သင်သည်ကိုယ်အိမ်၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့၍ ကိုယ်နေရာအရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်းမရှိရ။
ဟေရှာယ 41:3 - Common Language Bible သူသည်ရန်သူတို့အားလိုက်လံတိုက်ခိုက်ကာ ဘေးမဲ့လုံခြုံစွာဆက်လက်ချီတက်ရာတွင် လျင်မြန်လှသဖြင့် သူ၏ခြေသည်မြေ၌ပင်မထိတော့ ပါတကား။ Garrad Bible မြေ မ နင်း ဘဲ လိုက် လံ ခွင့်၊ ဘေး မ တွေ့ ဘဲ လွန် မြောက် ခွင့် ပေး တော် မူ၏။ Judson Bible ရန်သူတို့ကို လိုက်ရ၏။ မိမိခြေမနင်းဖူးသော လမ်းဖြင့်၊ ဘေးမရှိ၊ လွန်သွားရ၏။ မြန်မာ့စံမီသမ္မာကျမ်း မိမိခြေမချဖူးသောလမ်းဖြင့် ထိုသူတို့ကို လိုက်လံတိုက်ခိုက်ရာ၌ ဘေးကင်းလုံခြုံခွင့်ကိုပေးသောသူကား မည်သူနည်း။ |
သင်သည်ကိုယ်အိမ်၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့၍ ကိုယ်နေရာအရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်းမရှိရ။
အရှေ့ပြည်မှစစ်နိုင်ဘုရင်ကိုအဘယ်သူ ခေါ်ဆောင်တော်မူခဲ့ပါသနည်း။ ရောက်ရှိလေရာအရပ်တို့တွင် သူ့အားအဘယ်သူသည်အောင်မြင်ခွင့်ကို ပေးတော်မူပါသနည်း။ အဘယ်သူသည်သူ့အားဘုရင်တကာတို့ အပေါ်၌လည်းကောင်း လူမျိုးတကာတို့အပေါ်၌လည်းကောင်း အောင်ပွဲကိုခံစေတော်မူပါသနည်း။ သူ၏ဋ္ဌားသည်ရန်သူတို့အားမြေမှုန့်သဖွယ် ခုတ်ချတတ်ပါသည်တကား။ သူ၏လေးမြားတို့သည်လည်းထိုသူတို့ကို လေတိုက်ရာတွင်လွင့်ပါသွားသည့်ဖွဲကဲ့သို့ ကွဲလွင့်စေတတ်ပါသည်တကား။
ဤသို့ဖြစ်ပျက်စေသူကားအဘယ်သူနည်း။ အဘယ်သူသည်သမိုင်း၏ဖြစ်ရပ်များကို စီရင်ဖန်တီးတော်မူပါသနည်း။ ငါထာဝရဘုရားသည်ကပ်ကာလအစ ကပင်လျှင် ရှိနေတော်မူခဲ့၍၊ ထာဝရအရှင်ငါဘုရားသခင်သည်ကပ် ကာလ အဆုံး၌လည်းရှိနေတော်မူလတ္တံ့။
သူတော်ကောင်းတို့သည်သေလွန်သောအခါ ငြိမ်းချမ်းစွာနားနေခွင့်ကိုရရှိကြ၏။