ဣသရေလ၊သင်ငယ်စဉ်အခါမှစ၍ ရန်သူများသည် သင့်ကိုအဘယ်သို့ရက်စက်စွာညှဉ်းဆဲ နှိပ်စက်ကြကြောင်းကိုငါတို့အားဖော်ပြလော့။
ဟေရှာယ 47:12 - Common Language Bible သင်၏ဂါထာမန္တန်များနှင့်အဆောင်လက်ဖွဲ့ များကို ဆောင်ထားလော့။ ထိုအရာများကိုသင်သည်ငယ်စဉ်အခါ ကပင်လျှင် အသုံးပြု၍လာခဲ့၏။ ယင်းတို့သည်သင့်အားအကူအညီ ပေးကောင်းပေးပါလိမ့်မည်။ သင်၏ရန်သူများကိုလည်းနှင်ထုတ်ကောင်း နှင်ထုတ်နိုင်ပါလိမ့်မည်။ Garrad Bible ငယ် ရွယ် စဉ် က ပင်၊ သင် လုံ့ လ ပြု ခဲ့ သော မ န္တ ရား နှင့် ဝိ ဇ္ဇာ အ တတ် အ မြောက် အ မြား ကို သာ မှီ ဝဲ လော့။ အ ကျိုး ရ ကောင်း ရ လိမ့် မည်။ ခြိမ်း ချောက် တတ် ကောင်း တတ် လိမ့် တ ကား။ Judson Bible သင်သည် ငယ်သောအရွယ်မှစ၍၊ ကြိုးစားအားထုတ်သော နတ်ဝိဇ္ဇာအတတ်နှင့်၊ ပြုစားသောအတတ် အမျိုးမျိုးတို့ကို အမှီပြု၍ တည်နေလော့။ အကျိုးကို ရကောင်းလျှင် ရလိမ့်မည်။ နိုင်ကောင်းလျှင် နိုင်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သင်ငယ်စဉ်ကတည်းက လေ့လာလိုက်စားခဲ့သော ဂါထာမန္တန်နှင့် မှော်အတတ်အမျိုးမျိုးတို့ကို ဆက်၍လိုက်စားလော့။ အကျိုးရှိကောင်းရှိလိမ့်မည်။ ဖျက်ဆီးခြင်းဘေးကို ခြောက်လှန့်နိုင်ကောင်းခြောက်လှန့်နိုင်လိမ့်မည်။ |
ဣသရေလ၊သင်ငယ်စဉ်အခါမှစ၍ ရန်သူများသည် သင့်ကိုအဘယ်သို့ရက်စက်စွာညှဉ်းဆဲ နှိပ်စက်ကြကြောင်းကိုငါတို့အားဖော်ပြလော့။
ထိုအခါဘုရင်သည်သူ၏ပညာရှိများနှင့် မှော်ဆရာများကိုဆင့်ခေါ်၍၊ သူတို့သည် မှော်အတတ်ဖြင့်အလားတူပညာစွမ်းကို ပြကြ၏။-
မှော်ဆရာတို့ကလည်းမိမိတို့၏အတတ် ပညာဖြင့် အီဂျစ်ပြည်သို့ဖားများတက် လာစေကြ၏။
အခြားသောအီဂျစ်အမျိုးသားတို့ကဲ့သို့ မှော်ဆရာတို့ကိုယ်ပေါ်တွင်လည်းအနာဆိုး များပေါက်လျက်ရှိသဖြင့် သူတို့သည် မောရှေရှေ့သို့မလာနိုင်ကြတော့ချေ။-
ငါသည်အီဂျစ်အမျိုးသားတို့၏ အကြံ အစည်များကိုပျက်စီးစေ၍ သူတို့၏စိတ် ဋ္ဌာတ်ကိုလည်းပျက်ပြားသွားစေမည်။ သူတို့ သည်မိမိတို့ကိုးကွယ်သည့်ရုပ်တုများထံ တွင်အကူအညီတောင်းခံကြလိမ့်မည်။ နတ် ဝင်သည်များထံသွားရောက်မေးမြန်းစုံစမ်း ကာ၊ သူသေတို့၏ဝိညာဉ်များအားအကြံ ဉာဏ်တောင်းခံကြလိမ့်မည်။-
ငါသည်ဗေဒင်ဆရာတို့ကိုအရူးဖြစ်စေ၍ နက္ခတ်ဆရာတို့၏ဟောကြားချက်များကို ပျက်ပြားစေ၏။ ပညာရှိတို့၏စကားများကိုချေပ၍သူတို့ ပညာရှိမှုသည်မိုက်မဲမှုဖြစ်နေပုံကိုပြသ ပေး၏။
လူတို့သည်ဖတ်ရွတ်သရဇ္စျာယ်တတ်သူဗေဒင် ဆရာများနှင့် နတ်ဝင်သည်တို့အားစုံစမ်း မေးမြန်းရန်သင်တို့အားပြောကြလိမ့်မည်။ သူတို့က``လူတို့သည်အသက်ရှင်သူတို့ ကိုယ်စားသေသူတို့၏ဝိညာဉ်များကိုမေး မြန်းစုံစမ်းအပ်သည်'' ဟုဆိုကြလိမ့်မည်။
``မိမိတို့အတွက်သင်တို့ပြုလုပ်ထားသည့် ဘုရားများကားအဘယ်မှာနည်း။ သင်တို့ဒုက္ခ ရောက်ချိန်ထိုဘုရားများကယ်နိုင်လျှင်ကယ် စေကြလော့။ အို ယုဒပြည်၊ သင်၏မြို့တို့သည် များပြားသကဲ့သို့ သင်ပြုလုပ်သောဘုရား တို့သည်လည်းများပြားလှပါသည်တကား။-
ဤကားငါအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။ သင်၏ရာဇသရဖူနှင့် ဦးရစ်ကိုချွတ်လိုက်လော့။ အခြေအနေအား လုံးပြောင်းလဲသွားလေပြီ။ ဆင်းရဲသူတို့ အားတန်ခိုးအာဏာပေးအပ်၍ တန်ခိုး အာဏာရှိသူတို့ကိုနိမ့်ကျစေအံ့။-
အရှင်မင်းကြီးမေးတော်မူသောအရာသည် လွန်စွာခက်ခဲသဖြင့် ဘုရားများမှလွဲ၍ အဘယ်သူမျှဖော်ပြနိုင်မည်မဟုတ်ပါ။ ဘုရားတို့သည်လည်းလူသားများနှင့် အတူနေထိုင်ကြသည်မဟုတ်ပါ'' ဟု လျှောက်ထားကြ၏။
သို့ဖြစ်၍မိမိမည်သည့်အိပ်မက် မက်သည်ကို ဖော်ပြရန်နက္ခဟောဆရာများ၊ ပယောဂ ဆရာများ၊ စုံးအတတ်ကိုတတ်သူများနှင့် မှော်ဆရာများကိုဆင့်ခေါ်တော်မူစေ၏။ သူ တို့သည်ရှေ့တော်သို့ရောက်ကြသောအခါ၊-
ငါသည်မိမိ၏အတိုင်ပင်ခံအရာရှိများ နှင့်ဗေဒင်ဆရာများကိုဆင့်ခေါ်ကာစေခိုင်း သော်လည်း သူတို့သည်မဖော်ပြနိုင်ကြပါ။-
အနာဂတ်ကိုဟောသူတို့သည်ဟောကိန်း မမှန်သဖြင့် အရှက်ကွဲရလိမ့်မည်။ သူတို့ သည်ဘုရားသခင်ထံတော်မှဗျာဒိတ်မခံ ရသဖြင့်အသရေပျက်ကြလိမ့်မည်။
နိနေဝေမြို့တည်းဟူသောပြည့်တန်ဆာမသည် အပြစ်ဒဏ်ခံရလေပြီ။ သူသည်လူတို့၏စိတ်ကိုယိုဖိတ်စေလောက်အောင် ချောမောလှသဖြင့်၊လူမျိုးတကာ၏စိတ်ကို ဆွဲဆောင်ကာ ဖြားယောင်းသွေးဆောင်ခဲ့ပေသည်။
မြည်းသည်ကောင်းကင်တမန်ကိုမြင်သော အခါနံရံတစ်ဖက်သို့ကပ်သဖြင့် ဗာလမ် ၏ခြေညှပ်မိလေသည်။ ထိုအခါဗာလမ် သည်မြည်းကိုရိုက်ပြန်သည်။-
လူအသက်ကိုသတ်ခြင်း၊ စုန်းနတ်ပြုစားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာခိုးခြင်း အပြစ်များအတွက်လည်းနောင်တမရကြ။