ယာကုပ်၏သားမြေးတို့၊ ယခုငါတို့သည် ထာဝရဘုရားပေးတော်မူသောအလင်း ၌ကျင်လည်ကြကုန်အံ့။
ဟေရှာယ 58:1 - Common Language Bible ``ကျယ်နိုင်သမျှကျယ်စွာတံပိုးမှုတ်သကဲ့ သို့အော်ဟစ်၍ ငါ၏လူမျိုးတော်အားသူ တို့၏အပြစ်များကိုဖော်ပြလော့။- Garrad Bible ငါ့ လူ မျိုး တော် အား၊ ကိုယ့် လွန် ကျူး မှု များ ကို လည်း ကောင်း၊ ယာ ကုပ် အ မျိုး သား တို့ အား၊ ကိုယ့် ပြစ် မှု များ ကို လည်း ကောင်း၊ တံ ပိုး ကဲ့ သို့ အ သံ လွှင့်၍ မ ချုပ် တည်း ဘဲ၊ ကြီး စွာ အော် ဟစ် ဖော် ပြ လော့။ Judson Bible အသံမလျော့ဘဲ ကြွေးကြော်လော့။ တံပိုးသံကဲ့သို့ အသံကိုလွှင့်၍၊ ယာကုပ်အမျိုးသားဖြစ်သော ငါ၏လူတို့အား၊ သူတို့ဒုစရိုက်အပြစ်ကို ဖော်ပြလော့။ မြန်မာ့စံမီသမ္မာကျမ်း ကျယ်လောင်စွာဟစ်ကြော်လော့။ ထိန်းချုပ်မထားနှင့်။ တံပိုးမှုတ်သံကဲ့သို့ သင်၏အသံကိုလွှင့်၍ ငါ့လူမျိုးတော်တို့အား သူတို့ကျူးလွန်သောအပြစ်ကိုလည်းကောင်း၊ ယာကုပ်အမျိုးအနွယ်အား သူတို့၏အပြစ်များကိုလည်းကောင်း ဖော်ပြလော့။ |
ယာကုပ်၏သားမြေးတို့၊ ယခုငါတို့သည် ထာဝရဘုရားပေးတော်မူသောအလင်း ၌ကျင်လည်ကြကုန်အံ့။
ထိုနေ့ရက်ကာလကျရောက်သောအခါအာ ရှုရိပြည်နှင့်အီဂျစ်ပြည်၌ပြည်နှင်ဒဏ်သင့် လျက်နေသော ဣသရေလအမျိုးသားအပေါင်း ကိုခေါ်ယူရန်တံပိုးခရာမှုတ်လိမ့်မည်။ သူ တို့သည်လည်းယေရုရှလင်မြို့ရှိမြင့်မြတ် သောတောင်တော်ပေါ်တွင် ထာဝရဘုရား အားကိုးကွယ်ဝတ်ပြုရန်လာရောက်ကြ လိမ့်မည်။
ထိုအသံက``ကြွေးကြော်လော့'' ဟုဆိုသဖြင့် ``အဘယ်အရာကိုကြွေးကြော်ရပါမည်နည်း'' ဟုငါမေးလျှင် ``လူသတ္တဝါအပေါင်းတို့သည်မြက်ပင်နှင့်တူ ကြောင်းနှင့် တောပန်းများကဲ့သို့တာရှည်မခံကြောင်းကို ကြွေးကြော်လော့။
သင်တို့ပထမအဦးဆုံးဘိုးဘေးဖြစ် သူသည် အပြစ်ကူးလွန်ခဲ့၏။ သင်တို့၏ခေါင်းဆောင်များကငါ့ကိုပြစ်မှား ကြ၏။
ထာဝရဘုရားက၊ ``ဇနီးသည်ကိုကွာရှင်းပစ် လိုက်သည့် ယောကျာ်းကဲ့သို့၊ ငါသည်မိမိ၏လူမျိုးတော်အားနှင်ထုတ်လိုက် သည်ဟု သင်တို့ထင်မှတ်ကြပါသလော။ ယင်းသို့နှင်ထုတ်လိုက်ပါမူဖြတ်စာများကား အဘယ်မှာရှိပါသနည်း။ မိမိ၏သားသမီးများကိုကျွန်အဖြစ် ရောင်းစားသူကဲ့သို့၊ငါသည်သင်တို့အား သုံ့ပန်းအဖြစ်ဖြင့်ရောင်းချလိုက်သည်ဟုသင်တို့ ထင်မှတ်ကြပါသလော။ သင်တို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြ သည်မှာ သင်တို့၏အပြစ်များကြောင့်ဖြစ်ပေသည်။ သင်တို့သည်မိမိတို့ကူးလွန်ကြသည့် ရာဇဝတ်မှုများကြောင့်အနှင်ခံရကြခြင်း ဖြစ်၏။
ကိုယ်တော်က``ငါ၏လူမျိုးတော်အားကြိုတင် သတိပေးသင့်သူများဖြစ်သည့်ခေါင်းဆောင် တို့သည်မျက်စိကန်းလျက်နေကြ၏။ သူတို့ သည်အဘယ်အရာကိုမျှမသိ။ မဟောင်တတ် သည့်အိမ်စောင့်ခွေးများနှင့်တူကြ၏။ သူတို့ သည်လဲလျောင်းကာအိပ်မက်ဝင်လျက်သာ နေတတ်ကြ၏။ သူတို့သည်အလွန်အအိပ် မက်သူများဖြစ်ပါသည်တကား။-
သင်တို့ကမိမိတို့ပြုသည့်အမှုကိုမှန်သည် ဟုထင်မှတ်ကြ၏။ သို့ရာတွင်သင်တို့၏အကျင့် ကို ငါဖွင့်ဟထုတ်ဖော်လိုက်သောအခါ သင်တို့ ၏ရုပ်တုများသည်သင်တို့အားကူမနိုင် ကြလိမ့်မည်မဟုတ်။-
``အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန် တော်မျိုးတို့ပြစ်မှားသည့်အပြစ်များသည် များလှပါ၏။ ထိုအပြစ်များကကျွန်တော် မျိုးတို့အားစွဲချက်တင်သည်ဖြစ်၍ကျွန်တော် မျိုးတို့သည်မိမိတို့၏အပြစ်များကိုကောင်း စွာသိရကြပါ၏။-
``သင်သည်ယေရုရှလင်မြို့သို့သွား၍ ထိုမြို့ တွင်နေထိုင်သူအပေါင်းတို့အားဤသတင်း စကားကိုပြန်ကြားလော့။'' သင်တို့သည်ငယ်ရွယ်စဉ်အခါကအဘယ်သို့ သစ္စာရှိခဲ့ကြသည်ကိုငါသတိရ၏။ သင်သည်သတို့သမီးကဲ့သို့ငါ့ကိုချစ်ခဲ့၏။ သင်တို့သည်စိုက်ပျိုးခြင်းမရှိသော တောကန္တာရတစ်လျှောက်လုံးကိုဖြတ်၍ ငါ၏အနောက်သို့လိုက်ခဲ့ကြ၏။
ယောရှိ၏သားယုဒဘုရင်ယောယကိမ်နန်း စံပဉ္စမနှစ်၊ နဝမလ၌ဣသရေလပြည်သား တို့သည်ထာဝရဘုရား၏ရှေ့တော်တွင် မျက်နှာ ပွင့်လန်းအံ့သောငှာအစာရှောင်ချိန်ကိုကြေ ညာကြသဖြင့် ယေရုရှလင်မြို့သူမြို့သား အပေါင်းတို့သည်လည်းကောင်း၊ ယုဒမြို့ အသီးသီးမှလာရောက်ကြသူလူအပေါင်း တို့သည်လည်းကောင်းအစာရှောင်ကြကုန်၏။-
တံပိုးခရာမှုတ်၍သတိပေးသံကိုနား ထောင်ရန် ထာဝရဘုရားသည် ကင်းစောင့်များ ကိုခန့်ထားတော်မူ၏။ သို့ရာတွင်ထိုသူတို့ က``အကျွန်ုပ်တို့နားမထောင်လိုပါ'' ဟု ဆိုကြ၏။
သင်၏ပရောဖက်များသည်မုသားစကားမှ တစ်ပါး သင့်အားအခြားမည်သည့်စကားကိုမျှ မပြောတတ်ကြပါ။ သူတို့ဟောပြောသမျှသည်သင့်ကို လှည့်စားခြင်းသာဖြစ်၏။ သင်၏အပြစ်ကိုအဘယ်ခါမျှမဖော်ပြသဖြင့် သင်သည်နောင်တရစရာမလိုဟုထင်မှတ်စေခဲ့ သည်။
သို့ဖြစ်၍အချင်းလူသားသူတို့အားရှုတ် ချ၍ပရောဖက်ပြုကြလော့'' ဟုမိန့်တော် မူ၏။
ကိုယ်တော်က``အချင်းလူသား၊ ယေရုရှလင် မြို့အားမိမိပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာ အမှုတို့ကိုညွှန်ပြလော့။-
``အချင်းလူသား၊ သင်သည်သူတို့အားစစ် ဆေးစီရင်ရန်အသင့်ရှိပြီလော။ အသင့်ရှိ လျှင်စစ်ဆေးစီရင်လော့။ သူတို့အားမိမိ တို့ဘိုးဘေးများပြုကျင့်ခဲ့သောစက်ဆုပ် ဖွယ်ကောင်းသည့်အမှုတို့ကိုသတိပေးဖော် ပြလော့။-
ကိုယ်တော်က``အချင်းလူသား၊ သင်သည်လူ သတ်သမားများနှင့်ပြည့်နှက်လျက်ရှိသည့် မြို့ကို စစ်ဆေးစီရင်ရန်အသင့်ရှိပြီလော။ ထိုမြို့အားမိမိပြုသည့်စက်ဆုပ်ဖွယ်ရာ အမှုအပေါင်းတို့ကိုဖော်ပြလော့။-
ထာဝရဘုရားကငါ့အား``အချင်းလူသား၊ သင်သည်အဟောလနှင့်အဟောလိဗတို့ကို တရားစီရင်ရန်အသင့်ရှိပြီလော။ သူတို့သည် စက်ဆုပ်ဖွယ်ကောင်းသောအမှုတို့ကိုပြုသူ များဖြစ်ကြောင်းစွဲချက်တင်လော့။-
သူသည်ရန်သူချဉ်းကပ်လာသည်ကိုမြင် လျှင် လူအပေါင်းတို့အားတံပိုးခရာမှုတ် ၍အချက်ပေးရ၏။-
ထာဝရဘုရားက``တံပိုးခရာမှုတ်၍ သတိပေးလော့၊ ရန်သူများသည်သိမ်းငှက် သဖွယ် ငါ၏နိုင်ငံတော်ကိုထိုးသုတ်လျက် ရှိကြပြီ။ ငါ၏လူမျိုးတော်သည်ငါနှင့် ပြုလုပ်သောပဋိညာဉ်ကိုချိုးဖောက်၍ ငါ၏လူမျိုးတော်သည်ငါနှင့်ပညတ်ကို ပစ်ပယ်ကြပြီ။-
ကိုယ်တော်က``သင်သည်နိနေဝေမြို့ကြီးသို့သွား၍သတိပေးလော့။ ထိုမြို့သူမြို့သားတို့သည်အလွန်ဆိုးယုတ်ကြကြောင်းကိုငါသိတော်မူပြီ'' ဟုမိန့်တော်မူ၏။-
သင်သည်ဤအကြောင်းအရာများကိုဟော ပြောသွန်သင်လော့။ အားပေးတိုက်တွန်းဆုံးမ သွန်သင်သည့်အခါ၌သင်၌ရှိသမျှသော အခွင့်အာဏာကိုအသုံးပြုလော့။ သင့်အား အဘယ်သူမျှအထင်မသေးစေနှင့်။
သခင်ဘုရားနေ့၌ဝိညာဉ်တော်သည် ငါ့ အပေါ်သို့သက်ရောက်တော်မူလျက် ငါသည် တံပိုးခရာသံနှင့်တူသောအသံကြီး တစ်ခုကိုငါ့နောက်၌ကြားရ၏။-
ထိုနောက်ရူပါရုံတွင်ကောင်းကင်ဘုံတံခါးပွင့် လျက်ရှိသည်ကိုငါမြင်ရ၏။ ပထမအကြိမ် ကငါကြားရသောတံပိုးခရာသံနှင့်တူသည့် အသံက``ဤအရပ်သို့တက်လာလော့။ နောင်ဖြစ် ရမည့်အမှုအရာတို့ကိုငါပြမည်'' ဟုငါ့ အားဆို၏။-