သူတို့အချင်းချင်းပြောဆိုသမျှကိုယောသပ် နားလည်၏။ ယောသပ်သည်သူတို့နှင့်ပြောဆိုရာ တွင်စကားပြန်ကိုအသုံးပြုသောကြောင့် သူ တို့အချင်းချင်းပြောဆိုသမျှကိုသူနား လည်မည်မဟုတ်ဟုသူတို့ထင်မှတ်ကြ၏။
ဟ္ဂဲ 2:17 - Common Language Bible ငါသည်သင်တို့ကြိုးစား၍စိုက်ပျိုးသမျှ သော သီးနှံပင်များကိုလေပူအားဖြင့်လည်း ကောင်း၊ ပိုးထိ၍နွမ်းရိစေခြင်းဖြင့်လည်း ကောင်း၊ မိုးသီးများအားဖြင့်လည်းကောင်း ဖျက်ဆီးပစ်ခဲ့၏။ သို့နှင့်လည်းသင်တို့ သည်နောင်တမရကြ။- Garrad Bible လယ် လုပ် လေ ရာ ရာ၌ ဒ ဟ ဝါ ရော ကပ်၊ ပု လု ဝ က ကပ်၊ ပ ဇ္ဇု န္န ဖ လ ကပ် များ ကို ငါ သင့် စေ သော် လည်း Judson Bible သင်တို့ လုပ်ဆောင်သမျှတို့တွင် လေထိ၍အပင်သေဘေး၊ အရည်ယို၍ သေဘေး၊ မိုးသီးဘေးဖြင့် ငါသည် ဒဏ်ခတ်ခဲ့ပြီ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့စိုက်ပျိုးလုပ်ဆောင်သမျှကို လောင်မီးပိုးကျခြင်း၊ မှိုရောဂါစွဲခြင်း၊ မိုးသီးကျခြင်းတို့ဖြင့် ငါဒဏ်ခတ်သော်လည်း သင်တို့သည် ငါ့ထံသို့ ပြန်မလာကြ။ |
သူတို့အချင်းချင်းပြောဆိုသမျှကိုယောသပ် နားလည်၏။ ယောသပ်သည်သူတို့နှင့်ပြောဆိုရာ တွင်စကားပြန်ကိုအသုံးပြုသောကြောင့် သူ တို့အချင်းချင်းပြောဆိုသမျှကိုသူနား လည်မည်မဟုတ်ဟုသူတို့ထင်မှတ်ကြ၏။
ညအိပ်စခန်းချရန်အရပ်သို့ရောက်ကြသော အခါ သူတို့အထဲမှတစ်ယောက်ကမြည်းကို အစာကျွေးရန် သူ၏အိတ်ကိုဖွင့်လိုက်ရာအိတ် ဝတွင်မိမိ၏ငွေကိုတွေ့ရလေ၏။-
အီဂျစ်ပြည်ဘုရင်ခံဖြစ်သူယောသပ်သည် အပြည် ပြည်မှစပါးဝယ်လာသောသူတို့အားစပါးရောင်း ချလျက်ရှိ၏။ ယောသပ်၏အစ်ကိုတို့သည်လည်း ရောက်ရှိလာကြ၍ယောသပ်၏ရှေ့မှောက်တွင် ပျပ်ဝပ်ကြလေ၏။-
``ပြည်တော်တွင် အစာငတ်မွတ်ခေါင်းပါးသော အခါ၌သော်လည်းကောင်း၊ အနာရောဂါဘေး ဆိုက်သောအခါ၌သော်လည်းကောင်း၊ ကောက်ပဲ သီးနှံတို့သည်လေပူမိခြင်း၊ ပိုးထိခြင်းသို့ မဟုတ်ကျိုင်းကောင်အုပ်ကျခြင်းတို့ကြောင့် ပျက်စီး၍သွားသောအခါ၌သော်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်အားရန်သူတို့တိုက် ခိုက်ကြသောအခါ၌သော်လည်းကောင်း၊ သူတို့ တွင်ဘေးဥပဒ်၊ အနာရောဂါတစ်စုံတစ်ခု ရောက်သောအခါ၌သော်လည်းကောင်း၊-
ဤသို့အာခတ်မင်းသည်အခြေအနေ အဆိုးရွားဆုံးအချိန်၌ ထာဝရဘုရား အားယခင်ကထက်ပို၍ပြစ်မှားလေသည်။-
``ပြည်တော်တွင်အစာငတ်မွတ်ခေါင်းပါး သောအခါ၊ အနာရောဂါဘေးဆိုက်သော အခါ၊ ကောက်ပဲသီးနှံတို့သည်လေပူမိခြင်း၊ ပိုးထိခြင်းသို့မဟုတ်ကျိုင်းကောင်အုပ်ကျ ခြင်းတို့ကြောင့်ပျက်စီးသွားသောအခါ၊ ကိုယ်တော်၏လူမျိုးတော်အားရန်သူတို့ တိုက်ခိုက်ကြသောအခါ၊ သူတို့တွင်ဘေး ဥပဒ်၊ အနာရောဂါတစ်စုံတစ်ရာကပ် ရောက်သောအခါ၊-
အဓမ္မသဘောရှိသောသူတို့သည် အမျက် တော်ကို သိုထားတတ်ကြ၏။ ချည်နှောင်တော်မူသော အခါ မအော်ဟစ်တတ်ကြ။
သင်သည်မိမိလက်ဖြင့်လုပ်ဆောင်၍စားဝတ် နေရေး ဖူလုံအောင်ရရှိလိမ့်မည်။ သင်သည်ရွှင်လန်း၍ကောင်းစားလိမ့်မည်။
သူတို့၏ကောက်ပဲသီးနှံများကိုစားပစ်ရန်နှင့် လယ်ယာများကိုဖျက်ဆီးပစ်ရန်နှံကောင်များကို စေလွှတ်တော်မူ၏။
ထာဝရဘုရားသည်သူတို့အားတိုက်ခိုက် စေရန် တန်ခိုးခွန်အားကြီးမားသူတစ်ဦး ကိုအသင့်ထားရှိတော်မူ၏။ ထိုသူသည် မိုးသီးမုန်တိုင်းကဲ့သို့လည်းကောင်း၊ အဟုန် ပြင်းသည့်မိုးကဲ့သို့လည်းကောင်း၊ ထိန်းချုပ် ၍မရနိုင်သည့်မြစ်လျှံရေကဲ့သို့လည်း ကောင်း တစ်ပြည်လုံးကိုလွှမ်းခြုံနှိမ်နင်း ပစ်လိမ့်မည်။-
ထိုမြို့များတွင်နေထိုင်သူတို့သည်အဘယ် သို့မျှမတတ်နိုင်။ ကြောက်လန့်လျက်ကြက်သေ သေ၍နေကြ၏။ သူတို့သည်အရှေ့လေပူ တိုက်၍ညှိုးနွမ်းသွားသည့်လယ်မြက်များ၊ အိမ်ခေါင်မိုးပေါ်ရှိပေါင်းပင်များနှင့်တူ ကြ၏။''
သို့ဖြစ်၍ကိုယ်တော်သည်ငါတို့အားမိမိ၏ အမျက်တော်အရှိန်ကိုလည်းကောင်း၊ ပြင်းထန်သောစစ်မက်အန္တရာယ်ကိုလည်းကောင်း ခံစေတော်မူ၏။ ကိုယ်တော်၏အမျက်တော်သည်မီးကဲ့သို့ ဣသရေလပြည်တစ်လျှောက်တွင် တောက်လောင်လျက်ရှိ၏။ သို့ရာတွင်အဘယ်အမှုအရာဖြစ်ပျက်နေ သည်ကို ငါတို့မသိကြ။ ငါတို့သည်ထိုအမှုအရာမှအဘယ် သင်ခန်းစာကိုမျှမရကြ။
ထာဝရဘုရားသည်တန်ခိုးကြီးသောလက်ယာ လက်တော်နှင့်ကျိန်ဆိုတော်မူသည်။ ``သင်၏ကောက်ပဲသီးနှံများသည်ရန်သူတို့အတွက် ရိက္ခာဖြစ်ရတော့မည်မဟုတ်။ လူမျိုးခြားတို့သည်လည်းသင်ကြိုးစား၍ လုပ်ဆောင်ခဲ့သောစပျစ်ရည်ကိုသောက်ရကြ တော့မည်မဟုတ်။
ဣသရေလအမျိုးသားတို့သည်နောင်တ မရကြ။ မိမိတို့အားအနန္တတန်ခိုးရှင် ထာဝရဘုရားသည် အပြစ်ဒဏ်ခတ်တော်မူ ပြီဖြစ်သော်လည်းသူတို့သည်အထံတော် သို့မပြန်ကြ။-
သို့ရာတွင်အကျွန်ုပ်တို့သည်ငယ်စဉ်ထဲက ရှက်ဖွယ်ကောင်းသည့်ဘုရားများကိုဝတ်ပြု ကိုးကွယ်ကြသဖြင့် ရှေးကာလမှစ၍ဘိုး ဘေးများလုပ်ကိုင်စုဆောင်းထားခဲ့သည်သိုး အုပ်၊ နွားအုပ်၊ သားသမီး၊ ရှိရှိသမျှသော အရာတို့ကိုဆုံးရှုံးရကြလေပြီ။-
ထာဝရဘုရားသည်သစ္စာရှိမှုကိုအမှန်ပင်လိုလားတော်မူ၏။ ကိုယ်တော်သည်သင်တို့အားဒဏ်ခတ်တော်မူသော်လည်းသင်တို့သည်ဂရုမစိုက်ကြ။ ဖျက်ဆီးချေမှုန်းတော်မူသော်လည်းပဲ့ပြင်ဆုံးမမှုကိုသင်တို့မခံမယူလိုကြ။ သင်တို့သည်ကျောက်ခဲထက်ခေါင်းမာလျက်နောင်တမရဘဲနေကြ၏။
``ငါသည်သင်တို့မြို့ရွာတိုင်း၌ငတ်မွတ် ခြင်းဘေးကျရောက်စေလျက်နှင့်သင်တို့ သည်ငါ့ထံသို့ပြန်မလာကြ။-
ငါသည်ဤပြည်ကိုခြောက်သွေ့၍နေစေခဲ့ ၏။ ဤပြည်ရှိတောင်ကုန်းများ၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များနှင့်သံလွင်ခြံများပေါ် ၌လည်းကောင်း၊ မြေကြီးကထွက်သည့်သီးနှံ မှန်သမျှပေါ်၌လည်းကောင်း၊ လူနှင့်တိရစ္ဆာန် များပေါ်၌လည်းကောင်း၊ သင်တို့ကြိုးစား စိုက်ပျိုးသည့်သီးနှံမှန်သမျှအပေါ်၌ လည်းကောင်းမိုးကိုခေါင်စေခဲ့၏'' ဟုမိန့် တော်မူပါ၏။
သင်တို့သည်ဂျုံစပါးအမြောက်အမြားကို စိုက်ပျိုးပါသော်လည်း အနည်းငယ်မျှသာ ရိတ်သိမ်းရကြပေသည်။ သင်တို့တွင်အစာ ရေစာရှိသော်လည်းဝစွာစားရန်မလုံ လောက်၊ စပျစ်ရည်ရှိသော်လည်းမူးယစ်အောင် သောက်ရန်မလုံလောက်၊ အဝတ်အစားများ ရှိသော်လည်း နွေးထွေးအောင်ဝတ်ဆင်ရန် မလုံလောက်၊ အလုပ်သမားသည်လည်းစား ဝတ်နေရေးအတွက် လုံလောက်အောင်လုပ်ခ ကိုမရရှိ။-
``သင်တို့သည်အသီးအနှံအမြောက်အမြား ကို ရိတ်သိမ်းရလိမ့်မည်ဟုမျှော်လင့်ခဲ့သော် လည်း အနည်းငယ်မျှသာရကြ၏။ အိမ်သို့ ယူဆောင်လာကြသောအခါ၌လည်း ငါ သည်ယင်းတို့ကိုလေတွင်လွင့်စင်သွား စေခဲ့၏။ အဘယ်ကြောင့်ဤသို့ငါပြုရ သနည်းဆိုသော်သင်တို့အားလုံးပင် မိမိ တို့နေအိမ်များကိုတည်ဆောက်မှုဖြင့်အလုပ် ရှုပ်ကာ၊ ငါ၏ဗိမာန်တော်ကိုမူယိုယွင်းပျက် စီးလျက်သာရှိနေစေကြသောကြောင့်ဖြစ် ၏ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။-''
သင်တို့သည်ဂျုံစပါးတင်းနှစ်ဆယ်ရှိမည် ဟုခန့်မှန်းရသည့်စပါးပုံသို့သွားရောက် သောအခါ ဆယ်တင်းသာတွေ့ရကြသည် မဟုတ်ပါလော၊ စပျစ်ရည်အချိန်ငါးဆယ် ရရှိလိမ့်မည်ဟုဆိုကာ၊ စပျစ်ရည်စည် ကြီးသို့သွားသောအခါအချိန်နှစ်ဆယ် သာတွေ့ရှိရသည်မဟုတ်ပါလော။-
ငါသည်ပိုးမွှားများအားသင်တို့အသီး အနှံများကိုဖျက်ဆီးခွင့်ပြုလိမ့်မည် မဟုတ်။ သင်တို့၏စပျစ်နွယ်များသည် လည်းအသီးများနှင့်ပြည့်လျက်နေလိမ့် မည်။-''
ထာဝရဘုရားသည် သင်တို့တွင်ကူးစက် တတ်သောဖောရောင်၍ဖျားသောရောဂါ များကျရောက်စေလိမ့်မည်။ မိုးခေါင်ခြင်း၊ လေပူတိုက်ခတ်ခြင်းဒဏ်တို့ကြောင့်သင် တို့၏အသီးအနှံများလည်းပျက်စီး ရလိမ့်မည်။ သင်တို့သေကြေပျက်စီးသည့် တိုင်အောင် ဤဘေးဒုက္ခများနှင့်တွေ့ကြုံ ရလိမ့်မည်။-
နောင်တရရန်သူ့အားငါအချိန်ပေးခဲ့၏။ သို့ရာတွင်သူသည်မိမိအကျင့်ပျက်မှု အတွက်နောင်တရလိုစိတ်မရှိ။-