ကိုယ်တော်သည်ယာကုပ်အားမိမိအဖို့လည်း ကောင်း၊ ဣသရေလအမျိုးသားတို့အားမိမိ၏ ပိုင်ရာတော် ဖြစ်စေရန်လည်းကောင်းရွေးချယ်တော်မူ၏။
ဟေရှာယ 41:9 - Common Language Bible ငါသည်သင်တို့အားကမ္ဘာမြေကြီးအစွန်းမှ ခေါ်ယူခဲ့၏။ မြေစွန်းရပ်ဖျားများမှခေါ်ယူကာ၊သင်တို့သည် ကား၊ ငါ၏အစေခံများတည်းဟုဆိုခဲ့၏။ ငါသည်သင်တို့အားပစ်ပယ်မည့်အစား ရွေးချယ်တော်မူခဲ့၏။ Garrad Bible ငါ့ ကို ကျွန် ရင်း ဟု ဆို လျက်၊ မြေ ကြီး အ စွန် အ ဖျား မှ ငါ လက် ဆွဲ၍ ခေါ် ခဲ့ သူ၊ Judson Bible မြေကြီးအစွန်းအနားမှ ငါလက်ဆွဲ၍ခေါ်သောသူ၊ သင်သည် ငါ့ကျွန်ဖြစ်၏ ဟူ၍လည်းကောင်း၊ သင့်ကိုငါရွေးချယ်ပြီ၊ သင့်ကို မပစ်မပယ် ဟူ၍လည်းကောင်း၊ ကတိကိုခံရသောသူ၊ မြန်မာ့စံမီသမ္မာကျမ်း မြေကြီးစွန်းမှ ငါဆွဲလာသူ၊ အဝေးဆုံးအရပ်မှ ငါခေါ်လာသူ “သင်သည် ငါ၏အစေအပါးဖြစ်၏။ သင့်ကို ငါရွေးချယ်ပြီ။ သင့်ကို ငါမစွန့်ပစ်”ဟု သင့်အား ငါမိန့်ဆို၏။ |
ကိုယ်တော်သည်ယာကုပ်အားမိမိအဖို့လည်း ကောင်း၊ ဣသရေလအမျိုးသားတို့အားမိမိ၏ ပိုင်ရာတော် ဖြစ်စေရန်လည်းကောင်းရွေးချယ်တော်မူ၏။
ထာဝရဘုရားသည်မိမိ၏လူစုတော်အား ပစ်ထားတော်မူလိမ့်မည်မဟုတ်။ ကိုယ်တော်ပိုင်တော်မူသောလူတို့ကို စွန့်ပယ်တော်မူလိမ့်မည်မဟုတ်။
ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့အား တစ်ဖန်ကရုဏာသက် တော်မူပြန်၏။ မိမိပိုင်ဆိုင်သူများအဖြစ်ဖြင့် ရွေးချယ်တော်မူလိမ့်မည်။ ကိုယ်တော်သည်သူ တို့အားမိမိတို့နေရင်းပြည်၌ပြန်လည်နေ ထိုင်ခွင့်ပြုတော်မူလိမ့်မည်။ လူမျိုးခြားများ သည်သူတို့နှင့်အတူလာရောက်နေထိုင် ကြလိမ့်မည်။-
အရှေ့ပြည်မှစစ်နိုင်ဘုရင်ကိုအဘယ်သူ ခေါ်ဆောင်တော်မူခဲ့ပါသနည်း။ ရောက်ရှိလေရာအရပ်တို့တွင် သူ့အားအဘယ်သူသည်အောင်မြင်ခွင့်ကို ပေးတော်မူပါသနည်း။ အဘယ်သူသည်သူ့အားဘုရင်တကာတို့ အပေါ်၌လည်းကောင်း လူမျိုးတကာတို့အပေါ်၌လည်းကောင်း အောင်ပွဲကိုခံစေတော်မူပါသနည်း။ သူ၏ဋ္ဌားသည်ရန်သူတို့အားမြေမှုန့်သဖွယ် ခုတ်ချတတ်ပါသည်တကား။ သူ၏လေးမြားတို့သည်လည်းထိုသူတို့ကို လေတိုက်ရာတွင်လွင့်ပါသွားသည့်ဖွဲကဲ့သို့ ကွဲလွင့်စေတတ်ပါသည်တကား။
``သို့ရာတွင်ငါ၏အစေခံဣသရေလအမျိုး သားတို့၊ ငါရွေးချယ်ထားသည့်သင်တို့သည်ငါ၏မိတ်ဆွေ အာဗြဟံ၏သားမြေးများဖြစ်ကြ၏။
ထာဝရဘုရားက ``ဤသူသည်ခွန်အားနှင့်ငါပြည့်ဝစေသောသူ၊ ငါ၏အစေခံ၊ငါနှစ်သက်မြတ်နိုး၍ ရွေးချယ်ထားသူဖြစ်၏။ ငါသည်မိမိ၏တန်ခိုးတော်ကိုသူ့အား အပ်နှင်းတော်မူပြီ။ သူသည်လည်းလူမျိုးတကာတို့ကို တရားမျှတစွာစီရင်အုပ်ချုပ်လိမ့်မည်။
ထာဝရဘုရားက ``ငါ၏အစေခံဣသရေလအမျိုးသားတို့၊ ငါရွေးချယ်ထားသောလူမျိုးတော်၊ ယာကုပ်၏ သားမြေးတို့၊ယခုနားထောင်ကြလော့။
ငါရွေးချယ်ထားသည့်လူမျိုးတော်၊ ငါ၏အစေခံဣသရေလအမျိုးသားတို့အား ကူညီမစရန်အတွက်သင့်ကို ငါခန့်ထားခြင်းဖြစ်၏။ သင်သည်ငါ့ကိုမသိသော်လည်းငါသည် သင့်အား ကြီးမြတ်သည့်ဂုဏ်အသရေကိုပေးပြီ။
ထာဝရဘုရားကမိမိ၏လူမျိုးတော် အား``ငါသည်သင်တို့အားအစဉ်အမြဲ ချစ်မြတ်နိုးပါ၏'' ဟုမိန့်တော်မူသော် လည်း၊ သူတို့က``ကျွန်တော်မျိုးအတွက်မေတ္တာတော် ကိုအဘယ်သို့ကိုယ်တော်ရှင်ပြတော်မူခဲ့ ပါသနည်း'' ဟုမေးလျှောက်ကြ၏။ ထာဝရဘုရားကလည်း``ဧသောနှင့် ယာကုပ်သည်ညီအစ်ကိုတော်သော်လည်း ငါ သည်ယာကုပ်နှင့်သားမြေးများကိုချစ်၍၊-
လူတို့သည်အရှေ့အနောက်တောင်မြောက်အရပ် လေးမျက်နှာမှလာကြပြီးလျှင် ဘုရားသခင် ၏နိုင်ငံတော်ပွဲတွင်ဝင်ကြလိမ့်မည်။-
ထာဝရဘုရားသည်ကမ္ဘာပေါ်ရှိလူမျိုး အပေါင်းတို့အနက် သင်တို့အားမိမိ၏လူမျိုး တော်အဖြစ်ရွေးကောက်တော်မူသည်ဖြစ်သော ကြောင့် သင်တို့ကိုသင်တို့၏ဘုရားသခင် ထာဝရဘုရားပိုင်တော်မူ၏။''
ချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ယုံကြည်ခြင်း၌ကြွယ်ဝသူများဖြစ်ကြ စေရန်ကိုယ်တော်ကိုချစ်သောသူတို့အတွက် ကတိထားတော်မူသောနိုင်ငံတော်ကိုဆက်ခံ သူများဖြစ်ကြစေရန် ကိုယ်တော်သည်လောက တွင်ဆင်းရဲသူတို့အားရွေးချယ်တော်မူသည် မဟုတ်လော။-
``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။
ထာဝရဘုရားသည်သင်တို့အား မိမိ၏လူမျိုး တော်အဖြစ်ဖြင့်ခန့်ထားတော်မူပြီးဖြစ်၏။ ထို့ ကြောင့်ကိုယ်တော်သည်နာမတော်ကိုထောက်၍ သင်တို့အားစွန့်ပစ်တော်မူလိမ့်မည်မဟုတ်။-