ယောရံက``သင်သည်ငြိမ်းချမ်းစွာလာ သလော'' ဟုမေးတော်မူ၏။ ယေဟုက``သင်၏မိခင်ယေဇဗေလစတင် ကျင့်သုံးခဲ့သည့် စုန်းအတတ်နှင့်ရုပ်တုကိုး ကွယ်မှုရှိနေသမျှကာလပတ်လုံး အဘယ် မှာငြိမ်းချမ်းမှုရှိနိုင်ပါမည်နည်း'' ဟုဆို၏။
ဟေရှာယ 57:21 - Common Language Bible သူယုတ်မာတို့သည်ငြိမ်းချမ်းစွာနေရကြ လိမ့်မည်မဟုတ်'' ဟုငါ၏ဘုရားသခင် မိန့်တော်မူ၏။ Garrad Bible လူ ဆိုး တို့ သည် ချမ်း သာ မ ရ ဟု ငါ၏ ဘု ရား သ ခင် မိန့် တော် မူ၏။ Judson Bible မတရားသောသူတို့၌ ငြိမ်သက်ခြင်းမရှိဟု ငါ၏ဘုရားသခင်မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း “ဆိုးယုတ်သောသူတို့၌ ငြိမ်သက်ခြင်းမရှိ”ဟု ငါ၏ဘုရားသခင်မိန့်တော်မူ၏။ |
ယောရံက``သင်သည်ငြိမ်းချမ်းစွာလာ သလော'' ဟုမေးတော်မူ၏။ ယေဟုက``သင်၏မိခင်ယေဇဗေလစတင် ကျင့်သုံးခဲ့သည့် စုန်းအတတ်နှင့်ရုပ်တုကိုး ကွယ်မှုရှိနေသမျှကာလပတ်လုံး အဘယ် မှာငြိမ်းချမ်းမှုရှိနိုင်ပါမည်နည်း'' ဟုဆို၏။
သူယုတ်မာတို့မူကားအမင်္ဂလာရှိလိမ့်မည်။ မိမိတို့၏ဆိုးယုတ်သည့်အကျင့်အကြံ အပြုအမူများအတွက်အပြစ်ဒဏ်သင့် ကြလိမ့်မည်။
``သူယုတ်မာတို့သည်ငြိမ်းချမ်းစွာနေရ ကြလိမ့်မည် မဟုတ်'' ဟုထာဝရဘုရားမိန့်တော်မူပါ၏။
ငါသည်လည်းမိမိလုပ်ဆောင်ခဲ့သည့်အမှုတို့ အကျိုးမရှိပုံကိုလည်းကောင်း၊ မိမိမှာအားအင်သာလျှင်ကုန်ခန်းလျက် အဘယ်အမှုအရာမျှမအောင်မြင်ပုံကို လည်းကောင်း တစ်ကိုယ်တည်းပြောဆိုနေမိ၏။ သို့ရာတွင်ငါသည်မိမိ၏အမှုကိစ္စများ အဆင်ပြေစေရန် ထာဝရဘုရားကိုယုံကြည်ကိုးစားနိုင်ပါစေ။ ကိုယ်တော်သည်ငါပြုသည့်အမှုအတွက် ဆုလာဘ်များကိုပေးသနားတော်မူလိမ့်မည်။
သင်တို့ရောက်ရှိနေချိန်၌လည်းအဘယ်သူ မျှအသက်စည်းစိမ်လုံခြုံမှုမရှိ။ သင်တို့ ပြုသောအမှုမှန်သမျှသည်မတရား သောအမှုများဖြစ်၏။ သင်တို့သည်လမ်း ကောက်ကိုလိုက်တတ်ကြ၏။ ထိုလမ်းကို လိုက်သောသူတိုင်းအဘယ်အခါ၌မျှ ဘေးမဲ့လုံခြုံမှုရှိလိမ့်မည်မဟုတ်။