည်း ငါပိုင်၏’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။ |
လောကနှင့်လောကတွင်ရှိသမျှသော အရာတို့ကိုလည်းကောင်း၊ ကမ္ဘာမြေကြီးနှင့်ကမ္ဘာမြေကြီးပေါ်တွင် ရှိသမျှသောလူသတ္တဝါတို့ကိုလည်းကောင်း ဘုရားသခင်ပိုင်တော်မူ၏။
``အို ယေရုရှလင်မြို့၊ သင့်ကိုပြန်လည်တည်ဆောက်၍ ငါ၏ဗိမာန်တော်ကိုလှပတင့်တယ်စေရန်နှင့်၊ ငါခြေချရာနေရာကိုဘုန်းအသရေ ထွန်းတောက်စေရန် သူတို့သည်လေဗနုန်တောမှလက်ရွေးစင် ထင်းရှူးသား၊ တဒေရသားနှင့်တာရှုရသားတို့ကို သင့်ထံယူဆောင်လာကြလိမ့်မည်။
``ငါသည်သင့်အားကြေးဝါအစားရွှေ၊ သံအစားငွေနှင့်သစ်သားအစားကြေးဝါ ကို ပေးတော်မူမည်။ သင်သည်ကျောက်အစားသံကိုရရှိလိမ့်မည်။ သင်တို့ကိုအုပ်ချုပ်သူတို့အားတရားမျှတ ငြိမ်းချမ်းစွာအုပ်စိုးစေမည်။