ဟေရှာယ 41:1 - Common Language Bible ဘုရားသခင်က ``အချင်းရပ်ဝေးနိုင်ငံတို့၊ ဆိတ်ဆိတ်နေ၍ ငါပြောသည်ကိုနားထောင်ကြလော့။ သင်တို့အမှုကိုရုံးတော်သို့တင်ရန်အသင့် ပြင်ဆင်ကြလော့။ သင်တို့သည်လျှောက်လဲပြောဆိုနိုင်ခွင့်ရရှိကြလိမ့်မည်။ အဘယ်သူမှန်သည်ကိုစီရင်ဆုံးဖြတ်ရန် ငါတို့စုဝေးကြကုန်အံ့။ Garrad Bible အ ချင်း ကျွန်း ကြီး ကျွန်း ငယ် တို့၊ ငါ့ ထံ သို့ ဆိတ် ဆိတ် တိုး ဝင် ကြ လော့။ လူ အ မျိုး မျိုး တို့ လည်း၊ အား ယူ၍ ချဉ်း ကပ် လဲ လျှောက် ကြ စေ။ တ ရား ဆိုင် ပြိုင် ကြ ကုန် အံ့။ Judson Bible တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၊ ငါ့ရှေ့မှာ ငြိမ်ဝပ်စွာနေကြ။ လူအမျိုးမျိုးတို့၊ အားဖြည့်ကြ။ ချဉ်းကပ်၍ပြောကြ။ တရားတွေ့ကြကုန်အံ့။ မြန်မာ့စံမီသမ္မာကျမ်း ကမ်းရိုးတန်းဒေသတို့၊ ငါ့ရှေ့မှာတိတ်ဆိတ်စွာနေကြလော့။ လူမျိုးတကာတို့၊ အားသစ်မွေးကြ။ လာ၍ တိုင်ပင်ဆွေးနွေးကြ။ တရားဆိုင်ဖို့ အတူတူဆုံ၍ တရားဆိုင်ကြစို့။ |
ကိုယ်တော်က``တိုက်ခိုက်မှုကိုရပ်စဲကြလော့၊ ငါသည်လူမျိုးတကာတို့တွင်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်း ဘုရားဖြစ်တော်မူသည်ကိုသိမှတ်ကြလော့'' ဟု မိန့်တော်မူ၏။
ထာဝရဘုရားက``သင်တို့၏အမှုကို ယခုစဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ်သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည်သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေးကြောတော်မူမည်။ သင်တို့သည်အပြစ်သွေးဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့သို့ဖြူဖွေး၍လာလိမ့်မည်။-
ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-
အို လူမျိုးအပေါင်းတို့လာကြလော့။ လာ ရောက်စုဝေး၍နားထောင်ကြလော့။ ကမ္ဘာတစ် ဝှမ်းလုံးတွင်နေထိုင်သမျှသောလူတို့သည် ဤအရပ်သို့လာ၍နားထောင်ကြရာ၏။-
သို့ရာတွင်ထာဝရဘုရား၏အကူ အညီကို ယုံကြည်ကိုးစားသူတို့မူကား၊ ခွန်အားသစ်ကို ရရှိကြလိမ့်မည်။ သူတို့သည်လင်းယုန်ငှက်ကဲ့သို့ပျံတက်ကြလိမ့်မည်။ ပြေးသော်လည်းမောပန်းကြလိမ့်မည်မဟုတ်။ ခရီးသွားသော်လည်းနွမ်းနယ်ကြလိမ့်မည်မဟုတ်။
``ရပ်ဝေးနိုင်ငံများမှလူတို့သည်ငါပြု သည့်အမှုကို တွေ့မြင်ရကြလေပြီ။ သူတို့သည်ထိတ်လန့်လျက်ကြောက်ဒူးတုန်၍ နေကြသဖြင့် လာရောက်စုဝေးကြကုန်၏။
``တရားရုံးတော်သို့ငါတို့သွားကြကုန်အံ့။ သင်တို့၏စွပ်စွဲချက်ကိုယူဆောင်ခဲ့ကြလော့။ သင်တို့ဘက်မှမှန်ကန်ကြောင်းသက်သေခံ အထောက်အထားပြနိုင်ရန်၊ သင်တို့၏အမှုကိုတင်ပြကြလော့။
လူမျိုးတကာတို့အားတရားစီရင်ရာသို့ ဆင့်ခေါ်ကြလော့။ သူတို့၏အဘယ်မည်သောဘုရားတို့သည် အနာဂတ်ဟောစတမ်းကိုထုတ်နိုင်ပါသနည်း။ အဘယ်မည်သောဘုရားတို့သည်ယခုဖြစ် ပျက်ဆဲ အမှုအရာများကိုကြိုတင်ဟောကြားခဲ့ပါ သနည်း။ ထိုဘုရားတို့သည်မိမိတို့မှန်ကန်၍နေ ကြောင်း အထောက်အထားပြနိုင်ရန်နှင့် မိမိတို့ပြောဆိုခဲ့သည့်အတိုင်းဟုတ်မှန်၍ နေပုံကို အကိုးအကားပြနိုင်ရန်၊ အသိသက်သေများကိုခေါ်ဆောင်ခဲ့ကြပါစေ။
``ယခုငါ၏အနီးသို့ချဉ်းကပ်၍ငါပြောဆို သည်ကို နားထောင်ကြလော့။ အစအဦးကပင်လျှင်ငါသည်သင်တို့အား ပွင့်လင်းစွာဖော်ပြခဲ့၏။ ထိုအဖြစ်အပျက်စ၍ဖြစ်စဉ်ကပင် ငါရှိခဲ့၏ ဟုမိန့်တော်မူ၏။ (ယခုထာဝရအရှင်ဘုရားသခင်သည်ငါ့ အားတန်ခိုးတော်ကိုပေး၍စေလွှတ်တော်မူ ပြီ။)
တိုင်းတစ်ပါးမှလူမျိုးအပေါင်းတို့၊ ရပ်ဝေးတွင် နေထိုင်သောလူတို့၊ ငါပြောသည်ကိုသင်တို့နားထောင်ကြလော့။ ငါမမွေးမဖွားမီအခါကပင်လျှင် ထာဝရဘုရားသည်ငါ့ကိုရွေးကောက်တော်မူ၍၊ မိမိ၏အစေခံအဖြစ်ဖြင့်ခန့်ထားတော်မူပါ၏။
ဘုရားသခင်သည်ငါ၏အနီးတွင်ရှိတော်မူ၍၊ ငါ၌အပြစ်မဲ့ပုံကိုသက်သေခံအထောက်အထား ပြတော်မူမည်ဖြစ်သဖြင့်၊ ငါသည်အသရေပျက်ရလိမ့်မည်မဟုတ်ကြောင်းကို သိပါ၏။ ငါ့အားစွပ်စွဲပြောဆိုရဲသူတစ်စုံတစ်ယောက်ရှိပါမူ၊ ရုံးတော်သို့သွားကြကုန်အံ့။ ထိုသူသည်မိမိ၏စွပ်စွဲချက်ကိုယူဆောင်ခဲ့ပါစေ။
ထာဝရဘုရားသည်မိမိ၏သန့်ရှင်းမြင့်% မြတ်သည့်ဗိမာန်တော်တွင်ရှိတော်မူ၏။ ကမ္ဘာ% မြေပေါ်ရှိလူအပေါင်းတို့သည်ရှေ့တော်၌% ငြိမ်သက်စွာနေကြစေ။
လူအပေါင်းတို့ထာဝရဘုရားသည်မိမိ ကျိန်းဝပ်တော်မူရာသန့်ရှင်းမြင့်မြတ်သည့် ဌာနတော်မှကြွလာတော်မူမည်ဖြစ်၍ ကိုယ်တော်၏ရှေ့တော်၌ဆိတ်ငြိမ်စွာနေ ကြလော့။