အချင်းလယ်ပြင်နှင့်လယ်ပြင်တွင်ရှိသမျှ သော အရာတို့၊ရွှင်လန်းဝမ်းမြောက်ကြလော့။ တော၌ရှိသောသစ်ပင်တို့သည်ရွှင်လန်း ဝမ်းမြောက်စွာကြွေးကြော်ကြလိမ့်မည်။
ဟေရှာယ 55:13 - Common Language Bible ယခုဆူးပင်များပေါက်လျက်ရှိရာအရပ်တွင် အာရဇ်ပင်(သစ်ကတိုး) များပေါက်၍လာလိမ့်မည်။ ဆူးခြုံများရှိရာအရပ်တွင်မုရတုပင်များ ပေါက်ရောက်လာလိမ့်မည်။ ဤအမှုအရာသည်၊ငါထာဝရဘုရား၏ လက်ရာတော်ကိုအောက်မေ့သတိရစေရန် ထာဝစဉ်တည်မြဲသည့်အမှတ်လက္ခဏာတစ်ရပ် ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ဆူး ပင် အ စား ထင်း ရှူး ပင်၊ ရှား စောင်း ပင် အ စား ကျောက် ပန်း ပင် ပေါ် ထွက် ၍၊ ထာ ဝ ရ ဘု ရား ရှေ့ တော်၌ မပြတ် မ စဲ နိုင် သော၊ နိ ယ မ သ ညာ အ ထိန်း အ မှတ် ဖြစ် လိမ့် သ တည်း။ Judson Bible အမျိုးမျိုးသော ဆူးပင်အရာ၌ ထင်းရှူးပင်နှင့် မုရတုပင်တို့သည် ပေါက်ကြလိမ့်မည်။ ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဖို့ရာ၊ မပျောက်မပျက်ရသော ထာဝရသက်သေဖြစ်ရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဆူးချုံအစား ထင်းရှူးပင်ပေါက်၍ နှင်းဆီရိုင်းပင်အစား မုရတုပင် ပေါက်လိမ့်မည်။ ဤအမှုသည် ထာဝရဘုရားအတွက်အထိမ်းအမှတ်၊ ဖျက်ဆီး၍မရသော ထာဝရအမှတ်လက္ခဏာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။ |
အချင်းလယ်ပြင်နှင့်လယ်ပြင်တွင်ရှိသမျှ သော အရာတို့၊ရွှင်လန်းဝမ်းမြောက်ကြလော့။ တော၌ရှိသောသစ်ပင်တို့သည်ရွှင်လန်း ဝမ်းမြောက်စွာကြွေးကြော်ကြလိမ့်မည်။
ထိုအရာတို့သည်အီဂျစ်ပြည်တွင် အနန္တတန်ခိုး ရှင်ထာဝရဘုရားရှိတော်မူကြောင်းသက်သေ ခံအမှတ်လက္ခဏာများဖြစ်လိမ့်မည်။ ပြည်သူတို့ သည်ဖိနှိပ်ချုပ်ချယ်ခြင်းကိုခံရ၍ ထာဝရ ဘုရားထံတော်သို့ကူမတော်မူရန်ဟစ်အော် ကြသောအခါ ကိုယ်တော်သည်သူတို့အား ကယ်တင်မည့်သူတစ်ဦးကိုစေလွှတ်တော် မူလိမ့်မည်။-
ကန္တာရသည်ရွှင်မြူးလိမ့်မည်။ မြေရိုင်းများတွင်လည်းပန်းများပွင့်လိမ့်မည်။ ကန္တာရသည်ဝမ်းမြောက် ရွှင်လန်းသဖြင့် သီချင်းဆိုကြွေးကြော်လိမ့်မည်။ လေဗနုန်တောင်ကဲ့သို့လှပတင့်တယ်လျက် ကာရမေလနှင့်ရှာရုန်တောင်ကုန်း လယ်ယာများကဲ့သို့အသီးအနှံများ ဝေဆာလျက် ရှိလိမ့်မည်။ လူအပေါင်းတို့သည်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်၏တန်ခိုးအာနုဘော်တော်ကို လည်းကောင်း ဖူးမြင်ရကြလိမ့်မည်။
ငါသည်သဲကန္တာရ၌အာရစ်ပင်(သစ်ကတိုး) နှင့် ထနောင်းပင်၊မုရတုပင်နှင့် သံလွင်ပင်များကိုလည်းကောင်းပေါက်စေမည်။ သစ်ပင်မပေါက်သောအရပ်တွင်ထင်းရှူးပင် အမျိုးမျိုးနှင့် အာရဇ်ပင်များ ရောနှောသည့်သစ်တောများ ပေါက်ရောက်လာလိမ့်မည်။
ထိုလူမျိုးတော်ကားမိမိအဖို့ငါ ဖန်ဆင်းခဲ့သူများဖြစ်၏။ သူတို့သည်လည်းငါ့ကိုထောမနာပြုကြ လိမ့်မည်။
ငါသည်ထိုစပျစ်ဥယျာဉ်ကိုပေါင်းပင်များ နှင့်ပြည့်နှက်နေစေမည်။ စပျစ်ခက်တို့ကိုရှင်း လင်း၍မြေကိုတူးဆွ၍ပေးလိမ့်မည်မဟုတ်။ ဆူးပင်အမျိုးမျိုးကိုပေါက်စေမည်။ ထိုဥယျာဉ် အပေါ်သို့မိုးမရွာစေရန် မိုးတိမ်များကိုပင် ငါပိတ်ပင်ဆီးတားမည်'' ဟုမြွက်ဆို၏။
တောင်ကြီးတောင်ငယ်တို့သည်ပြိုကွဲ ပျက်စီးကြလိမ့်မည်။ သို့ရာတွင်သင်တို့အပေါ်၌ထားရှိသည့် ငါ၏မေတ္တာတော်သည်အဘယ်အခါ၌မျှ ပျက်သုဉ်းလိမ့်မည်မဟုတ်။ ငြိမ်းချမ်းရေးဆိုင်ရာကတိတော်ကိုငါသည် အစဉ်တည်မြဲစေမည်'' ဟု သင်တို့ကိုချစ်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
ငါ၏ထံမှသားသမီးများထက်မွန်မြတ် သည့်ဆုကျေးဇူးကိုခံစားရကြလိမ့်မည်။ ငါ၏ဗိမာန်တော်၌လည်းကောင်း၊ ငါ၏လူ မျိုးတော်ထဲ၌လည်းကောင်းမမေ့မပျောက် နိုင်သောအမည်နာမကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်သင်တို့ကိုအဘယ်အခါ ၌မျှမေ့လျော့ကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
``အို ယေရုရှလင်မြို့၊ သင့်ကိုပြန်လည်တည်ဆောက်၍ ငါ၏ဗိမာန်တော်ကိုလှပတင့်တယ်စေရန်နှင့်၊ ငါခြေချရာနေရာကိုဘုန်းအသရေ ထွန်းတောက်စေရန် သူတို့သည်လေဗနုန်တောမှလက်ရွေးစင် ထင်းရှူးသား၊ တဒေရသားနှင့်တာရှုရသားတို့ကို သင့်ထံယူဆောင်လာကြလိမ့်မည်။
``ငါသည်သင့်အားကြေးဝါအစားရွှေ၊ သံအစားငွေနှင့်သစ်သားအစားကြေးဝါ ကို ပေးတော်မူမည်။ သင်သည်ကျောက်အစားသံကိုရရှိလိမ့်မည်။ သင်တို့ကိုအုပ်ချုပ်သူတို့အားတရားမျှတ ငြိမ်းချမ်းစွာအုပ်စိုးစေမည်။
သင်၏လူအပေါင်းတို့သည်မှန်ရာကိုပြုကျင့် ကြလျက်၊ ပြည်တော်ကိုအစဉ်အမြဲပိုင်ဆိုင်ရကြလိမ့်မည်။ လူအပေါင်းတို့ရှေ့တွင်ငါ၏ဘုန်းတော်ကို ထင်ရှားစေရန်၊ ငါသည်သူတို့ကိုပြုစုပျိုးထောင်ခဲ့ပြီ။
ဇိအုန်မြို့တွင်ပူဆွေးဝမ်းနည်းနေသူတို့အား ပူဆွေးခြင်းအစား ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ဝမ်းနည်းခြင်းအစားထောမနာသီချင်း ကိုလည်းကောင်း ပေးရန်ကိုယ်တော်သည်ငါ့အားစေလွှတ်တော်မူပြီ။ သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထင်ရှားစေရန် ကိုယ်တော်တိုင်စိုက်တော်မူသောဖြောင့်မတ်ခြင်း တည်းဟူသော ဝက်သစ်ချပင်များသဖွယ်စိုပြေဖွံ့ဖြိုးကြလိမ့်မည်။
မောရှေအားဖြင့်တန်ခိုးတော်ကိုအသုံးပြု ကာ မိမိ၏လူမျိုးတော်ရှေ့၌ပင်လယ်ရေကို နှစ်ချမ်းကွဲစေတော်မူပြီးလျှင် ထာဝစဉ်ကျော် ကြားလာတော်မူသောထာဝရဘုရားကား အဘယ်မှာနည်းဟု'' မေးကြ၏။
ကျွဲနွားများကိုစိမ်းလန်းစိုပြေသည့်ချိုင့်ဝှမ်း သို့ပို့ဆောင်သကဲ့သို့ ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အား ငြိမ်းအေးရာအရပ် သို့ပို့ဆောင်တော်မူ၏။ ဤနည်းအားဖြင့်ကိုယ် တော်သည် မိမိဘုန်းအသရေတော်ကိုထင် ရှားစေတော်မူသတည်း။
``နိမိတ်လက္ခဏာတစ်ခုကိုပြတော်မူရန် သင်၏ဘုရားသခင်ထာဝရဘုရားအား တောင်းလျှောက်လော့။ ထိုနိမိတ်လက္ခဏာသည် မရဏာနိုင်ငံမှလည်းကောင်း၊ အထက်ကောင်း ကင်ဘုံမှလည်းကောင်းဖြစ်နိုင်ပါသည်'' ဟု ပြောကြားစေတော်မူ၏။
သူတို့သည်လည်းကျောက်ထူထပ်သည့်ချိုင့် ဝှမ်းများ၊ ကျောက်ဂူများ၊ ဆူးခြုံရှိသမျှ နှင့်စားကျက်ရှိသမျှတို့ကိုကြိတ်ကြိတ် တိုးလာရောက်ကြလိမ့်မည်။
လေးမြားမပါဘဲအဘယ်သူမျှထိုအရပ် သို့သွားရဲကြလိမ့်မည်မဟုတ်။ တိုင်းပြည် တစ်ခုလုံးပင်လျှင်ဆူးခြုံအမျိုးမျိုး ဖြင့်ပြည့်၍နေလိမ့်မည်။-
ဣသရေလနှင့်ယုဒပြည်သားအပေါင်း တို့သည်ငါ၏လူမျိုးတော်ဖြစ်လာကြ လျက် ငါ၏နာမတော်ကိုချီးမွမ်းထော မနာပြုကြစိမ့်သောငှာ ငါသည်သူတို့ အားလူ၏ခါး၌တင်းကျပ်စွာကပ်လျက် နေသည့်ခါးဝတ်ကဲ့သို့ ငါနှင့်နီးနီးကပ် ကပ်ရှိနေစေလိုသည်။ သို့သော်သူတို့ သည်ငါ့စကားကိုနားမထောင်ကြ။
ယေရုရှလင်မြို့သည်ငါဝမ်းမြောက်ဂုဏ်ယူ ဝါကြွားစရာဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိလူ မျိုးအပေါင်းတို့သည် ထိုမြို့အားငါပေး အပ်သည့်ကောင်းကျိုးချမ်းသာအကြောင်း ကိုလည်းကောင်း၊ ထိုမြို့သို့ငါဆောင်ယူ လာသည့်စည်ပင်ဝပြောမှုအကြောင်းကို လည်းကောင်း ကြားသိရသောအခါကြောက် လန့်တုန်လှုပ်၍သွားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
သူတို့သည်ဇိအုန်မြို့သို့သွားရာလမ်းကို မေးမြန်းစုံစမ်းလျက် ထိုမြို့သို့ရှေ့ရှု၍ သွားကြလိမ့်မည်။ သူတို့သည်ထာဝရ ဘုရားနှင့်ထာဝစဉ်ပဋိညာဉ်ဖွဲ့ပြီးလျှင် ထိုပဋိညာဉ်ကိုအဘယ်အခါ၌မျှချိုး ဖောက်ကြလိမ့်မည်မဟုတ်။
ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ အားမထီမဲ့မြင်ပြုသောပတ်ဝန်းကျင်ရှိလူမျိုး တို့သည် နောက်တစ်ဖန်နာကျင်စွာစူးသောငြောင့် သဖွယ်မဖြစ်ရ။ ငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းကိုသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
အတော်ဖြောင့်ဆုံးဟုဆိုရသောသူများ ပင်လျှင် ပေါင်းပင်ကဲ့သို့အသုံးမကျချေ။ ဘုရားသခင်သည်သူတို့၏ကင်းစောင့် သဖွယ်ဖြစ်သော ပရောဖက်များမှတစ်ဆင့် သတိပေးသည့်အတိုင်း လူများကိုဒဏ်ခတ် မည့်အချိန်ရောက်လာပြီ။ သူတို့သည်ယခု အခါကယောင်ချောက်ချားဖြစ်လျက်ရှိ ကြ၏။-
ငါသည်မြင်းနီကိုစီးလျက်နေသူထာဝရ ဘုရား၏ကောင်းကင်တမန်တစ်ပါးကိုမြင် ရ၏။ သူသည်ချိုင့်ဝှမ်းထဲတွင်ရှိသောကျောက် ပန်းပင်များအလယ်တွင်ရပ်တန့်လျက်နေ၏။ သူ၏နောက်၌မူမြင်းနီ၊ မြင်းပြောက်ကြား၊ မြင်းဖြူစသည့်အခြားမြင်းများရှိ၏။-
``ကောင်းကင်ဘဝဂ်ဝယ်ထာဝရဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ ကမ္ဘာပေါ်တွင်ကိုယ်တော်နှစ်သက်တော်မူသော လူအပေါင်းတို့၌ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း'' ဟုမြွက်ဆိုကြ၏။
သင်တို့သည်များစွာသောအသီးသီးခြင်း အားဖြင့် ငါ့ခမည်းတော်၏ဘုန်းအသရေ တော်ကိုထွန်းတောက်စေ၏။ ဤနည်းအားဖြင့် သင်တို့သည်ငါ၏တပည့်များဖြစ်လာကြ ၏။-
(သင်တို့၏ဇာတိသဘောအရအားနည်းမှု ကြောင့် လူတို့နားလည်နိုင်သောဝေါဟာရကို ငါသုံးခြင်းဖြစ်သည်။) အခါတစ်ပါးက သင်တို့သည်ဆိုးယုတ်မှုအမျိုးမျိုးကိုပြု ကျင့်နိုင်ရန် မိမိတို့ကိုယ်ကိုညစ်ညမ်းဆိုးယုတ် မှု၏လက်သို့ကျွန်အဖြစ်ဖြင့်လုံးဝအပ်နှံ ခဲ့ကြ၏။ ထိုနည်းတူစွာသင်တို့သည်ယခု အခါ၌သန့်ရှင်းမြင့်မြတ်သည့်အမှုကို ပြုကျင့်နိုင်ရန် မိမိတို့၏ကိုယ်ကိုဖြောင့်မတ် ခြင်းတရား၏လက်သို့ကျွန်အဖြစ်ဖြင့်လုံးဝ အပ်နှံကြလော့။
ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းရှိသူသည် သတ္တဝါသစ်ဖြစ်၏။ သူသည်ဘဝဟောင်းကိုစွန့် ၍ဘဝသစ်သို့ဝင်စားပြီ။-
တရားဟောပြောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်ကိုဟောပြောစေ။ အစေခံသော သူသည်ဘုရားသခင်ပေးတော်မူသောအစွမ်း သတ္တိအတိုင်းလုပ်ဆောင်စေ။ သို့မှသာပြုလေ သမျှသောအမှုတို့တွင် ယေရှုခရစ်အား ဖြင့်ဘုရားသခင်၏ဘုန်းအသရေထွန်းလင်း လိမ့်မည်။ အရှင်ယေရှုခရစ်သည်ကမ္ဘာအဆက် ဆက်ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။