လူတို့သည်မိမိတို့၏ရွှေအိတ်များမှရွှေ များကို သွန်ချကာ၊ ငွေများကိုလည်းချိန်ခွင်နှင့်ချိန်တွယ်ပြီးလျှင်၊ ဘုရားသွန်းလုပ်ရန်ပန်းထိမ်သည်ကိုငှားရမ်း ကြ၏။ ထိုနောက်၊ထိုဘုရားအားဦးညွှတ်ဝတ်ပြုကိုးကွယ် ကြပါသည်တကား။
အိတ် ထဲ မှ ရွှေ ကို ထုတ် ခြင်း၊ ချိန် ခွင် နှင့် ငွေ ကို စက် ခြင်း ခြင်း ပြု သော သူ တို့ သည် ပန်း ထိမ် သည် ကို ငှား၍၊ ဘု ရား ရုပ် တု လုပ် စေ ပြီး လျှင်၊ ပျပ် ဝပ် ရှိ ခိုး တတ် ကြ သည် တ ကား။
ရွှေကို အိတ်ထဲကများစွာထုတ်လျက်၊ ငွေကိုလည်း ချိန်ခွင်နှင့်ချိန်လျက်၊ ပန်းထိမ်သမားကိုငှား၍ ဘုရားကို လုပ်စေပြီးမှ၊ ပျပ်ဝပ်ကိုးကွယ်ကြသည် တကား။
ရွှေကို အိတ်ထဲမှသွန်ချသောသူ၊ ငွေကို ချိန်ခွင်နှင့်ချိန်သောသူတို့သည် ပန်းထိမ်သမားကိုငှားရမ်း၍ ဘုရားရုပ်တုထုလုပ်စေပြီး ပျပ်ဝပ်ကိုးကွယ်ကြ၏။
ယင်းသို့တွေးတောပြီးနောက် ယေရောဗောင်သည် ရွှေနွားလားဥသဘရုပ်နှစ်ကောင်ကိုသွန်း လုပ်၍ပြည်သူတို့အား``သင်တို့သည်ကိုးကွယ် ဝတ်ပြုရန်အတွက် ယေရုရှလင်မြို့သို့သွားရ ကြသည်မှာကာလအတော်ကြာပြီ။ အို ဣသ ရေလပြည်သူတို့၊ သင်တို့အားအီဂျစ်ပြည် မှထုတ်ဆောင်လာတော်မူသောဘုရားများ ကားဤဘုရားများပင်တည်း'' ဟုမိန့်တော် မူ၏။-
လက်များပါရှိလျက်နှင့်မထိမတွေ့နိုင်။ ခြေများရှိပါလျက်နှင့်လမ်းမလျှောက်နိုင်။ သူတို့သည်အသံတစ်စုံတစ်ခုကိုမျှ မပြုနိုင်။
သူတို့သည်ငါချမှတ်သောလမ်းစဉ်မှသွေဖည် သွားကြလေပြီ။ ရွှေနွားငယ်ရုပ်ကိုသွန်းလုပ် ပြီးလျှင်၊ ထိုရုပ်တုကိုယဇ်ပူဇော်ရှိခိုးကြ ပြီ။ ထိုဘုရားသည် သူတို့အားအီဂျစ်ပြည် မှထုတ်ဆောင်ခဲ့သောဘုရားဖြစ်ကြောင်း၊ ကြွေးကြော်နေကြပြီ။''-
သူတို့၏ပြည်သည်ရုပ်တုဆင်းတုများနှင့်ပြည့် နှက်နေလျက်လူတို့သည် မိမိတို့လက်ဖြင့်ပြု လုပ်သည့်အရာများကိုဝတ်ပြုကိုးကွယ် ကြပါ၏။
သင်တို့သည်ငွေဖြင့်မွမ်းမံထားသည့်ရုပ်တု များနှင့်ရွှေဖြင့်မွမ်းမံထားသည့်ရုပ်တုများ ကိုယူ၍``ငါတို့မျက်မှောက်မှသွားကြပေ တော့'' ဟုဆိုကာ၊ အညစ်အကြေးသဖွယ် ပစ်ထုတ်လိုက်လိမ့်မည်။-
ထာဝရဘုရားက၊ ``လူမျိုးတကာတို့လာရောက်စုဝေးကြလော့။ ဧကရာဇ်နိုင်ငံကျဆုံးပြီးနောက်အသက် မသေဘဲ ကျန်ရှိနေသူအပေါင်းတို့၊ အချင်းအသိပညာကင်းမဲ့သူတို့၊ မိမိတို့၏သစ်သားရုပ်တုများကို ခင်းကျင်းပြသကာ၊ ကယ်တင်နိုင်စွမ်းမရှိသည့်ဘုရားများထံတွင် ဆုတောင်းပတ္ထနာပြုသူတို့၊ တရားဆိုင်ရန်လာရောက်ကြလော့။
ဤအခြင်းအရာကိုမြင်ခြင်းကြောင့် လူအပေါင်းတို့သည်ထုံထိုင်း၍အသိဉာဏ် ကင်းမဲ့သူများဖြစ်လာရကြလေသည်။ ပန်းတဉ်းဆရာအပေါင်းတို့သည် မိမိတို့သွန်းလုပ်သည့်ဘုရားများမှာ အစစ်အမှန်မဟုတ်သဖြင့်စိတ်ပျက် ရကြ၏။ အဘယ်ကြောင့်ဆိုသော်ရုပ်တုများတွင် အသက်မရှိသောကြောင့်တည်း။
သူတို့ကိုးကွယ်သည့်ရုပ်တုများသည်တာရှု ပြည်မှ ထွက်သည့်ငွေနှင့်လည်းကောင်း၊ ဥဖတ်မြို့မှထွက်သည့်ရွှေနှင့်လည်းကောင်း မွမ်းမံထားသဖြင့်၊ အနုပညာသည်တို့၏လက်ရာဖြစ်ပေသည်။ ထိုရုပ်တုများသည်ကျွမ်းကျင်သူယက်ကန်း သည်တို့၊ ယက်လုပ်ထားသောခရမ်းရောင်ထည်၊ အပြာရောင်ထည်တို့ဖြင့်တန်ဆာဆင်၍ ထား၏။
ထိုပြည်တွင်မိုးခေါင်စေ၍မြစ်များကိုခန်း ခြောက် စေကြလော့။ ဗာဗုလုန်ပြည်သည်ထိတ်လန့်ဖွယ်ကောင်းသည့် ရုပ်တုပေါများသည့်ပြည်ဖြစ်ပေသည်။ ထိုရုပ်တုများကြောင့်ပြည်သူတို့သည် မိုက်မဲသူများဖြစ်ကြလေပြီ။
နေဗုခဒ်နေဇာမင်းသည်အမြင့်ပေကိုး ဆယ်၊ အနံကိုးပေရှိသောရွှေရုပ်ကြီးကို သွန်းလုပ်စေပြီးလျှင်ဗာဗုလုန်ဒုရလွင် ပြင်တွင်တည်ထားစေတော်မူ၏။-
သူတို့သည်အတတ်ပညာရှင်တို့၏အကူ အညီနှင့်ငွေရုပ်တုများကိုသွန်းလုပ်ခြင်း အားဖြင့်အပြစ်ပြုမြဲပြုကြလျက်ရှိ၏။ ထိုနောက်သူတို့က``ဤရုပ်တုများကိုယဇ် ပူဇော်ကြ'' ဟုဆို၏။ လူသည်ထိုနွားရုပ် တုများကိုနမ်းသင့်ပါသလော။-
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်ကြသည့်အားလျော်စွာ ဘုရားသခင်သည် လူတို့၏စိတ်ကူးနှင့်အနုပညာစွမ်းရည်ဖြင့် ထုလုပ်ထားသောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက် ရုပ်တုတို့နှင့်တူတော်မူသည်ဟုမထင်မမှတ် အပ်။-