ရုပ်တုများကိုရှိခိုးဝတ်ပြုသူအပေါင်းတို့သည် အရှက်ရကြ၏။ ဘုရားရှိသမျှတို့သည်လည်းကိုယ်တော်၏ ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြ၏။
ဟေရှာယ 45:16 - Common Language Bible ရုပ်တုများကိုပြုလုပ်သူအပေါင်းတို့သည် အရှက်ကွဲကြလိမ့်မည်။ ထိုသူအားလုံးပင်အသရေပျက်ကြလိမ့်မည်။ Garrad Bible ရုပ် ပွား ကို ထု လုပ် သူ အ ပေါင်း တို့ သည် ကျိုး ယုတ် ရှက် ကွဲ၍ ရှုတ် ချ ခြင်း သို့ ရောက် ကြ လိမ့် မည်။ Judson Bible ရုပ်တုကိုလုပ်သော သူအပေါင်းတို့သည် ရှက်ကြောက်၍ မိန်းမောတွေဝေကြလိမ့်မည်။ အရှက်ကွဲ၍ တစ်ပြိုင်နက် ဆုတ်သွားကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ရုပ်တုထုလုပ်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ အသရေပျက်ရလိမ့်မည်။ အသရေပျက်လျက် အတူတကွထွက်သွားရလိမ့်မည်။ |
ရုပ်တုများကိုရှိခိုးဝတ်ပြုသူအပေါင်းတို့သည် အရှက်ရကြ၏။ ဘုရားရှိသမျှတို့သည်လည်းကိုယ်တော်၏ ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြ၏။
ငါသည်သဲကန္တာရ၌အာရစ်ပင်(သစ်ကတိုး) နှင့် ထနောင်းပင်၊မုရတုပင်နှင့် သံလွင်ပင်များကိုလည်းကောင်းပေါက်စေမည်။ သစ်ပင်မပေါက်သောအရပ်တွင်ထင်းရှူးပင် အမျိုးမျိုးနှင့် အာရဇ်ပင်များ ရောနှောသည့်သစ်တောများ ပေါက်ရောက်လာလိမ့်မည်။
ရုပ်တုများကိုယုံကြည်ကိုးစားကြသူတို့သည် လည်းကောင်း၊ ရုပ်တုများကိုမိမိတို့၏ဘုရားဟုခေါ်ဝေါ်ကြ သူတို့သည်လည်းကောင်း ရှုတ်ချခြင်းကိုခံရ၍အသရေပျက်ကြလိမ့် မည်။''
ထိုရုပ်တုကိုဝတ်ပြုကိုးကွယ်သူမှန်သမျှ သည် ရှုတ်ချခြင်းကိုခံရလိမ့်မည်။ ရုပ်တုဆင်း တုများကိုသွန်းလုပ်သူတို့သည် သာမန်လူ သားများသာလျှင်ဖြစ်ပေသည်။ သူတို့သည် ငါ၏ရှေ့တော်သို့လာရောက်၍အစစ်အဆေး ခံကြပါလေစေ။ သူတို့သည်ထိတ်လန့် တုန်လှုပ်ကာအရှက်ကွဲရကြလိမ့်မည်။
ရုပ်တုဆင်းတုပြုလုပ်သူအပေါင်းတို့သည် တန်ဖိုးမဲ့သူများဖြစ်၍ သူတို့အမြတ်တနိုး ထားသည့်ဘုရားများသည်လည်းအသုံးမဝင် ကြ။ ထိုဘုရားများကိုကိုးကွယ်ဝတ်ပြုကြ သောသူတို့သည်မျက်စိကန်းသူများ၊ အသိ ပညာကင်းမဲ့သူများဖြစ်၏။ သူတို့သည် အသရေပျက်ကြလိမ့်မည်။-
ထာဝရဘုရားက၊ ``လူမျိုးတကာတို့လာရောက်စုဝေးကြလော့။ ဧကရာဇ်နိုင်ငံကျဆုံးပြီးနောက်အသက် မသေဘဲ ကျန်ရှိနေသူအပေါင်းတို့၊ အချင်းအသိပညာကင်းမဲ့သူတို့၊ မိမိတို့၏သစ်သားရုပ်တုများကို ခင်းကျင်းပြသကာ၊ ကယ်တင်နိုင်စွမ်းမရှိသည့်ဘုရားများထံတွင် ဆုတောင်းပတ္ထနာပြုသူတို့၊ တရားဆိုင်ရန်လာရောက်ကြလော့။
ထိုအခါမိမိတို့ယုံကြည်ခဲ့ကြသောဗေသလ ဘုရားကို ဣသရေလအမျိုးသားတို့စိတ်ပျက် ကြသကဲ့သို့ မောဘပြည်သူတို့သည်မိမိတို့ ၏ခေမုရှဘုရားကိုလည်းစိတ်ပျက်ကြလိမ့် မည်။