အကျွန်ုပ်သည် လူဆိုးမဟုတ်ကြောင်းနှင့် လက်တော်မှ အဘယ်သူမျှမကယ်မနှုတ်နိုင်ကြောင်းကို သိတော်မူ၏။
ဟေရှာယ 43:13 - Common Language Bible ငါသည်ဘုရားသခင်ဖြစ်၏။ နောင်ကိုလည်းအစဉ်အမြဲဤသို့ဖြစ်၍နေ မည်သာ၊ ငါ၏တန်ခိုးတော်ကိုအဘယ်သူမျှလုယူ နိုင်လိမ့်မည်မဟုတ်၊ ငါပြုသောအမှုကိုအဘယ်သူမျှမပြင် နိုင်ရာ'' ဟုမိန့်တော်မူ၏။ Garrad Bible ယ ခု မှ စ၍ လည်း၊ ငါ သာ လျှင် ငါ ဖြစ် သည့် အ လျောက်၊ လက် တော် မှ လွှတ် နိုင် သူ မ ရှိ။ ငါ စီ ရင် ပြီ။ မည် သူ ဖျက် သိမ်း နိုင် သ နည်း ဟု မိန့် တော် မူ ၏။ Judson Bible နေ့ရက်ကာလမဖြစ်မီ ငါသည် ဘုရားဖြစ်၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနုတ်နိုင်။ ငါပြုသောအမှုကို အဘယ်သူ ဆီးတားမည်နည်းဟု ထာဝရဘုရားမိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ရှေးကာလမှစ၍ ငါသည် ဘုရားသခင်ဖြစ်၏။ ငါ့လက်မှ ကယ်တင်နိုင်သောသူ တစ်ယောက်မျှမရှိ။ ငါပြုသောအမှုကို မည်သူပြောင်းပြန်ဖြစ်စေနိုင်မည်နည်း”ဟု မိန့်တော်မူ၏။ |
အကျွန်ုပ်သည် လူဆိုးမဟုတ်ကြောင်းနှင့် လက်တော်မှ အဘယ်သူမျှမကယ်မနှုတ်နိုင်ကြောင်းကို သိတော်မူ၏။
ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။
သိမ်းယူတော်မူသောအခါ အဘယ်သူသည် ဆီးတားနိုင်သနည်း။ ကိုယ်တော်သည်အဘယ်သို့ ပြုသနည်းဟု အဘယ်သူဆိုဝံ့သနည်း။
ကျွန်တော်မျိုးတို့၏သားမြေးများသည် ဘေးမဲ့လုံခြုံစွာနေရပါလိမ့်မည်။ သူတို့၏အမျိုးအနွယ်များသည်လည်း ကိုယ်တော်ရှင်၏ထံတော်၌လုံခြုံစွာခိုလှုံ ရပါလိမ့်မည်။
``ငါ့ကိုမေ့လျော့သူတို့၊ဤအချက်ကို ဆင်ခြင်ကြလော့။ သို့မပြုပါမူငါသည်သင်တို့အားသုတ်သင် ဖျက်ဆီးမည်။ သင်တို့အားကယ်မည့်သူလည်းတစ်ဦးတစ်ယောက် မျှ ရှိလိမ့်မည်မဟုတ်။
တောင်များကိုဖြစ်ပေါ်စေတော်မမူမီနှင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီ ကိုယ်တော်ရှင်သည်အစမရှိသောဘုရားသခင် ဖြစ်တော်မူပါ၏။ အဆုံးမရှိသောဘုရားသခင်လည်းဖြစ်တော် မူပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ရာဇပလ္လင်တော်သည်အစအဦးမှ စ၍တည်တံ့ခိုင်မြဲပါ၏။ ကိုယ်တော်ရှင်သည်ကပ်ကာလမပေါ်မီကပင်လျှင် ရှိနေတော်မူပါ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အတိုင်းပြုတော်မူရန်သန္နိဋ္ဌာန်ချမှတ်တော် မူလေပြီ။ ကိုယ်တော်သည်လည်း အပြစ်ဒဏ် ခတ်ရန်လက်တော်ကိုချိန်ရွယ်လျက်ထား တော်မူ၏။ ကိုယ်တော်အားအဘယ်သူမျှ ဆီးတားနိုင်လိမ့်မည်မဟုတ်။
ဤသို့ဖြစ်ပျက်စေသူကားအဘယ်သူနည်း။ အဘယ်သူသည်သမိုင်း၏ဖြစ်ရပ်များကို စီရင်ဖန်တီးတော်မူပါသနည်း။ ငါထာဝရဘုရားသည်ကပ်ကာလအစ ကပင်လျှင် ရှိနေတော်မူခဲ့၍၊ ထာဝရအရှင်ငါဘုရားသခင်သည်ကပ် ကာလ အဆုံး၌လည်းရှိနေတော်မူလတ္တံ့။
ငါသည်အစအဦးမှတင်ကူး၍နိဂုံးကို ဖော်ပြခဲ့၏။ ဖြစ်ပျက်မည့်အမှုအရာကိုရှေးကာလမှပင်လျှင် ကြိုတင်ဟောကြားခဲ့၏။ ငါ၏အကြံအစည်များသည်အဘယ်အခါ ၌မျှ ပျက်ပြားရလိမ့်မည်မဟုတ်ဟု ငါဆိုခဲ့သည့်အတိုင်း၊ငါရည်ရွယ်ထားသည့် အမှုအရာမှန်သမျှကိုငါပြုမည်။
ငါသည်သင်တို့၏ဘုရားသခင်ဖြစ်၏။ သင်တို့အိုမင်း၍ဆံပင်ဖြူသည်တိုင်အောင်၊ သင်တို့အားငါကြည့်ရှုစောင့်ရှောက်ပို့ဆောင် မည်။ သင်တို့အားငါကူမမည်။ ကယ်တင်မည်။
သင်တစ်သက်လုံးတိုင်ပင်ခဲ့သည့်နက္ခတ်ဆရာ တို့၏ အကြံပေးချက်သည်လည်း၊ ဤအတိုင်းပင်သင့်အားဖြစ်စေလိမ့်မည်။ ထိုသူအပေါင်းတို့သည်သင့်ကိုထားခဲ့၍ မိမိတို့သွားလိုရာသို့ထွက်သွားကြလိမ့်မည်။ သင့်ကိုကယ်ရန်မည်သူတစ်ယောက်မျှကျန်ရစ်ခဲ့ လိမ့်မည်မဟုတ်။''
``ယခုငါ၏အနီးသို့ချဉ်းကပ်၍ငါပြောဆို သည်ကို နားထောင်ကြလော့။ အစအဦးကပင်လျှင်ငါသည်သင်တို့အား ပွင့်လင်းစွာဖော်ပြခဲ့၏။ ထိုအဖြစ်အပျက်စ၍ဖြစ်စဉ်ကပင် ငါရှိခဲ့၏ ဟုမိန့်တော်မူ၏။ (ယခုထာဝရအရှင်ဘုရားသခင်သည်ငါ့ အားတန်ခိုးတော်ကိုပေး၍စေလွှတ်တော်မူ ပြီ။)
``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။ အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။
ငါသည်သူ၏ချစ်သူများရှေ့တွင်သူ၏ အဝတ်ရှိသမျှကိုချွတ်ပစ်မည်။ ငါ၏လက် တွင်းမှသူ့အားမည်သူမျှမကယ်နိုင်။-
ငါသည်ခြင်္သေ့သဖွယ်ဣသရေလပြည် သားနှင့်ယုဒပြည်သားတို့ကိုတိုက်ခိုက် မည်။ ငါကိုယ်တော်တိုင်သူတို့ကိုအစိတ်စိတ် အမြွှာမြွှာဆုတ်ဖြဲပြီးနောက်စွန့်ပစ်ထား မည်။ ငါသည်သူတို့ကိုဆွဲငင်ထုတ်ယူသွား သည့်အခါမည်သူမျှသူတို့ကိုမကယ် နိုင်။''
ထာဝရဘုရားက``ဧဖရတ်ခရိုင်၊ ဗက်လင် မြို့၊ သင်သည်ယုဒပြည်တွင်သိမ်ငယ်သော မြို့တစ်မြို့ဖြစ်သော်လည်း ရှေးမင်းဆက်ထဲ မှဣသရေလအမျိုးသားတို့ကိုအုပ်စိုး မည့်ဘုရင်တစ်ပါးကိုငါပေါ်ထွန်းစေ မည်'' ဟုမိန့်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အစဦးကာလကပင်ဘုရားသခင်ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ သန့်ရှင်းမြင့်မြတ်တော်မူလျက်ထာဝရကာလတည်ရှိတော်မူ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရားသခင်ကွယ်ကာရာကျောက်``ကိုယ်တော်ရှင်သည်ဗာဗုလုန်အမျိုးသားတို့ကိုရွေးချယ်တော်မူ၍ ကျွန်တော်မျိုးတို့အားအပြစ်ဒဏ်ခတ်နိုင်စေရန် သူတို့ကိုခွန်အားနှင့်ပြည့်စေတော်မူပြီ။-
ကောင်းချီးပေးရန်ငါ့အားစေခိုင်းတော်မူပြီ။ ဘုရားသခင်ပေးတော်မူသောကောင်းချီးကို ငါသည်မရုတ်သိမ်းနိုင်။
သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားအာဗြဟံမမွေးဖွားမီက ပင်ငါရှိနှင့်၏'' ဟုမိန့်တော်မူ၏။
ခပ်သိမ်းသောအရာတို့သည်ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီကိုယ်တော်စီရင် ဆုံးဖြတ်တော်မူသည်အတိုင်းဖြစ်ပျက်ကြ ရ၏။ ဘုရားသခင်သည်မိမိအလိုတော် အရရှေးမဆွက ပြုတော်မူသည့်စီရင် ဆုံးဖြတ်ချက်ကိုအခြေခံ၍ ငါတို့အား ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေ လျက် မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေး ချယ်တော်မူပေသည်။-
သင်၏နွားကိုသင့်မျက်စိရှေ့တွင်သတ်သော် လည်း သင်သည်အသားကိုမစားရ။ သင်၏ မြည်းများခိုးယူသွားသည်ကိုမျက်စိဖြင့် မြင်ရသော်လည်း မြည်းများကိုပြန်မရ။ သင်၏သိုးများရန်သူ့လက်သို့ကျရောက် လိမ့်မည်။ သို့ရာတွင်သင့်အားကူညီမည့် သူရှိလိမ့်မည်မဟုတ်။-
`` `ငါတစ်ဆူတည်းသာလျှင်ဘုရားဖြစ် တော်မူ၏။ ငါသာလျှင်စစ်မှန်သောဘုရားဖြစ်၏။ ငါသည်အသက်ကိုရုပ်သိမ်းပိုင်၏။ အသက်ကိုပေးပိုင်၏။ ငါသည်ဒဏ်ရာရစေနိုင်၏။ ဒဏ်ရာကိုပျောက်ကင်းစေနိုင်၏။
ထာဝရဘုရင်ဖြစ်တော်မူသော၊ သင်္ခါရ သဘောတရားနှင့်ကင်းတော်မူသော၊ လူ တို့မျက်စိဖြင့်မမြင်နိုင်သော၊ တစ်ဆူတည်း ရှိတော်မူသောဘုရားသခင်သည်ကမ္ဘာ အဆက်ဆက်ဂုဏ်အသရေနှင့်ဘုန်းအာနု ဘော်တော်ရှိတော်မူစေသတည်း။ အာမင်။
ယေရှုခရစ်သည်မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲမပြောင်းမလဲနေတော်မူ၏။-
ယေရိခေါမြို့မင်းကြီးသည်ဣသရေလအမျိုးသားအချို့ တိုင်းပြည်၏အခြေအနေ ကိုထောက်လှမ်းရန်ရောက်ရှိနေသည့်သတင်း ကိုကြားသိရသဖြင့်၊-
ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိနေ တော်မူသောအနန္တတန်ခိုးရှင်ထာဝရအရှင် ဘုရားသခင်က``ငါသည်အစနှင့်အဆုံး ဖြစ်၏'' ဟုမိန့်တော်မူ၏။