သင်နှင့်သင်၏အမျိုးအနွယ်အစဉ်အဆက်တို့ အား ငါထားသောကတိတော်ကိုထာဝရတည် မြဲသောပဋိညာဉ်ဖြစ်စေမည်။ ငါသည်သင်၏ ဘုရား၊ သင်၏အဆက်အနွယ်တို့၏ဘုရား ဖြစ်မည်။-
ဟေရှာယ 63:8 - Common Language Bible ထာဝရဘုရားက``သူတို့သည်ငါ၏လူမျိုး တော်ဖြစ်၍ငါ့အားလိမ်လည်လှည့်စားကြလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ် တော်သည်သူတို့ခံစားရသည့်ဒုက္ခဆင်းရဲ အပေါင်းမှကယ်တင်တော်မူ၏။- Garrad Bible ကိုယ် တော် က၊ ဤ သူ တို့ သည် ငါ့ လူ မျိုး တော်၊ သ စ္စာ မ ပျက် သော သား များ မှန် ကြ သည် ဟု အောက် မေ့ သည် နှင့်၊ သူ တို့ ၏ ကယ် တင် ရှင် ဖြစ် တော် မူ ၏။ Judson Bible အကယ်စင်စစ် သူတို့သည် ငါ၏လူဖြစ်ကြ၏။ သစ္စာမပျက်သော သားလည်း ဖြစ်ကြ၏ဟု မိန့်တော်မူသဖြင့်၊ သူတို့ကို ကယ်နုတ်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်က “စင်စစ် သူတို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ သူတို့သည် သစ္စာမပျက်သောသားသမီးများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ကိုယ်တော်သည်လည်း သူတို့၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ |
သင်နှင့်သင်၏အမျိုးအနွယ်အစဉ်အဆက်တို့ အား ငါထားသောကတိတော်ကိုထာဝရတည် မြဲသောပဋိညာဉ်ဖြစ်စေမည်။ ငါသည်သင်၏ ဘုရား၊ သင်၏အဆက်အနွယ်တို့၏ဘုရား ဖြစ်မည်။-
အီဂျစ်ပြည်တွင်အံ့သြဖွယ်ကောင်းသော အမှုတော်များဖြင့် မိမိတို့အားကယ်တော်မူခဲ့သောဘုရားသခင်ကို မေ့လျော့ကြ၏။
ထိုနေ့တွင်ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကိုအီဂျစ်အမျိုးသားတို့ ၏လက်မှကယ်တင်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် အီဂျစ်အမျိုးသားတို့ ၏အလောင်းများကိုပင်လယ်ကမ်းပေါ်၌ အတုံးအရုံးရှိသည်ကိုတွေ့မြင်ကြ လေ၏။-
ထိုနောက်သူသည်ထာဝရဘုရား၏ပညတ် များရေးထားသောပဋိညာဉ်စာအုပ်ကိုယူ၍ လူအပေါင်းတို့ကြားနိုင်အောင်ဖတ်ပြလေသည်။ သူတို့ကလည်း``အကျွန်ုပ်တို့သည်ထာဝရ ဘုရားမိန့်တော်မူသမျှကိုလိုက်နာပါမည်'' ဟုဆိုလေ၏။
ထိုနောက်ထာဝရဘုရားက``ငါ၏လူမျိုး တော်သည် အီဂျစ်ပြည်တွင်ခံရသောဆင်းရဲ ဒုက္ခကိုငါဒိဌတွေ့မြင်ရပြီ။ သူတို့ကိုစေ ခိုင်းသောသခင်တို့၏ညှင်းပန်းခြင်းကိုမခံ မရပ်နိုင်သောကြောင့် သူတို့အော်ဟစ်၍အကူ အညီတောင်းခံသံကိုငါကြားရပြီ။ ငါသည် သူတို့ခံရသောဆင်းရဲခြင်းကိုဧကန်အမှန် သိမြင်ရပြီ။-
ငါသည်သင်တို့အား ငါ၏လူမျိုးတော်အဖြစ် ရွေးကောက်မည်။ ငါသည်သင်တို့၏ဘုရားဖြစ် မည်။ သင်တို့အားကျွန်အဖြစ်စေခိုင်းသော အီဂျစ်အမျိုးသားတို့၏လက်မှ ငါလွတ် မြောက်စေတော်မူသောအခါ၊ ငါသည်သင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် ကြောင်းသင်တို့သိရကြလိမ့်မည်။-
``ဘုရားသခင်သည်ငါ၏ကယ်တင်ရှင်ဖြစ် တော်မူ၏။ ငါသည်ကိုယ်တော်အားကြောက်လန့်၍မနေဘဲ ယုံကြည်ကိုးစားမည်။ ထာဝရဘုရားသည်ငါ့အားတန်ခိုးနှင့် ခွန်အားကို ပေးတော်မူသောအရှင်ဖြစ်ပါ၏။ ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်တည်း။
ထိုအရာတို့သည်အီဂျစ်ပြည်တွင် အနန္တတန်ခိုး ရှင်ထာဝရဘုရားရှိတော်မူကြောင်းသက်သေ ခံအမှတ်လက္ခဏာများဖြစ်လိမ့်မည်။ ပြည်သူတို့ သည်ဖိနှိပ်ချုပ်ချယ်ခြင်းကိုခံရ၍ ထာဝရ ဘုရားထံတော်သို့ကူမတော်မူရန်ဟစ်အော် ကြသောအခါ ကိုယ်တော်သည်သူတို့အား ကယ်တင်မည့်သူတစ်ဦးကိုစေလွှတ်တော် မူလိမ့်မည်။-
သူတို့တွင်ငါ၏လူမျိုးတော်အားဤသို့ နှိပ်စက်ပိုင်ခွင့်၊ ဆင်းရဲသူတို့အပေါ်၌အခွင့် ကောင်းယူပိုင်ခွင့်လည်းမရှိ။ ဤကားအနန္တ တန်ခိုးရှင်ငါထာဝရဘုရားမြွက်ဆို တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။
``သို့ရာတွင်ငါ၏အစေခံဣသရေလအမျိုး သားတို့၊ ငါရွေးချယ်ထားသည့်သင်တို့သည်ငါ၏မိတ်ဆွေ အာဗြဟံ၏သားမြေးများဖြစ်ကြ၏။
``ငါတစ်ပါးတည်းသာလျှင်ထာဝရဘုရား ဖြစ်တော်မူ၏။ ငါတစ်ပါးတည်းသာလျှင်သင်တို့အား ကယ်တင်တော်မူနိုင်၏။
အဘယ်ကြောင့်ဆိုသော်ငါသည် ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့် မြတ်သော ဘုရားသခင်၊ သင်တို့ကိုကယ်တင်သောအရှင်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သောကြောင့်တည်း။ ငါသည်သင်တို့ကျွန်ဘဝမှလွတ်မြောက်ခွင့် ရရှိကြစေရန် အီဂျစ်ပြည်ကိုစွန့်လွှတ်မည်။ ဆူဒန်ပြည်နှင့် သေဘပြည်ကိုငါစွန့်လွှတ်မည်။
``အို ငါ၏လူမျိုးတော်၊ငါ့စကားကိုဂရုပြု ကြလော့။ ငါပြောသည်ကိုနားထောင်ကြလော့။ ငါသည်လူမျိုးတကာတို့အားဆုံးမ သြဝါဒပေး၍ ငါ၏တရားဒေသနာများသည်သူတို့အတွက် အလင်းဖြစ်လိမ့်မည်။
ထာဝရဘုရားက``ငါ့အားလိမ်လည်ပြော ဆို၍လုံးဝမေ့လျော့၍အမှတ်မရကြ သည့်တိုင်အောင် သင်တို့ကြောက်လန့်ကြသည့် ဘုရားများကားအဘယ်သူများပေနည်း။ ငါသည်ကြာမြင့်စွာဆိတ်ဆိတ်နေခဲ့သဖြင့် သင်တို့သည်ငါ့ကိုမကြောက်တော့ဘဲရှိနေ ကြပါသလော။-
မိခင်သည်သားငယ်ကိုနို့ချိုတိုက်ကျွေးသကဲ့သို့၊ လူမျိုးတကာတို့၏ဘုရင်များသည် သင့်ကိုကြည့်ရှုပြုစုကြလိမ့်မည်။ ငါထာဝရဘုရားသည်သင့်ကိုကယ်တင်တော် မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၏အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင့်အားကျွန်ဘဝမှလွတ်မြောက်စေတော်မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ သင်သည်သိရှိရလိမ့်မည်။
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ကျွန်တော်မျိုးတို့၏ဖခင်ဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့သည်ရွှံ့စေးနှင့်တူ၍ ကိုယ်တော်ရှင်မူကားအိုးထိန်းသည်နှင့်တူ ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ အားဖန်ဆင်းတော်မူခဲ့သည့်အရှင်ဖြစ် သဖြင့်၊-
ကျွန်တော်မျိုးတို့အပေါ်၌ အလွန်အမင်း အမျက်ရှတော်မမူပါနှင့်။ သို့မဟုတ်လျှင် လည်းကျွန်တော်မျိုးတို့၏အပြစ်များကို အစဉ်မပြတ်အောက်မေ့သတိရတော်မမူ ပါနှင့်၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင် ၏လူမျိုးတော်ဖြစ်၍ ကျွန်တော်မျိုးတို့ အားသနားတော်မူပါ။-
ကိုယ်တော်ရှင်သာလျှင်ဣသရေလအမျိုးသား တို့၏ မျှော်လင့်ရာဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးတို့ဒုက္ခရောက်သောအခါ ကူမတော်မူသောအရှင်ဖြစ်တော်မူပါ၏။ အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့ပြည်တွင်ဧည့်သည်ကဲ့သို့၊ တစ်ညဥ့်မျှသာတည်းခိုသည့်ခရီးသည်ကဲ့သို့ ပြုတော်မူပါသနည်း။
ထာဝရဘုရားက``ငါသည်သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောသင်တို့ ၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်တို့တွင်ငါမှတစ်ပါးအခြားသော ဘုရားမရှိ၊ ငါတစ်ပါးတည်းသာသင် တို့၏ကယ်တင်ရှင်ဖြစ်၏။-
ထိုစဉ်အခါကငါ၏လူမျိုးတော်သည် ငါ့ကိုကြောက်ရွံ့ရိုသေကာငါပေးသည့် စည်းကမ်းကိုလိုက်နာကြလိမ့်မည်ဟူ၍ လည်းကောင်း၊ ငါ၏သွန်သင်ဆုံးမချက် ကိုအဘယ်အခါ၌မျှမေ့လျော့ကြ လိမ့်မည်မဟုတ်ဟူ၍လည်းကောင်းငါ ထင်မှတ်ခဲ့၏။ သို့ရာတွင်မကြာခဏ သူတို့သည်အကျင့်ဆိုးကိုပြုမြဲပြု လျက်နေကြ၏။
နာသနေလလာနေသည်ကိုသခင်ယေရှုမြင် တော်မူလျှင် ``ပရိယာယ်ကင်းသူဣသရေလ အမျိုးသားစစ်ကိုကြည့်ကြလော့'' ဟု မိန့်တော်မူ၏။
သတင်းကောင်းကိုပစ်ပယ်ကြသည့်အတွက် ယုဒအမျိုးသားတို့သည် ဘုရားသခင်၏ ရန်သူဖြစ်လာကြ၏။ ယင်းသို့ဖြစ်လာခြင်း သည်လူမျိုးခြားဖြစ်သူသင်တို့၏အကျိုး အတွက်ဖြစ်ပေသည်။ သို့ရာတွင်ဘုရားသခင် သည်သူတို့ကိုရွေးချယ်တော်မူသောကြောင့် သူတို့၏ဘိုးဘေးများကိုထောက်ထားလျက် သူတို့အားချစ်တော်မူသေး၏။-
ထို့ကြောင့်မုသားကိုမပြောကြနှင့်။ ငါတို့အပေါင်း သည် ခရစ်တော်၏ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ် ကြသဖြင့် ယုံကြည်သူအချင်းချင်းအားသစ္စာ စကားကိုပြောကြလော့။-
သင်တို့သည်ကားသစ္စာမစောင့်သော၊ ထာဝရဘုရား၏လူမျိုးတော်မဖြစ်ထိုက်သော၊ လိမ်လည်လှည့်ဖြားသောလူမျိုးဖြစ်ကြ၏။
ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။
တစ်ဦးနှင့်တစ်ဦးလိမ်လည်၍မပြောဆိုကြနှင့်။ သင်တို့သည်အကျင့်ဆိုးများနှင့်တကွလူ ဟောင်းကိုချွတ်ပယ်ကာ၊-
ခမည်းတော်သည်သားတော်အားလောကကို ကယ်တင်ရန်စေလွှတ်တော်မူကြောင်းကို ငါ တို့တွေ့မြင်ရ၍သက်သေခံကြ၏။-
အရှင်သခင်ယေရှုခရစ်အားဖြင့် ငါတို့ အားကယ်တင်တော်မူသော၊ တစ်ဆူတည်း သောဘုရားသခင်သည် ရှေးကပ်ကာလမှ စ၍ယခုကာလနှင့်နောက်ကမ္ဘာအဆက် ဆက်ဘုန်းအသရေ၊ တန်ခိုးအာနုဘော် တော်၊ အစွမ်းသတ္တိအာဏာစက်ရှိတော် မူစေသတည်း။ အာမင်။ ရှင်ယုဒသြဝါဒစာပြီး၏။
ထာဝရဘုရားသည်သင်တို့အား မိမိ၏လူမျိုး တော်အဖြစ်ဖြင့်ခန့်ထားတော်မူပြီးဖြစ်၏။ ထို့ ကြောင့်ကိုယ်တော်သည်နာမတော်ကိုထောက်၍ သင်တို့အားစွန့်ပစ်တော်မူလိမ့်မည်မဟုတ်။-