လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီး စွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှ တို့ကို မြင်တော်မူ၏။
ဟေရှာယ 40:12 - Common Language Bible သမုဒ္ဒရာရေကိုလက်ခုပ်ဖြင့်ချင်တွယ်နိုင်သူ၊ သို့တည်းမဟုတ်၊မိုးကောင်းကင်ကိုလက်နှင့်ထွာ၍ တိုင်းတာနိုင်သူရှိပါသလော။ မြေဆီလွှာရှိသမျှကိုခွက်ဖလားတွင်ထည့် ထားနိုင်သူ၊ သို့တည်းမဟုတ်တောင်ကြီးတောင်ငယ်တို့ကို ချိန်ခွင်နှင့်ချိန်စက်နိုင်သူရှိပါသလော။ Garrad Bible သ မု ဒ္ဒ ရာ ကို လက် ဆွန်း ဖြင့် ခြင် ခြင်း၊ မိုး ပြင် ကို လက် သန်း ထွာ ဖြင့် တိုင်း ခြင်း၊ မြေ မုန့် ကို တင်း ဖြင့် ခြင် ခြင်း များ ပြု သည့် ပြင်၊ တောင် များ ကို ရာ ဆူ နှင့်လည်း ကောင်း၊ ကုန်း များ ကို ချိန် ခွင် နှင့်လည်း ကောင်း၊ ချိန် စက် သော သူ ကား မည် သူ နည်း။ Judson Bible ရေများကို လက်ဆွန်းဖြင့် ခြင်သောသူ၊ မိုးကောင်းကင်ကို မိမိလက်ဖြင့် ထွာသောသူ၊ မြေမှုန့်ကို တင်းတောင်းဖြင့် ချင့်တွက်သောသူ၊ တောင်ကြီးကို ချိန်ခွင်ဖြင့်လည်းကောင်း၊ တောင်ငယ်ကို ကပ်ပယ်ဖြင့်လည်းကောင်း ချိန်သောသူကား အဘယ်သူနည်း။ မြန်မာ့စံမီသမ္မာကျမ်း ရေကို လက်ခုပ်ဖြင့် ခြင်တွယ်သောသူ၊ ကောင်းကင်ကို လက်ဖြင့်တိုင်းထွာသောသူ၊ မြေမှုန့်ကို ခြင်တောင်းဖြင့်ချင့်သောသူ၊ တောင်ကြီးကို ကတ္တားဖြင့်လည်းကောင်း၊ တောင်ငယ်ကို ချိန်ခွင်ဖြင့်လည်းကောင်း ချိန်တွယ်သောသူကား မည်သူနည်း။ |
လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီး စွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှ တို့ကို မြင်တော်မူ၏။
ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏ အမည် နှင့်သူ၏သားအမည်ကား အဘယ်သို့နည်း။ သင်ပြော နိုင်သလော။
ငါ၏လက်တော်သည်ကမ္ဘာမြေကြီး အုတ်မြစ်များကိုချ၍၊ မိုးကောင်းကင်ကိုဖြန့်ကြက်ခဲ့၏။ ငါသည်ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်ကို ဆင့်ခေါ်သောအခါ၊သူတို့သည်ချက်ချင်း ပေါ်ပေါက်လာကြပါသည်တကား။
လူတို့သည်မိုးကောင်းကင်ကိုတိုင်းတာနိုင်၍ ကမ္ဘာမြေကြီး၏အုတ်မြစ်ကိုရှာဖွေကြည့်ရှု နိုင်သည့်အခါကျရောက်မှသာလျှင်၊ ကိုယ်တော်သည်ဣသရေလပြည်သားတို့ အား သူတို့ပြုခဲ့သည့်အပြစ်အပေါင်းအတွက် ကြောင့် ပစ်ပယ်တော်မူလတ္တံ့။ ဤကားထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
တောင်များကိုတည်၍လေအဟုန်တို့ကို ဖန်ဆင်းသောအရှင်သည်ဘုရားသခင်ပင် ဖြစ်၏။ ကိုယ်တော်ရှင်သည်မိမိ၏အကြံအစည် တော်တို့ကို လူသားတို့အားသိစေတော်မူပြီ။ နေ့ချိန်တာကိုညဦးယံအဖြစ်သို့ကူးပြောင်း စေခဲ့ပြီ။ ကမ္ဘာမိုးမြေအထွတ်အထိပ်တွင်အုပ်စိုးလျက် နေတော်မူပြီ။ ကိုယ်တော်၏ဘွဲ့နာမတော်ကားကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရားပေတည်း။
ထိုနောက်ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်း ပလ္လင်ပေါ်တွင်စံနေတော်မူသောအရှင်ကို လည်းကောင်းငါမြင်ရ၏။ ထိုအရှင်၏ရှေ့ တော်မှောက်မှာကမ္ဘာမြေကြီးနှင့်မိုးကောင်း ကင်သည်လျင်မြန်စွာရွေ့လျားပျောက်လွင့် ၍သွားကြကုန်၏။-