ဟေရှာယ 45:12 - Common Language Bible ငါသည်ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေ၍လူ တို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၏။ မိမိတန်ခိုးတော်အားဖြင့် မိုးကောင်းကင်ကိုဖြန့်ကြက်၍နေ၊လ၊ ကြယ်တာရာများကိုထိန်းချုပ်၍ထား၏။ Garrad Bible ငါ သည် မြေ ပ ထ ဝီ ကို ပြု ပြင်၍ မြေ ပေါ် တွင် လူ ကို ဖန် ဆင်း လေ ပြီ။ မိုး ကောင်း ကင် ကို ကိုယ့် လက် ဖြင့် ကြက်၍၊ က မ္ဘာ့ တန် ဆာ ရှိ သ မျှ ကို စီ မံ ပြီး ဖြစ် သည် နှင့် အ ညီ၊ Judson Bible မြေကြီးကို ငါလုပ်လေပြီ။ မြေကြီးပေါ်မှာ လူကိုလည်း ဖန်ဆင်းလေပြီ။ မိုးကောင်းကင်ကို ကိုယ်လက်နှင့် ငါကြက်လေပြီ။ မိုးကောင်းကင်တန်ဆာအပေါင်းတို့ကို ငါခန့်ထားလေပြီ။ မြန်မာ့စံမီသမ္မာကျမ်း ငါကိုယ်တော်တိုင် မြေကြီးကိုတည်၍ မြေကြီးပေါ်၌ လူကိုဖန်ဆင်းပြီ။ ငါသည် မိုးကောင်းကင်ကို ငါ့လက်နှင့်ဖြန့်ကြက်၍ မိုးကောင်းကင်တန်ဆာရှိသမျှတို့ကို အမိန့်ပေးပြီ။ |
ထိုအမိန့်တော်တွင် ဤကားပေရသိပြည်ကုရုမင်း၏အမိန့်တော်ဖြစ်သည်။ ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည် ငါ့အားကမ္ဘာတစ်ဝှမ်းလုံးကိုအစိုးရစေတော်မူ၍ ယုဒပြည်ယေရုရှလင်မြို့၌ဗိမာန်တော်ကိုတည်ဆောက်ရန် တာဝန်ကိုငါ့အားပေးအပ်တော်မူလေပြီ။-
ထိုနောက် ဣသရေလအမျိုးသားတို့ကဤပတ္ထနာကို ဆုတောင်းကြ၏။ ``အို ထာဝရဘုရားကိုယ်တော်သာလျှင် ထာဝရဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်သည်မိုးကောင်းကင်နှင့်ကောင်းကင် ကြယ်နက္ခတ်များကိုဖန်ဆင်းတော်မူပါ၏။ မြေကြီးနှင့်ပင်လယ်ကိုလည်းကောင်း မြေကြီးပေါ်နှင့်ပင်လယ်တွင်ရှိသောအရာများ ကိုလည်းကောင်းဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်သည်အရာခပ်သိမ်းကို အသက်ရှင်စေတော်မူပါ၏။ မိုးကောင်းကင်ကြယ်နက္ခတ်တို့သည် ကိုယ်တော်အားဦးညွှတ်ရှိခိုးကြပါ၏။
သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။
ကိုယ်တော်ရှင်သည်ရှေးအခါကကမ္ဘာမြေ ကြီးကို တည်စေတော်မူပြီးလျှင်လက်တော်ဖြင့် မိုးကောင်းကင်ကိုဖန်ဆင်းတော်မူပါ၏။
ကိုယ်တော်ရှင်သည်မိမိကိုယ်ကိုအလင်းရောင်ဖြင့် လွှမ်းခြုံတော်မူပါ၏။ မိုးကောင်းကင်ကိုတဲရှင်သဖွယ်ဖြန့်တော်မူ၍
သမုဒ္ဒရာရေကိုလက်ခုပ်ဖြင့်ချင်တွယ်နိုင်သူ၊ သို့တည်းမဟုတ်၊မိုးကောင်းကင်ကိုလက်နှင့်ထွာ၍ တိုင်းတာနိုင်သူရှိပါသလော။ မြေဆီလွှာရှိသမျှကိုခွက်ဖလားတွင်ထည့် ထားနိုင်သူ၊ သို့တည်းမဟုတ်တောင်ကြီးတောင်ငယ်တို့ကို ချိန်ခွင်နှင့်ချိန်စက်နိုင်သူရှိပါသလော။
ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေသူကား မြေကြီးနှင့်မိုးကောင်းကင်၏အထက်၌ရှိသော ပလ္လင်တော်ပေါ်တွင်စံပယ်တော်မူသောအရှင် ပေတည်း။ အောက်မြေကြီးပေါ်ရှိလူတို့သည်ကား ပုရွက်ဆိတ်များကဲ့သို့သေးငယ်သည်ဟု ထင်မှတ်ရပေသည်။ ကိုယ်တော်သည်မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့လည်းကောင်း၊ လူတို့နေထိုင်ရာတဲကဲ့သို့လည်းကောင်း ဖြန့်တော်မူ၏။
မိုးကောင်းကင်သို့မျှော်ကြည့်ကြလော့။ သင်တို့မြင်ရသည့်ကြယ်များကိုအဘယ်သူ ဖန်ဆင်းတော်မူပါသနည်း။ ယင်းတို့အားစစ်သည်ဗိုလ်ခြေသဖွယ် ထုတ်ဆောင်လာတော်မူသောအရှင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်ကြယ်များကိုရေတွက် ထားတော်မူပြီးလျှင်နာမည်တပ်၍ ခေါ်တော်မူပါသည်တကား။ ကိုယ်တော်သည်လွန်စွာတန်ခိုးကြီးတော်မူသဖြင့် ထိုကြယ်တို့သည်တစ်လုံးတစ်လေမျှ ပျောက်ပျက်သည့်အခါဟူ၍မရှိ။
ထာဝရဘုရားသည်ကာလအစဉ်အဆက် တည်တော်မူသောဘုရားသခင်ဖြစ်တော်မူသည်ကို သင်တို့မသိကြပါသလော။ မကြားဘူးကြပါသလော။ ကိုယ်တော်သည်ကမ္ဘာလောကကို ဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်သည်အဘယ်အခါ၌မျှမောပန်း နွမ်းလျတော်မမူပါ။ အဘယ်သူမျှကိုယ်တော်၏အကြံအစည်တော် တို့ကို နားမလည်နိုင်ပါ။
ဘုရားသခင်သည်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၍ဖြန့်ကျက်ထားတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးနှင့်တကွ သက်ရှိ သတ္တဝါအပေါင်းကိုဖန်ဆင်းတော်မူ၏။ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့အားလည်း၊ အသက်နှင့်ထွက်သက်ဝင်သက်ကိုပေးတော် မူ၏။ ယခုထာဝရအရှင်ဘုရားသခင်ကမိမိ၏ အစေခံအားပြောသည်မှာ၊
``ငါသည်သင်တို့ကို ဖန်ဆင်းတော်မူသောအရှင်ကယ်တင်ရှင်၊ ထာဝရဘုရားဖြစ်တော်မူ၏။ ငါသည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းသည့် ထာဝရဘုရားတည်း။ မိုးကောင်းကင်ကိုငါတစ်ပါးတည်းဖြန့်ကြက်ခဲ့၏။ ကမ္ဘာမြေကြီးကိုငါဖန်ဆင်းသောအခါ အဘယ်သူမျှငါ့အားမကူညီခဲ့ကြ။
ထာဝရဘုရားသည်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ ကိုယ်တော်သည်ဘုရားသခင်ဖြစ်တော်မူ ပါသည်တကား။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုပြုပြင် ဖန်ဆင်းတော်မူ၍၊ခိုင်ခန့်တည်မြဲစေတော်မူ၏။ ယင်းကိုကိုယ်တော်သည်လူသူကင်းမဲ့ရာနေရာ အဖြစ်ဖြင့်ဖန်ဆင်းတော်မူသည်မဟုတ်။ လူတို့နေထိုင်ရာအရပ်အဖြစ်ဖြင့်ဖန်ဆင်း တော်မူပေသည်။ ကိုယ်တော်ကား``ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှမရှိ။
ငါ၏လက်တော်သည်ကမ္ဘာမြေကြီး အုတ်မြစ်များကိုချ၍၊ မိုးကောင်းကင်ကိုဖြန့်ကြက်ခဲ့၏။ ငါသည်ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်ကို ဆင့်ခေါ်သောအခါ၊သူတို့သည်ချက်ချင်း ပေါ်ပေါက်လာကြပါသည်တကား။
မိုးကောင်းကင်ကိုဖြန့်ကြက်၍ကမ္ဘာမြေကြီးကို အုတ်မြစ်ချကာ၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရားအား၊ သင်တို့သည်မေ့လျော့ကြလေပြီလော။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူများ၊သင်တို့ကို သုတ်သင် ဖျက်ဆီးပစ်ရန်အသင့်ရှိသူများအား၊ အဘယ်ကြောင့်သင်တို့သည်အစဉ်အမြဲကြောက်၍ နေရကြပါမည်နည်း။ သူတို့၏အမျက်ဒေါသသည်သင်တို့အား အဘယ်အခါ၌မျှဘေးဥပဒ်မဖြစ်စေနိုင်။
ငါသည်မိမိ၏ကြီးမားသောတန်ခိုးစွမ်း ရည်တော်ဖြင့်ကမ္ဘာမြေပေါ်ရှိလူများ၊ တိ ရစ္ဆာန်များနှင့်တကွကမ္ဘာလောကကိုဖန် ဆင်းတော်မူခဲ့သည်ဖြစ်၍ ထိုကမ္ဘာလောက ကိုမိမိ၏ဆန္ဒအလျောက်အဘယ်သူ့အား မဆိုပေးအပ်နိုင်ပေသည်။-
``အို ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော် ရှင်သည်မဟာတန်ခိုးအာနုဘော်တော်အား ဖြင့်ကမ္ဘာမိုးမြေကိုဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်ရှင်မတတ်နိုင်လောက်အောင်ခက်ခဲ သောအရာဟူ၍မရှိပါ။-
ဤဗျာဒိတ်တော်သည်မိုးကောင်းကင်ကို ဖြန့်ကြက်၍ကမ္ဘာမြေကြီးကိုဖန်ဆင်းပြီး လျှင် လူသတ္တဝါအားအသက်ကိုပေးတော် မူသောထာဝရဘုရား၏ထံတော်မှ ဣသရေလအမျိုးသားတို့နှင့်စပ်ဆိုင် သည့်ဗျာဒိတ်တော်ဖြစ်၏။-
``ဘုရားသခင်သည်ကမ္ဘာပေါ်တွင် လူကိုဖန်ဆင်း သောအချိန်မှအစပြု၍သင်တို့မဖွားမြင် မီအတိတ်ကာလအတွင်းကမ္ဘာလောကတစ်ဝန်း လုံးတွင် ဤမျှလောက်အံ့သြဖွယ်သောအမှုကြီး ဖြစ်ပျက်ဖူးပါသလော။ ယင်းကဲ့သို့သောအမှု ကြီး၏သတင်းကိုကြားဖူးပါသလော။ စူး စမ်းရှာဖွေကြည့်လော့။-
မမြင်နိုင်သောအရာထဲမှမြင်ရသောအရာ ဖြစ်ပေါ်လာစေရန်ဘုရားသခင်သည်အမိန့် တော်အားဖြင့် စကြဝဠာကိုဖန်ဆင်းတော်မူ ကြောင်းကိုငါတို့သိကြရသည်မှာယုံကြည် ခြင်းကြောင့်ဖြစ်၏။