ထာဝရဘုရားသည်ရန်သူတို့အား အမျက်ထွက်တော်မူ၍ ဆုံးမကြိမ်းဝါးတော်မူသောအခါ၊သမုဒ္ဒရာ အောက်ခံနှင့်ကမ္ဘာမြေကြီး၏ အခြေအမြစ်တို့သည်ဟင်းလင်းထင်ပေါ်လာ ကုန်၏။
ဟေရှာယ 40:24 - Common Language Bible သူတို့သည်စိုက်ပျိုး၍အမြစ်စွဲကာစ အပင်ငယ်များနှင့်တူကြ၏။ ထာဝရဘုရားသည်လေကိုတိုက်စေတော်မူ သောအခါ၊ ထိုအပင်တို့သည်ခြောက်သွေ့၍ဖွဲသဖွယ် လွင့်ပါသွားကုန်၏။ Garrad Bible စိုက် ပျိုး ခွင့်၊ ကြဲ ပက် ခွင့်၊ မြေ၌ အ ငုတ် အ မြစ် စွဲ ခွင့် မ ရ ကြ မီ ပင်၊ ဝါ ယော တော် ဖြင့် ညှိုး နွမ်း ခြင်း၊ ဖွဲ ကဲ့ သို့ လေ ပြင်း တိုက် သွား ခြင်း များ ကို၊ ၎င်း တို့ ခံ ရ ကြ ရှာ လေ စွ။ Judson Bible အကယ်စင်စစ် သူတို့ကို မစိုက်မပျိုးရ။ အကယ်စင်စစ် သူတို့၏မျိုးစေ့ကို မကြဲရ။ အကယ်စင်စစ် သူတို့အပင်သည် မြေ၌ အမြစ်မစွဲရ။ သူတို့အပေါ်မှာ မှုတ်တော်မူသဖြင့်၊ သူတို့သည် ညှိုးနွမ်းသွေ့ခြောက်၍၊ လေပွေသည် သူတို့ကို ဖွဲကဲ့သို့ တိုက်လွှင့်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် စိုက်ခါစပျိုးပင်၊ ကြဲခါစမျိုးစေ့၊ မြေကြီးထဲ၌အမြစ်စွဲခါစအပင်ပေါက်ကဲ့သို့ဖြစ်၍ သူတို့ကို မှုတ်တော်မူသဖြင့် သူတို့သည် ခြောက်သွေ့သွားမည်။ ဖွဲကဲ့သို့ လေပွေတိုက်ရာ လွင့်ပါသွားမည်။ |
ထာဝရဘုရားသည်ရန်သူတို့အား အမျက်ထွက်တော်မူ၍ ဆုံးမကြိမ်းဝါးတော်မူသောအခါ၊သမုဒ္ဒရာ အောက်ခံနှင့်ကမ္ဘာမြေကြီး၏ အခြေအမြစ်တို့သည်ဟင်းလင်းထင်ပေါ်လာ ကုန်၏။
ထိုနောက်ယေဟုသည်ယေဇရေလမြို့ တွင်နေထိုင်လျက်ရှိသော အာဟပ်၏ဆွေ မျိုးများ၊ သူ၏မှူးမတ်များ၊ ရင်းနှီးသော မိတ်ဆွေများနှင့်ယဇ်ပုရောဟိတ်များကို တစ်ယောက်မကျန်ကွပ်မျက်လေ၏။
သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက် သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဘူးသည်ကို၎င်း၊
ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏။
သူတို့သည်မမျှော်လင့်သောအချိန်တွင်ချုံဖုတ် ကဲ့သို့ ခုတ်ပစ်ခြင်းကိုခံကြရ၏။ ဘုရားသခင်သည်ပြင်းစွာအမျက်ထွက်တော်မူ၍ သူတို့အားကွယ်ပျောက်သွားစေတော်မူလိမ့်မည်။
အို ဘုရားသခင်၊ သူတို့အားလေဗွေ၌ပါသွားသော မြေမှုန့်ကဲ့သို့လည်းကောင်း၊ လေတိုက်ရာလွင့်ပါသွားတတ်သည့် ဖွဲကဲ့သို့လည်းကောင်းဖြစ်စေတော်မူပါ။
သင်တို့ ကြောက်မက်ဘွယ်သော အမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့၎င်း၊ သင်တို့ပျက်စီးခြင်း အမှုသည် လေပြင်းမုန်တိုင်းကဲ့သို့၎င်း ရောက်လာ၍၊ သင်တို့သည်ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသော အခါ၊
ဆင်းရဲသားတို့အားဖြောင့်မှန်စွာတရားစီရင်၍ နိမ့်ကျသူတို့၏ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်လိမ့်မည်။ သူပေးသည့်ရာဇသံဖြင့်ပြည်သူတို့သည် ဒဏ်သင့်ကြလိမ့်မည်။ ဆိုးညစ်သူတို့သည်လည်း သေရကြလိမ့်မည်။
သို့သော်ထိုဥယျာဉ်များမှသစ်စေ့တို့သည် သင်စိုက်ပျိုးသည့်နေ့နံနက်၌ပင်အပင်ပေါက် ၍အပွင့်များပွင့်ကြသည်ဆိုစေကာမူ ယင်း တို့မှသင်သည်အသီးများကိုဆွတ်ခူးရလိမ့် မည်မဟုတ်။ ဆင်းရဲဒုက္ခနှင့်မပျောက်နိုင်သည့် ဝေဒနာကိုသာလျှင်ခံစားရလိမ့်မည်။
ထိုနိုင်ငံသားတို့သည်လှိုင်းလုံးများသဖွယ် တစ်ဟုန်တည်းရှေ့သို့ချီတက်လာကြ၏။ သို့ ရာတွင်ဘုရားသခင်ကသူတို့အားဖြင့် ပြင်း ပြင်းထန်ထန်မိန့်ကြားဆုံးမတော်မူသော အခါသူတို့သည်တောင်နံရံမှမြေမှုန့်များ ကဲ့သို့လည်းကောင်း၊ လေဗွေတွင်လွင့်ပါသွား သည့်ဖွဲကဲ့သို့လည်းကောင်းဆုတ်ပြေးကြ ကုန်၏။-
ရှေးမဆွကပင်အာရှုရိဘုရင်ကိုမီးသင်္ဂြိုဟ် ရန် လောင်တိုက်ကိုပြင်ဆင်၍ထားခဲ့၏။ ထိုလောင် တိုက်သည်အစောက်နက်၍ကျယ်ဝန်း၏။ ထို အရပ်တွင်မြင့်မားသောထင်းပုံကြီးတစ် ခုလည်းရှိ၏။ ထာဝရဘုရားသည်ခံတွင်း တော်မှမီးလျှံကိုမှုတ်ထုတ်တော်မူ၍ ထို ထင်းပုံကိုမီးစွဲလောင်စေတော်မူလိမ့်မည်။
ထာဝရဘုရားသည်ဧကရာဇ်မင်းအား မိမိ၏ပြည်သို့ပြန်စေရန် သတင်းတစ်စုံတစ် ရာကိုကြားသိစေတော်မူလိမ့်မည်။ ထိုနောက် သူ့ကိုထိုပြည်၌ပင်အဆုံးစီရင်တော်မူ ပေအံ့'' ဟုပြန်ကြားလိုက်၏။
ထာဝရဘုရားစေလွှတ်တော်မူသည့်လေနှင့် ထိသောအခါ၊ မြက်ပင်သည်သွေ့ခြောက်လျက်ပန်းများသည်လည်း ညှိုးနွမ်း၍သွားတတ်၏။ လူတို့သည်မြက်ပင်တမျှသာလျှင် သန်မာကြပါသည်တကား။
ယင်းတို့ကိုသင်တို့သည်လှေ့ကြလျက် လေများကတိုက်ခတ်ဆောင်ယူပြီးလျှင် မုန်တိုင်းများကလွင့်စင်သွားစေလိမ့်မည်။ သို့ရာတွင်ငါသည်သင်တို့၏ဘုရားဖြစ် တော်မူရကား၊ သင်တို့သည်ဝမ်းမြောက်ရွှင်လန်းရကြလိမ့် မည်။ သင်တို့သည်လည်းဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင် တည်း ဟူသောငါ့အားထောမနာပြုကြလိမ့်မည်။
အရှေ့ပြည်မှစစ်နိုင်ဘုရင်ကိုအဘယ်သူ ခေါ်ဆောင်တော်မူခဲ့ပါသနည်း။ ရောက်ရှိလေရာအရပ်တို့တွင် သူ့အားအဘယ်သူသည်အောင်မြင်ခွင့်ကို ပေးတော်မူပါသနည်း။ အဘယ်သူသည်သူ့အားဘုရင်တကာတို့ အပေါ်၌လည်းကောင်း လူမျိုးတကာတို့အပေါ်၌လည်းကောင်း အောင်ပွဲကိုခံစေတော်မူပါသနည်း။ သူ၏ဋ္ဌားသည်ရန်သူတို့အားမြေမှုန့်သဖွယ် ခုတ်ချတတ်ပါသည်တကား။ သူ၏လေးမြားတို့သည်လည်းထိုသူတို့ကို လေတိုက်ရာတွင်လွင့်ပါသွားသည့်ဖွဲကဲ့သို့ ကွဲလွင့်စေတတ်ပါသည်တကား။
``ဤသူသည်သားမဲ့သမီးမဲ့သူဟူ၍ အပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီ။ အဘယ်အခါ၌မျှမအောင်မြင်သူဟူ၍ဖြစ် လိမ့်မည်။ ဒါဝိဒ်မင်းကိုဆက်ခံရန်ယုဒပြည်တွင်စိုးစံ နိုင်မည့် သားမြေးများကိုမရရှိနိုင်ဖြစ်ရလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကား ဖြစ်၏'' ဟုမိန့်တော်မူလေပြီ။
ကိုယ်တော်၏အမျက်တော်သည်လူယုတ်မာတို့ ၏ဦးခေါင်းထက်တွင်တိုက်ခတ်သည့်လေပြင်း မုန်တိုင်းနှင့်တူ၏။-
ဣသရေလအမျိုးသားတို့သည်ပေါင်း ပင်ကဲ့သို့သန်စွမ်းသော်လည်း၊ ငါသည်သဲ ကန္တာရထဲမှပူပြင်းသောအရှေ့လေကို တိုက်ခတ်စေသဖြင့် သူတို့၏စမ်းချောင်း များနှင့်ရေတွင်းများကိုခန်းခြောက်စေ ပြီးလျှင်အဖိုးတန်ပစ္စည်းမှန်သမျှ ဆုံးရှုံးရလိမ့်မည်။-
သို့ဖြစ်၍ဤသူတို့သည်နံနက်ခင်းတွင် ကျတတ်သောနှင်းကဲ့သို့လည်းကောင်း၊ နံနက် စောစောအချိန်တွင်ကွယ်ပျောက်တတ်သော နှင်းပေါက်ကဲ့သို့လည်းကောင်းပျောက်ကွယ် ရကြလိမ့်မည်။ သူတို့သည်ကောက်နယ်တ လင်းမှလေတိုက်၍လွင့်လာသောဖွဲကဲ့သို့ လည်းကောင်း၊ ခေါင်းတိုင်မှထွက်သောမီးခိုး ကဲ့သို့လည်းကောင်းလွင့်ပျောက်ရကြလိမ့်မည်။
ထာဝရဘုရားသည်အာရှုရိအမျိုးသား တို့နှင့်ပတ်သက်၍``လူတို့သည်ထိုသူတို့ကို မေ့ပျောက်၍သွားလိမ့်မည်။ သူတို့၏ဗိမာန် တော်များရှိရုပ်တုတို့ကို ငါသုတ်သင်ဖျက် ဆီးမည်။ ငါသည်အာရှုရိအမျိုးသားတို့ အတွက်သင်္ချိုင်းကိုပြင်ဆင်မည်။ သူတို့သည် အသက်ရှင်ထိုက်သူများမဟုတ်'' ဟုအမိန့် စီရင်ချက်ချတော်မူ၏။
``သင်တို့သည်အသီးအနှံအမြောက်အမြား ကို ရိတ်သိမ်းရလိမ့်မည်ဟုမျှော်လင့်ခဲ့သော် လည်း အနည်းငယ်မျှသာရကြ၏။ အိမ်သို့ ယူဆောင်လာကြသောအခါ၌လည်း ငါ သည်ယင်းတို့ကိုလေတွင်လွင့်စင်သွား စေခဲ့၏။ အဘယ်ကြောင့်ဤသို့ငါပြုရ သနည်းဆိုသော်သင်တို့အားလုံးပင် မိမိ တို့နေအိမ်များကိုတည်ဆောက်မှုဖြင့်အလုပ် ရှုပ်ကာ၊ ငါ၏ဗိမာန်တော်ကိုမူယိုယွင်းပျက် စီးလျက်သာရှိနေစေကြသောကြောင့်ဖြစ် ၏ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။-''
မုန်တိုင်းသဖွယ်တိုက်ခတ်ကာနိုင်ငံရပ် ခြားများသို့လွင့်စင်သွားစေ၏။ ဤသာ ယာသောပြည်သည်လည်းနေထိုင်သူမ ရှိဘဲလူသူဆိတ်ငြိမ်ရာဖြစ်လျက်ကျန် ရစ်ခဲ့ပေသည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်မိမိလူမျိုးတော်ရှိရာ အရပ်သို့ ကြွလာတော်မူ၍မြားတော်တို့ကိုလျှပ်စစ်ပြက် သကဲ့သို့ပစ်လွှတ်တော်မူလိမ့်မည်။ ထာဝရဘုရားသည်တံပိုးခရာမှုတ်တော်မူ၍ တောင်အရပ်မှလာသည့်လေမုန်တိုင်းနှင့်အတူ ချီတက်တော်မူလိမ့်မည်။