ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့ သည်ပြည်သူတို့အတွက် ထာဝရဘုရားထံ တော်မှကောင်းချီးမင်္ဂလာကိုတောင်းလျှောက် ကြသဖြင့် ထာဝရဘုရားသည်စံတော်မူရာ ကောင်းကင်ဘုံမှသူတို့၏ပတ္ထနာကိုနား ညောင်းတော်မူ၏။
ဟေရှာယ 9:16 - Common Language Bible ဤလူတို့အားရှေ့ဆောင်လမ်းပြသူတို့သည် လမ်းမှားကိုပြ၍စိတ်ရှုပ်ထွေးစေတတ်ကြ၏။- Garrad Bible လမ်း ပြ တို့ သည် လူ မျိုး တော် ကို လွဲ စေ သ ဖြင့်၊ လိုက် လျှောက် သူ တို့ ဆုံး ပါး ကြ ပြီ။ Judson Bible ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲစေခြင်းငှာ ပြကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း လမ်းပြပေးသောထိုသူတို့သည် လူမျိုးတော်ကိုလမ်းလွဲစေသောသူများပေတည်း။ သူတို့လမ်းပြရာနောက်သို့လိုက်သောသူတို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။ |
ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့ သည်ပြည်သူတို့အတွက် ထာဝရဘုရားထံ တော်မှကောင်းချီးမင်္ဂလာကိုတောင်းလျှောက် ကြသဖြင့် ထာဝရဘုရားသည်စံတော်မူရာ ကောင်းကင်ဘုံမှသူတို့၏ပတ္ထနာကိုနား ညောင်းတော်မူ၏။
သင်တို့သည်တိုက်ပွဲတွင်ကျဆုံးရကြလိမ့် မည်။ သို့မဟုတ်လျှင်လည်းသုံ့ပန်းများအဖြစ် ဖြင့် ဆွဲသွားခြင်းကိုခံရကြလိမ့်မည်။ သို့နှင့် လည်းထာဝရဘုရားသည်အမျက်တော် မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက် တော်ကိုချိန်ရွယ်လျက်ပင်ထားတော်မူ လိမ့်မည်။
ထာဝရဘုရားသည်သူတို့အားမရှင်းမလင်း သည့်အကြံဉာဏ်များကိုပေးစေတော်မူသဖြင့် အီဂျစ်ပြည်သူတို့သည်အမှားမှားအယွင်း ယွင်းဖြစ်လျက်၊ မိမိ၏အံဖတ်ပေါ်တွင်ပြန်လဲ သောသေသောက်ကြူးသူကဲ့သို့ယိမ်းယိုင်၍ နေကြတော့၏။-
ငွေချေးစားသူတို့သည်ငါ၏လူများအား နှိပ်စက်ကြ၏။ ငွေရှင်ကြေးရှင်များကသူတို့ အားလိမ်လည်လှည့်ဖြားကြ၏။ ငါ၏လူတို့၊ သင်တို့၏ခေါင်းဆောင်များသည်သင်တို့အား လမ်းမှားကိုပြလျက်နေသဖြင့် သင်တို့သည် အဘယ်လမ်းသို့လိုက်ရမည်ကိုပင်မသိ နိုင်ကြတော့ပေ။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားအမျက်ထွက်တော်မူ၍ အပြစ်ဒဏ်ခတ် တော်မူရန်လက်တော်ကိုဆန့်တော်မူသဖြင့် တောင်တို့သည်တုန်လှုပ်ကြလိမ့်မည်။ သေသော သူတို့၏အလောင်းများသည်လမ်းများပေါ် တွင်အမှိုက်သရိုက်ကဲ့သို့ကျန်ရစ်လိမ့်မည်။ ထိုအခါ၌ပင်ထာဝရဘုရား၏အမျက် တော်သည်ပြေငြိမ်းလိမ့်မည်မဟုတ်။ ကိုယ်တော် သည်အပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကို ဆန့်လျက်ပင်ထားရှိလိမ့်ဦးမည်။
သို့ရာတွင် အို ထာဝရဘုရား၊ ယခုအခါ၌ သူတို့၏သားသမီးများအားအစာရေစာ ငတ်လျက်သေစေတော်မူပါ။ သူတို့အားစစ် ပွဲတွင်ကျဆုံးစေတော်မူပါ။ အမျိုးသမီး တို့အားမိမိတို့ခင်ပွန်းများနှင့်သားသမီး များကိုဆုံးရှုံးစေတော်မူပါ။ အမျိုးသား တို့အားသေစေတော်မူ၍ လူငယ်လူရွယ်တို့ အားစစ်ပွဲတွင်ကျဆုံးစေတော်မူပါ။-
ရှမာရိမြို့မှပရောဖက်များ၏ရွံရှာဖွယ် အဖြစ်ကို ငါတွေ့မြင်ရလေပြီ။ သူတို့သည်ဗာလဘုရား၏နာမကိုအမှီ ပြု၍ ဟောပြောကာငါ၏လူမျိုးတော်ဣသရေလအား လမ်းလွဲစေကြလေပြီ။
လူတိုင်းပင်မိမိတို့မိတ်ဆွေများကို သတိထား ရကြလိမ့်မည်။ အဘယ်သူမျှမိမိ၏ညီအစ်ကိုကိုယုံ၍မရ။ အဘယ်ကြောင့်ဆိုသော်ညီအစ်ကိုတိုင်းပင်လျှင် လှည့်စားတတ်၍ လူတိုင်းသည်လည်း၊မိမိမိတ်ဆွေများကို အသရေဖျက်တတ်ကြသောကြောင့်ဖြစ်၏။
ထာဝရဘုရားက``ယုဒပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ငါ၏သြဝါဒ ကိုရွံမုန်း၍ငါပေးသောပညတ်တို့ကို မစောင့်ရှောက်ဘဲနေကြလေပြီ။ သူတို့ ဘိုးဘေးများဆည်းကပ်ကိုးကွယ်ခဲ့သော မိစ္ဆာဘုရားများနောက်သို့ကိုယ်တိုင်လိုက် ပါကာလမ်းလွဲကြလေပြီ။-
ငွေပေးနိုင်သူတို့အားငြိမ်းချမ်းသာယာ မည်ဟူ၍လည်းကောင်း၊ ငွေမပေးနိုင်သူတို့ အားစစ်ဘေးရောက်မည်ဟူ၍လည်းကောင်း ဟောတတ်သောပရောဖက်တို့၏လှည့်စား ခြင်းကိုငါ၏လူမျိုးတော်တို့ခံရကြ၏။ ထာဝရဘုရားကထိုသို့သောပရော ဖက်တို့အား၊-
သို့ဖြစ်၍ထိုသူတို့အတွက်ကြောင့်စိတ်မပူကြ နှင့်၊ သူတို့သည်မျက်မမြင်များကိုလမ်းပြသည့် သူကန်းများဖြစ်ကြ၏။ မျက်မမြင်တစ်ယောက် ကအခြားမျက်မမြင်တစ်ယောက်အားလမ်းပြ ပါမူသူတို့နှစ်ယောက်စလုံးပင်တွင်းထဲသို့ကျ လိမ့်မည်'' ဟုမိန့်တော်မူ၏။
သိမ်ငယ်သူသည်ကြီးမြတ်သူထံမှ ကောင်းချီး မင်္ဂလာခံယူရမြဲဖြစ်သည်ကိုငြင်းဆိုဖွယ် မရှိ။-