သူတို့သည်ပျားများကဲ့သို့ငါ့ထံသို့ ဝိုင်းအုံ၍ လာကြသော်လည်း ဆူးချုံကိုလောင်သောမီးကဲ့သို့လျင်မြန်စွာ ချုပ်ငြိမ်း၍သွားကြ၏။ ငါသည်ထာဝရဘုရား၏တန်ခိုးတော်အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်လိုက်၏။
ဟေရှာယ 43:17 - Common Language Bible ကိုယ်တော်သည်ရထားတပ်၊ မြင်းတပ်များနှင့် အင်အားကြီးမားသောစစ်သည်ဗိုလ်ချေတို့ကို ဆုံးပါးပျက်စီးစေတော်မူ၏။ သူတို့သည်ငြိမ်းသတ်လိုက်သည့် ဖယောင်းတိုင်မီးသဖွယ်နလံမထူနိုင်အောင် ပြိုလဲ၍သွားကြကုန်၏။ Judson Bible ရထားများ၊ မြင်းများနှင့်တကွ၊ စစ်သူရဲအလုံးအရင်းတို့ကို ဆောင်ခဲ့တော်မူထသော၊ သူတို့ကို မထနိုင်အောင် တစ်ပြိုင်နက်တည်း အိပ်စေ၍၊ မီးစာသေသကဲ့သို့၊ ငြိမ်းစေတော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြန်မာ့စံမီသမ္မာကျမ်း ရထားနှင့် မြင်း၊ စစ်သည်နှင့်အင်အားကြီးမားသောသူတို့ကို ထုတ်ဆောင်၍ သူတို့ကို မထနိုင်အောင် အတူတကွလဲစေပြီး မီးစာကိုငြှိမ်းသကဲ့သို့ ငြိမ်းသွားစေတော်မူသော ထာဝရဘုရားက |
သူတို့သည်ပျားများကဲ့သို့ငါ့ထံသို့ ဝိုင်းအုံ၍ လာကြသော်လည်း ဆူးချုံကိုလောင်သောမီးကဲ့သို့လျင်မြန်စွာ ချုပ်ငြိမ်း၍သွားကြ၏။ ငါသည်ထာဝရဘုရား၏တန်ခိုးတော်အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်လိုက်၏။
ဖာရောဘုရင်၏မြင်းတပ်နှင့်ရထားတပ်တို့ သည် ပင်လယ်ထဲသို့ဆင်းသက်ကြသောအခါ ထာဝရဘုရားသည်ရေကိုပြန်စီးစေသဖြင့် ရေသည်သူတို့ကိုဖုံးလွှမ်းလေ၏။ ဣသရေလ အမျိုးသားတို့မူကား ခြောက်သွေ့သောမြေ ပေါ်မှာလျှောက်၍ပင်လယ်ကိုဖြတ်သွား ကြ၏။
``ကိုယ်တော်သည်အီဂျစ်ဘုရင်၏ရထား တပ်နှင့် စစ်တပ်ကိုပင်လယ်ထဲသို့ပစ်ချတော်မူ၏။ သူ၏လက်ရွေးစင်စစ်ဗိုလ်တို့သည်ပင်လယ် နီထဲ၌ ရေနစ်သေဆုံးကုန်၏။
သစ်ခြောက်သည်မီးပွားကြောင့်မီးစွဲလောင်ရသည်နည်းတူတန်ခိုးကြီးမားသူတို့သည်လည်း မိမိတို့၏ဒုစရိုက်များကြောင့်ဆုံးပါးပျက်စီးရကြလိမ့်မည်။ ယင်းသို့ဆုံးပါးပျက်စီးမှုကိုလည်းအဘယ်သူမျှဆီးတား၍ရလိမ့်မည်မဟုတ်'' ဟုမြွက်ဆိုလေသည်။
မြင်းနှင့်မြင်းစီးသူရဲများကိုလည်းကောင်း၊ ရထားနှင့်ရထားထိန်းများကိုလည်းကောင်း ကစဥ့်ကလျားဖြစ်စေခဲ့၏။
ငါသည်သူ့အားလှည့်စေ၍သူ၏ပါးရိုးကို သံချိတ်များဖြင့်ချိတ်ကာ သူ၏စစ်သူရဲ များနှင့်အတူဆွဲခေါ်သွားမည်။ သူ၏တပ် မတော်သည်မြင်းများ၊ ဝတ်စုံတူမြင်းစီး သူရဲများဖြင့်ပြည့်စုံ၍အလွန်ပင်ကြီး မား၏။ စစ်သူရဲမှန်သမျှသည်လည်းဒိုင်း လွှားကြီးငယ်နှင့်ဋ္ဌားကိုကိုင်ဆောင်ထား ကြ၏။-
သူသည်ကွေ့ကောက်လျက်ရှိသောကူပင်ကိုမချိုး၊ မီးမတောက်ဘဲတငွေ့ငွေ့လောင်နေသော မီးစာကိုမငြိမ်းသတ်။ သူသည်တရားမျှတမှုစိုးမိုးလာသည်တိုင်အောင် လုပ်ဆောင်လိမ့်မည်။
ဗာရက်သည်လည်းသူ၏ရထားများနှင့်တပ် သားတို့ကို လူမျိုးခြားတို့နေရာဟာရောရှက် မြို့သို့တိုင်အောင်လိုက်လံတိုက်ခိုက်ရာ သိသရ ၏တပ်သားတို့သည်တစ်ယောက်မျှမကျန် သေဆုံးကြကုန်၏။