ဣဇာက်သည်ထိုပြည်တွင်နေထိုင်စဉ် ကောက်ပဲ သီးနှံစိုက်ပျိုးလုပ်ကိုင်ရာ ထာဝရဘုရား သည်သူ့အားကောင်းချီးပေးသဖြင့် ထိုနှစ် တွင်အဆတစ်ရာမျှသောအသီးအနှံကို ရိတ်သိမ်းရသည်။-
ဟ္ဂဲ 2:19 - Common Language Bible သင်တို့တွင်ဂျုံစပါးမကျန်မရှိတော့ဘဲ စပျစ်ပင်များ၊ သဖန်းပင်များနှင့်သံလွင် ပင်များလည်းအသီးမသီးကြသေး။ သို့ ရာတွင်ငါသည်ယခုမှစ၍သင်တို့အား ကောင်းချီးပေးမည်'' ဟုမိန့်တော်မူပါ၏။ Garrad Bible ကျီ ၌ မျိုး ရှိ သ လော။ စ ပျစ်၊ သ ဖန်း၊ သ လဲ၊ သံ လွင် ပင် များ သည် အ သီး မ သီး သ လော။ ယ နေ့ က စ ၍ ငါ သည် ကောင်း ကြီး မင်္ဂ လာ ပေး မည် ဟု မိန့် တော် မူ ကြောင်း ကို ပြန် ဆို လေ ၏။ Judson Bible စပါးကျီ၌ စပါးရှိသလော။ မရှိ။ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်၊ သံလွင်ပင်တို့သည် အသီးကို မသီးကြသေး။ သို့သော်လည်း၊ ယနေ့မှစ၍ သင်တို့ကို ငါကောင်းချီးပေးမည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း စပါးကျီထဲ၌ မျိုးစေ့ရှိသေးသလော။ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်နှင့် သံလွင်ပင်တို့ အသီးမသီးလျှင်လည်း ယနေ့မှစ၍ သင်တို့ကို ငါကောင်းချီးပေးမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ပြန်ပြော၏။ |
ဣဇာက်သည်ထိုပြည်တွင်နေထိုင်စဉ် ကောက်ပဲ သီးနှံစိုက်ပျိုးလုပ်ကိုင်ရာ ထာဝရဘုရား သည်သူ့အားကောင်းချီးပေးသဖြင့် ထိုနှစ် တွင်အဆတစ်ရာမျှသောအသီးအနှံကို ရိတ်သိမ်းရသည်။-
ဟေရမုန်တောင်ပေါ်သို့ကျသောနှင်းသည်ဇိအုန် တောင်ကုန်းများပေါ်သို့ကျသကဲ့သို့ဖြစ်၏။ ထိုအရပ်ကားထာဝစဉ်အသက်ရှင်ခွင့် တည်းဟူသောကောင်းချီးမင်္ဂလာကို ထာဝရဘုရားပေးတော်မူရာအရပ်ဖြစ် သတည်း။
အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်ကိုကိုးစားသူတို့သည် အလွန်မင်္ဂလာရှိပါသည်တကား။
သူတို့သည်လာ၍ဇိအုန်တောင်ပေါ်တွင် ဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ ငါချပေးသည့်ကျေးဇူးများဖြစ်သော ဂျုံ၊စပါး၊စပျစ်ရည်၊ဆီ၊သိုးငယ်များနှင့်ကျွဲနွား များဖြင့်၊ ရွှင်လန်းဝမ်းမြောက်လျက်နေကြလိမ့်မည်။ သူတို့သည်ရေကိုကောင်းစွာရရှိသည့် ဥယျာဉ်ကဲ့သို့ဖြစ်၍ နောင်အဘယ်အခါ၌မျှဝမ်းနည်းပူဆွေး ကြရလိမ့်မည်မဟုတ်။
ငါသည်ယဇ်ပုရောဟိတ်တို့အားဆူဖြိုးသော အစာအာဟာရကိုဝစွာကြွေး၍ ငါ့လူမျိုးတော်၏ချို့တဲ့မှုရှိသမျှကို ဖြည့်တင်းပေးမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
စပျစ်နွယ်ပင်များနှင့်သဖန်းပင်တို့သည်ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။ သီးပင်မှန်သမျှတို့သည်ညှိုးနွမ်း၍သေကြလေကုန်ပြီ။ လူတို့မှာလည်းပျော်ရွှင်မှုမရှိတော့ပေ။
သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်စိတ်တော်ကို ပြောင်းလဲကောင်းပြောင်းလဲတော်မူ၍ သင်တို့အားမြောက်မြားစွာသောအသီး အနှံများဖြင့် ကောင်းချီးပေးတော်မူပါလိမ့်မည်။ ထိုအခါသင်တို့သည်ကိုယ်တော်အား ဂျုံဆန်နှင့် စပျစ်ရည်ပူဇော်သကာများကိုဆက်သနိုင် ပါ၏။
ငါသည်ဤပြည်ကိုခြောက်သွေ့၍နေစေခဲ့ ၏။ ဤပြည်ရှိတောင်ကုန်းများ၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များနှင့်သံလွင်ခြံများပေါ် ၌လည်းကောင်း၊ မြေကြီးကထွက်သည့်သီးနှံ မှန်သမျှပေါ်၌လည်းကောင်း၊ လူနှင့်တိရစ္ဆာန် များပေါ်၌လည်းကောင်း၊ သင်တို့ကြိုးစား စိုက်ပျိုးသည့်သီးနှံမှန်သမျှအပေါ်၌ လည်းကောင်းမိုးကိုခေါင်စေခဲ့၏'' ဟုမိန့် တော်မူပါ၏။
ဗိမာန်တော်တွင်စားနပ်ရိက္ခာအမြောက် အမြားရှိစေရန် သင်တို့၏ဆယ်ဖို့တစ်ဖို့ အလှူကိုအပြည့်အဝယူဆောင်ခဲ့ကြ လော့။ ငါ၏အကဲကိုစမ်း၍ကြည့်ကြလော့။ ထိုအခါငါသည်ကောင်းကင်ပြူတင်းပေါက် များကိုဖွင့်၍ သင်တို့အပေါ်သို့ကောင်းချီး မင်္ဂလာအမျိုးမျိုးသွန်းလောင်းတော်မူ သည်ကိုသင်တို့တွေ့မြင်ကြရလိမ့်မည်။-
ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
ထိုသူအားတွန့်တိုသောစိတ်မရှိဘဲစေတနာ ဖြင့်ပေးကမ်းလော့။ ထိုအခါ၌ထာဝရဘုရား သည်သင်ပြုသမျှကိုကောင်းချီးပေးတော် မူလိမ့်မည်။-
ထာဝရဘုရားသည် သင်တို့တွင်ကူးစက် တတ်သောဖောရောင်၍ဖျားသောရောဂါ များကျရောက်စေလိမ့်မည်။ မိုးခေါင်ခြင်း၊ လေပူတိုက်ခတ်ခြင်းဒဏ်တို့ကြောင့်သင် တို့၏အသီးအနှံများလည်းပျက်စီး ရလိမ့်မည်။ သင်တို့သေကြေပျက်စီးသည့် တိုင်အောင် ဤဘေးဒုက္ခများနှင့်တွေ့ကြုံ ရလိမ့်မည်။-