ကိုယ်တော်က`သင့်ကိုကြီးပွားစေမည်။ သင်၏ အဆက်အနွယ်များကိုပင်လယ်ကမ်းခြေရှိ သဲပွင့်များကဲ့သို့ မရေမတွက်နိုင်အောင်များ ပြားစေမည်' ဟူသောကတိတော်ကိုသတိရ တော်မူပါ'' ဟုတောင်းလျှောက်လေသည်။
ဟေရှာယ 62:6 - Common Language Bible အို ယေရုရှလင်မြို့၊ငါသည်သင်၏မြို့ရိုးများ ပေါ်တွင် အစောင့်တပ်သားများကိုချထား၏။ သူတို့သည်နေ့ရောညဥ့်ပါအခါခပ်သိမ်း ဆိတ်ဆိတ်နေရကြလိမ့်မည်မဟုတ်။ သူတို့သည်ထာဝရဘုရားအား မိမိ၏ကတိတော်များကိုအောက်မေ့ သတိရအောင် ပြုရကြမည်။ အဘယ်အခါ၌မျှမမေ့လျော့စေရန် သတိပေးရကြမည်။ Garrad Bible အို ယေ ရု ရှ လင် မြို့၊ သင့် မြို့ ရိုး ပေါ် တွင် နေ့ ညဉ့် မ ဟူ တိတ် ဆိတ် စွာ မ နေ ရ သော မြို့ စောင့် တို့ ကို၊ ငါ စီ မံ ခဲ့ ပြီ။ ထာ ဝ ရ ဘု ရား ကို သ တိ ရ စေ သော သင် တို့၊ ယေ ရု ရှ လင် မြို့ ကို ပြု စု လျက်၊ မြေ ကြီး ပေါ် တွင် ချီး မွမ်း ရာ အ ကြောင်း ဖြစ် စေ တော် မ မူ မ ချင်း၊ နား နေ တော် မူ ခွင့် ကို မ ပေး ကြ နှင့်။ ကိုယ် တိုင် လည်း မ နား နေ ကြ နှင့်။ Judson Bible အို ယေရုရှလင်မြို့၊ နေ့ညမပြတ် တိတ်ဆိတ်စွာမနေရသော လူစောင့်တို့ကို သင်၏မြို့ရိုးပေါ်မှာ ငါထားပြီ။ ထာဝရဘုရားကို အောက်မေ့စေသောသူတို့၊ တိတ်ဆိတ်စွာ မနေကြနှင့်။ မြန်မာ့စံမီသမ္မာကျမ်း အို ဂျေရုဆလင်မြို့၊ ကင်းစောင့်တို့ကို သင်၏မြို့ရိုးများပေါ်တွင် ငါချထားပြီ။ သူတို့သည် နေ့နေ့ညည တိတ်တိတ်နေမည်မဟုတ်။ ထာဝရဘုရားကို အောက်မေ့စေသောသူတို့၊ နှုတ်ဆိတ်မနေကြနှင့်။ |
ကိုယ်တော်က`သင့်ကိုကြီးပွားစေမည်။ သင်၏ အဆက်အနွယ်များကိုပင်လယ်ကမ်းခြေရှိ သဲပွင့်များကဲ့သို့ မရေမတွက်နိုင်အောင်များ ပြားစေမည်' ဟူသောကတိတော်ကိုသတိရ တော်မူပါ'' ဟုတောင်းလျှောက်လေသည်။
ထိုသူက``ငါ့ကိုလွှတ်ပါ။ မိုးလင်းလုပြီ'' ဟုဆိုလေ၏။ ယာကုပ်က``အကျွန်ုပ်ကိုကောင်းချီးပေးမှလွှတ် မည်'' ဟုပြော၏။
ခမည်းတော်ဒါဝိဒ်ချမှတ်ထားခဲ့သည့်စည်း မျဉ်းများအတိုင်းမင်းကြီးသည် ယဇ်ပုရော ဟိတ်တို့နေ့စဉ်လုပ်ဆောင်ရန်တာဝန်များကို လည်းကောင်း၊ ယဇ်ပုရောဟိတ်တို့အမှုတော် ဆောင်ရာတွင်ပါဝင်ကူညီကာ ဋ္ဌမ္မသီချင်း များအေးကူးကြရသူလေဝိအနွယ်ဝင် တို့၏အလုပ်တာဝန်များကိုလည်းကောင်း စီစဉ်ပေးတော်မူ၏။ ဘုရားသခင်၏အစေခံ ဒါဝိဒ်အမိန့်ရှိတော်မူခဲ့သည့်အတိုင်းဗိမာန် တော်အစောင့်တပ်သားများကိုလည်းနေ့စဉ် တာဝန်ဝတ္တရားများထမ်းဆောင်ရန်အဖွဲ့ များဖွဲ့စည်းပေးတော်မူ၏။-
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ရန်သူတို့သည်ကိုယ်တော်ရှင် အား ပြက်ရယ်ပြုကြသည်ကိုလည်းကောင်း၊ သူတို့သည်ဘုရားမဲ့၍ကိုယ်တော်ရှင်အား မထီမဲ့မြင် ပြုကြသည်ကိုလည်းကောင်းသတိရတော်မူပါ။
ရှေးအခါကရွေးကောက်တော်မူခဲ့သည့် လူစုတော်၊ ကိုယ်တော်ရှင်၏လူစုတော်အဖြစ်ဖြင့် ကျွန်ဘဝမှရွေးနုတ်ဝယ်ယူတော်မူခဲ့သည့် လူစုတော်ကိုသတိရတော်မူပါ။ ယခင်ကကိုယ်တော်ရှင်ကိန်းဝပ်တော်မူခဲ့ရာ ဇိအုန်တောင်ကိုသတိရတော်မူပါ။
သူတို့မှ အနည်းငယ်လွန်ပြန်လျှင်၊ ငါဝိညာဉ် ချစ်သော သူကိုတွေ့၏။ ငါသည် သူ့ကိုမလွှတ်။ အမြဲကိုင် ၍ ငါ့ကိုဘွားမြင်သော မိခင်၏အိမ်၌ အိပ်ရာအခန်းထဲသို့ ဆောင်ခဲ့ ၏။
အိုယေရုရှလင်မြို့သမီးတို့၊ သင်တို့သည် ငါချစ် ရာ သခင်ကိုတွေ့လျှင်၊ သူ့ကိုငါချစ်၍ နာနေကြောင်းကို ကြားပြောကြပါဟု၊ ငါမှာထားတောင်းပန်ပါ၏။
``တရားရုံးတော်သို့ငါတို့သွားကြကုန်အံ့။ သင်တို့၏စွပ်စွဲချက်ကိုယူဆောင်ခဲ့ကြလော့။ သင်တို့ဘက်မှမှန်ကန်ကြောင်းသက်သေခံ အထောက်အထားပြနိုင်ရန်၊ သင်တို့၏အမှုကိုတင်ပြကြလော့။
အို ယေရုရှလင်မြို့၊ငါသည်သင့်ကိုအဘယ်အခါ ၌မျှ မမေ့မလျော့နိုင်။ ငါ၏လက်ဝါးတွင်သင်၏နာမည်ကို ရေးမှတ်၍ထားလေပြီ။
မြို့စောင့်တပ်သားများသည်အသံကျယ်စွာနှင့် အားရရွှင်လန်းစွာတညီတညွတ်တည်း ကြွေးကြော်လျက်နေကြ၏။ ဇိအုန်မြို့သို့ထာဝရဘုရားပြန်လည် ကြွလာတော်မူမည်ကို၊သူတို့ကိုယ်တိုင်ပင် တွေ့မြင်နိုင်ကြလေသည်။
ကိုယ်တော်က``ငါ၏လူမျိုးတော်အားကြိုတင် သတိပေးသင့်သူများဖြစ်သည့်ခေါင်းဆောင် တို့သည်မျက်စိကန်းလျက်နေကြ၏။ သူတို့ သည်အဘယ်အရာကိုမျှမသိ။ မဟောင်တတ် သည့်အိမ်စောင့်ခွေးများနှင့်တူကြ၏။ သူတို့ သည်လဲလျောင်းကာအိပ်မက်ဝင်လျက်သာ နေတတ်ကြ၏။ သူတို့သည်အလွန်အအိပ် မက်သူများဖြစ်ပါသည်တကား။-
ငါသည်ယေရုရှလင်မြို့ကိုအားပေးစကား ဖွင့်ဟပြောဆိုမည်။ ထိုမြို့သည်ကယ်တင်ခြင်းကိုခံရ၍သူ၏ အောင်မြင်ခြင်းသည် မီးရှူးတိုင်သဖွယ်ထွန်းတောက်၍ မလာမချင်း၊ငါသည်ဇိအုန်မြို့အတွက် ဆိတ်ဆိတ်နေလိမ့်မည်မဟုတ်။
ကိုယ်တော်ရှင်၏နာမတော်ကိုထောက်၍ ကျွန်တော်မျိုးတို့အားစက်ဆုပ်ရွံရှာတော်မမူ ပါနှင့်။ ကိုယ်တော်ရှင်၏ဘုန်းအသရေကိုဆောင်သည့် ရာဇပလ္လင်တည်းဟူသောယေရုရှလင်မြို့ကို အသရေပျက်စေတော်မမူပါနှင့်။ ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့နှင့်ပြုတော် မူသော ပဋိညာဉ်ကိုဖျက်တော်မမူပါနှင့်။
တံပိုးခရာမှုတ်၍သတိပေးသံကိုနား ထောင်ရန် ထာဝရဘုရားသည် ကင်းစောင့်များ ကိုခန့်ထားတော်မူ၏။ သို့ရာတွင်ထိုသူတို့ က``အကျွန်ုပ်တို့နားမထောင်လိုပါ'' ဟု ဆိုကြ၏။
အို ထာဝရဘုရားအဘယ်သို့သော အဖြစ်အပျက်များနှင့် ကျွန်တော်မျိုးတို့ကြုံတွေ့ရကြသည်ကို အောက်မေ့သတိရတော်မူပါ။ ကျွန်တော်မျိုးတို့အားကြည့်တော်မူပါ၏။ ကျွန်တော်မျိုးတို့အသရေပျက်မှုကို ရှုမြင်တော်မူပါ။
ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားအစဉ်အမြဲမေ့လျော့၍ နေတော်မူပါသနည်း။ အဘယ်ကြောင့်ဤမျှကြာစွာကျွန်တော်မျိုးတို့ကို စွန့်ပစ်၍ထားတော်မူပါသနည်း။
ရှေ့တွင်ရှိသည့်လူများကသူ့အားတိတ်တိတ် နေရန်ငေါက်ငမ်းပြောဆိုကြ၏။ သို့သော်လည်း သူသည် ``ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို သနားတော်မူပါ'' ဟုပို၍ပင်ဟစ်အော်လေ၏။
`ကော်နေလိ၊ သင်၏ဆုတောင်းပတ္ထနာကိုဘုရား သခင်ကြားတော်မူပြီ။ သင်၏စွန့်ကြဲပေးကမ်း မှုကိုလည်းသိမှတ်တော်မူပြီ။-
သူသည်ထိတ်လန့်လျက်ကောင်းကင်တမန်ကို စိုက်ကြည့်ပြီးလျှင် ``အရှင်၊ အဘယ်အမှု အခင်းရှိပါသနည်း'' ဟုမေးလျှောက်၏။ ကောင်းကင်တမန်ကလည်း ``သင်၏ဆုတောင်း ပတ္ထနာနှင့်စွန့်ကြဲပေးကမ်းမှုကို ဘုရားသခင် နှစ်သက်တော်မူသဖြင့်သင့်အားသိမှတ်တော် မူလေပြီ။-
ဘုရားသခင်သည်ပထမအနေဖြင့်တမန် တော်များ၊ ဒုတိယအနေဖြင့်ပရောဖက်များ၊ တတိယအနေဖြင့်ဆရာများကိုလည်း ကောင်း၊ ထိုနောက်နိမိတ်လက္ခဏာပြသူများ၊ အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးကိုရရှိသူများ၊ သူတစ်ပါး တို့ကိုကူညီသူများ၊ ရှေ့ဆောင်လမ်းပြ နိုင်စွမ်းရှိသူများ၊ ထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုပြောနိုင်သူများကို လည်းကောင်းအသင်းတော်တွင်ခန့်ထား တော်မူ၏။-
သင်တို့ခေါင်းဆောင်များ၏စကားကိုနား ထောင်ကြလော့။ သူတို့ပြောသည့်အတိုင်းပြု ကြလော့။ သူတို့သည်မိမိတို့ပြုသည့်အမှု ကိုဘုရားသခင်အားအစီရင်ခံရမည် ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကိုနေ့ရောည ပါကြည့်ရှုစောင့်ရှောက်လျက်နေကြပေ သည်။ သင်တို့သည်သူတို့စကားကိုနား ထောင်ပါလျှင် သူတို့ရွှင်လန်းဝမ်းမြောက် စွာလုပ်ဆောင်ကြလိမ့်မည်။ သို့မဟုတ်လျှင် သူတို့ဝမ်းနည်းရကြသဖြင့်သင်တို့ တွင်အဘယ်သို့မျှအကျိုးရှိလိမ့်မည် မဟုတ်။
ထိုဝိညာဉ်များက``သန့်ရှင်းမြင့်မြတ်ဖြောင့်မှန် တော်မူသောအနန္တတန်ခိုးရှင်၊ အကျွန်ုပ်တို့အား သတ်ဖြတ်ခဲ့သည့်အပြစ်အတွက်ကမ္ဘာသူကမ္ဘာ သားတို့အား အဘယ်ကာလတိုင်အောင်တရား စီရင်အပြစ်ဒဏ်မပေးဘဲနေတော်မူမည် နည်း'' ဟုအသံကျယ်စွာဟစ်အော်ကြ၏။-