ဟေရှာယ 59:17 - Common Language Bible ကိုယ်တော်သည်တရားမျှတမှုတည်းဟူသော သံချပ်အင်္ကျီကိုဝတ်ဆင်လျက် ကယ်တင်တော်မူ ခြင်းတည်းဟူသောသံခမောက်လုံးကိုဆောင်း တော်မူလိမ့်မည်။ ပြင်းပြသောမေတ္တာတော်တည်း ဟူသောဝတ်လုံကိုလည်းကောင်း လူတို့ခံကြ သည့်မတရားမှုများအတွက်လက်စားချေ တော်မူခြင်းတည်းဟူသောအဝတ်ကိုလည်း ကောင်း ဝတ်ဆင်တော်မူလိမ့်မည်။- Garrad Bible ကိုယ် တော် သည် သံ ချပ် သ ဖွယ် ဖြောင့် မတ် ခြင်း ကို ဆင် ယင် လျက်၊ ကယ် တင် ခြင်း မောက် ရူ ကို ဆောင် လျက်၊ မျဉ်း ရှည် သ ဖွယ် လက် စား ချေ ခြင်း ကို ဝတ် လျက်၊ မျဉ်း တို သ ဖွယ် စေ တ နာ ထက် သန် ခြင်း ကို ရုံ တော် မူ၏။ Judson Bible ဖြောင့်မတ်ခြင်း တရားတည်းဟူသော ရင်ကျပ်ကိုဝတ်ဆင်၍၊ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို ဆောင်းတော်မူ၏။ အပြစ်ပေးခြင်း အဝတ်ကိုလည်းကောင်း၊ စိတ်အားကြီးခြင်းဝတ်လုံကိုလည်းကောင်း ယူတင်ဝတ်ဆောင်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုရင်အုပ်တန်ဆာကဲ့သို့ ဝတ်ဆင်တော်မူ၏။ ခေါင်းပေါ်၌ ကယ်တင်ခြင်းသံခမောက်ကို ဆောင်းတော်မူ၏။ လက်စားချေခြင်းဝတ်ရုံကိုဝတ်ဆင်၍ စိတ်အားထက်သန်ခြင်းဝတ်လုံကို လွှမ်းခြုံတော်မူ၏။ |
ကိုယ်တော်ရှင်၏ဗိမာန်တော်ကိုစွဲလမ်းမှုသည် ကျွန်တော်မျိုး၏စိတ်အတွင်း၌မီးကဲ့သို့ ဟုန်းဟုန်းတောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်ရှင်အားစော်ကားပြောဆိုသော စကားများသည်ကျွန်တော်မျိုးအားစော်ကား ပြောဆိုသောစကားများဖြစ်ပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အပြစ်ပေးပိုင်တော်မူသော ဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်၏အမျက်တော်ကိုပေါ်လွင်ထင်ရှား စေတော်မူပါ။
ရန်သူများသည်မိမိတို့အား၊ ကိုယ်တော်ရှင်အပြစ်ဒဏ်ခတ်တော်မူမည် ကိုမသိကြပါ။ အို ထာဝရဘုရားသူတို့အားအရှက်ကွဲ စေတော်မူပါ။ ဒုက္ခရောက်စေတော်မူပါ။ ကိုယ်တော်ရှင်ပြင်ဆင်ထား တော်မူသည့်အပြစ်ဒဏ်ကိုခံစေတော်မူပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော်အား အဘယ်မျှချစ်တော်မူကြောင်း သူတို့အားပြတော်မူပါ၏။
ယေရုရှလင်မြို့နှင့်ဇိအုန်တောင်ပေါ်တွင် လူတို့သည်အသက်မသေဘဲကျန်ရှိနေ ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့ ကျန်ရှိစေရန် ထာဝရဘုရားသန္နိဋ္ဌာန်ချ မှတ်ထားတော်မူသောကြောင့်ဖြစ်၏။''
ထာဝရဘုရားသည်သူရဲကောင်းကဲ့သို့စစ်တိုက်ရန် ထွက်ကြွတော်မူ၏။ ကိုယ်တော်သည်တိုက်ပွဲဝင်ရန်အသင့်ရှိ၍ စိတ်စောလျက်နေတော်မူ၏။ ကိုယ်တော်သည်စစ်တိုက်သံကြွေးကြော်လျက် မိမိ၏ ရန်သူတို့အားတန်ခိုးတော်ကိုပြတော်မူ၏။
အို ထာဝရဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ နိုးထတော်မူ၍ရှေးပဝေသဏီကာလ၌ ကဲ့သို့ပင် တန်ခိုးတော်ကိုအသုံးပြုတော်မူပါ။ ပင်လယ်နဂါးကြီးရာခပ်အား အပိုင်းပိုင်းဖြတ်တော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
အို ထာဝရဘုရား၊ သန့်ရှင်းမြင့်မြတ်၍ဘုန်း အသရေတော်တောက်ပရာကောင်းကင်ဘုံတည်း ဟူသော ကိုယ်တော်ရှင်ကျိန်းဝပ်တော်မူရာအရပ် မှနေ၍ကျွန်တော်မျိုးတို့အားငုံ့၍ကြည့်တော် မူပါ။ ကျွန်တော်မျိုးတို့အတွက်ကိုယ်တော်ရှင် စိုးရိမ်ကြောင့်ကြတော်မူသည်ကားအဘယ်မှာ နည်း။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည်အဘယ် မှာနည်း။ ကိုယ်တော်ရှင်၏မေတ္တာနှင့်သနားကြင် နာမှုသည်အဘယ်မှာနည်း။ ကျွန်တော်မျိုး တို့အားလျစ်လူရှုတော်မမူပါနှင့်။-
ထိုအရှင်၏အဝတ်များသည်စပျစ်သီး နယ်သူ၏အဝတ်များကဲ့သို့အဘယ် ကြောင့်နီမြန်း၍နေပါသနည်း။
ထာဝရဘုရားက``ငါသည်လူမျိုးတကာ တို့ကိုစပျစ်သီးများသဖွယ်နင်းနယ်ခဲ့ လေပြီ။ အဘယ်သူမျှငါ့အားကူညီရန် မလာမရောက်ကြ။ ငါသည်အမျက်ထွက် သဖြင့်သူတို့အားနင်းနယ်ရာတွင်ငါ၏ အဝတ်များသည်သူတို့၏သွေးများဖြင့် စွန်း၍သွားပေသည်။-
သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
``သင်သည်ငါစိတ်မပြေမချင်းငါ၏ အမျက်ဒေါသဒဏ်ကိုအပြည့်အဝခံ ရလိမ့်မည်။ ငါထာဝရဘုရားသည်သင်၏ သစ္စာမဲ့မှုအတွက်အမျက်ထွက်လျက် ဤ သို့မိန့်တော်မူကြောင်းကို သင်သည်ဤအမှု အရာများဖြစ်ပျက်ချိန်၌သိရှိနားလည် လိမ့်မည်။-
ကောင်းကင်တမန်သည်လည်းငါ့အား``အနန္တ တန်ခိုးရှင်ထာဝရဘုရားက`ငါသည်သန့် ရှင်းမြင့်မြတ်သည့်ယေရုရှလင်မြို့တော် ကိုလွန်စွာချစ်မြတ်နိုး၍အကြင်နာ တရားထားရှိပါ၏။-
ထိုအခါတပည့်တော်တို့သည် ``ကိုယ်တော် ၏အိမ်တော်အပေါ်ချစ်ခင်တွယ်တာမှုသည် အကျွန်ုပ်၏ရင်အတွင်း၌မီးသဖွယ်ကျွမ်း လောင်လျက်ရှိပါ၏'' ဟူသောကျမ်းစကား ကိုသတိရကြ၏။
သမ္မာတရားတော်ကိုဟောပြောကြေညာခြင်း အားဖြင့်လည်းကောင်း၊ ဘုရားသခင်၏တန်ခိုး တော်ကိုဟောပြောကြေညာခြင်းအားဖြင့် လည်းကောင်း ငါတို့သည်ဘုရားသခင်၏ အစေခံများဖြစ်ကြောင်းကိုပေါ်လွင်စေ ကြ၏။ ထိုးစစ်ဆင်သောအခါနှင့်ခုခံ ကာကွယ်သောအခါ၌ ငါတို့သည်ဖြောင့် မတ်ခြင်းတရားတည်းဟူသောလက်နက် ကိုအသုံးပြုကြ၏။-
သို့ဖြစ်၍အသင့်ရှိနေကြလော့။ သစ္စာတရား တည်းဟူသောခါးပန်းကြိုးကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းတည်းဟူသောရင်အုပ်တန် ဆာကိုလည်းကောင်း၊-
ကယ်တင်ခြင်းတည်းဟူသောသံခမောက်ကို လည်းကောင်း၊ ဝိညာဉ်တော်ကပေးသောဘုရား သခင်၏နှုတ်ကပတ်တော်တည်းဟူသော ဋ္ဌားကိုလည်းကောင်းယူဆောင်ကြလော့။-
သို့ရာတွင်ငါတို့သည်နေ့အချိန်၌ကျင်လည် သူများဖြစ်ကြသဖြင့် သမ္မာသတိရှိကြကုန် အံ့။ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတည်းဟူ သောရင်အုပ်တန်ဆာကိုတပ်ဆင်လျက် ကယ်တင် ခြင်းခံရရန်မျှော်လင့်ခြင်းတည်းဟူသောသံ ခမောက်ကိုဆောင်းကြကုန်အံ့။-
``ငါသည်လက်စားချေမည်၊ ငါသည်ဆပ်ပေး မည်'' ဟူ၍လည်းကောင်း``ထာဝရဘုရားသည် မိမိ၏လူစုတော်အားတရားစီရင်တော်မူ မည်'' ဟူ၍လည်းကောင်း မိန့်တော်မူသောအရှင် သည်မည်သူဖြစ်သည်ကိုငါတို့သိကြ၏။-
ထိုနောက်ကောင်းကင်ဘုံပွင့်လျက်နေသည်ကိုငါ မြင်ရ၏။ ထိုအရပ်တွင်မြင်းဖြူတစ်စီးရှိ၏။ ထို မြင်းကိုစီးသူသည်သစ္စာသမ္မာဟူ၍နာမည်တွင်၏။ ထိုအရှင်သည်ဖြောင့်မှန်စွာတရားစီရင်တတ်၏။ တရားသဖြင့်စစ်တိုက်တတ်၏။-