ငါမြော်လင့်စရာအခွင့်ရှိရမည်အကြောင်း၊ ငါ့ခွန်အားကားအဘယ်သို့နည်း။ ငါသည်ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။
ဟေရှာယ 38:10 - Common Language Bible ငါသည်သက်တမ်းစေ့နေရတော့မည်မဟုတ်။ အရွယ်ကောင်းချိန်၌ပင်မရဏနိုင်ငံသို့ သွားရတော့မည်ဟုငါထင်မှတ်ခဲ့ပါ၏။ Garrad Bible အ သက် မွန်း တည့် အ ချိန်၌၊ မ ရ ဏာ့ နိုင် ငံ တံ ခါး သို့ ဝင် သွား ရ၍ ကြွင်း ကျန် သော နှစ် တာ ဆုံး ရှုံး ပြီ ဟု ငါ အောက် မေ့ ၏။ Judson Bible ငါသည် ငြိမ်သက်စွာနေစဉ်အခါ၊ မရဏနိုင်ငံတံခါးသို့ ဝင်ရပါသည်တကား။ ငါ၌ ကြွင်းသောနှစ်များကို ငါရှုံးပြီဟု ငါဆိုသတည်း။ မြန်မာ့စံမီသမ္မာကျမ်း “ငါသည် အရွယ်ကောင်းချိန်တွင်ပင် မရဏာနိုင်ငံတံခါးရှိရာသို့ သွားရတော့မည်။ ကြွင်းကျန်သော ငါ၏နှစ်လများကို ငါဆုံးရှုံးလိုက်ရလေပြီ။ |
ငါမြော်လင့်စရာအခွင့်ရှိရမည်အကြောင်း၊ ငါ့ခွန်အားကားအဘယ်သို့နည်း။ ငါသည်ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။
ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ။ နောက်တဖန်ကောင်းသော အကျိုးကို ငါမမြင်ရ။
အို ဘုရားသခင်၊ ကျွန်တော်မျိုးမအိုမီကျွန်တော်မျိုး၏ အသက်ကိုရုပ်သိမ်းတော်မမူပါနှင့်။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အစဉ်အမြဲ အသက်ရှင်တော်မူပါ၏။
ကိုယ်တော်ရှင်သည်ရှေးအခါကကမ္ဘာမြေ ကြီးကို တည်စေတော်မူပြီးလျှင်လက်တော်ဖြင့် မိုးကောင်းကင်ကိုဖန်ဆင်းတော်မူပါ၏။
သူတို့သည်အစားအစာကိုပင်ကြည့်ချင်စိတ် မရှိတော့ဘဲ သေမင်း၏တံခါးဝအနီးသို့ရောက်ရကြ၏။
ကိုယ်တော်အားသစ္စာစောင့်သူအပေါင်းတို့၊ ထာဝရဘုရားကိုချစ်ကြလော့။ သစ္စာစောင့်သူတို့အားထာဝရဘုရားသည် ကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်မာနကြီးသူတို့အားထိုက်သင့်သည့် အပြစ်ဒဏ်ကိုပေးတော်မူ၏။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
ထိုအချိန်ကာလလောက်၌ပင် ဟေဇကိမင်း သည်သေလုမတတ်ဖျားနာ၍လာ၏။ အာမုတ် ၏သားပရောဖက်ဟေရှာယသည်မင်းကြီး အားလာရောက်ကြည့်ရှုပြီးနောက်``အရှင်သည် ပြန်လည်ကျန်းမာလာတော့မည်မဟုတ်သ ဖြင့် အရှင်နောက်ဆုံးမှာကြားရန်ရှိသည်တို့ ကိုမှာကြားခဲ့ရန်ထာဝရဘုရားမိန့်တော် မူပါ၏။ သို့ဖြစ်၍နတ်ရွာစံရန်အသင့်ပြင် ပါလော့'' ဟုဆို၏။
ဟေဇကိသည် ပြန်လည်ကျန်းမာလာပြီး နောက် အောက်ပါချီးမွမ်းသီချင်းကိုရေးစပ် စီကုံးတော်မူ၏။
အကျွန်ုပ်သည်တောင်များ၏အောက်ခြေသို့ တိုင်အောင်လည်းကောင်း၊ ပြန်လမ်းမရှိသည့်မရဏာနိုင်ငံသို့ လည်းကောင်း နစ်မြုပ်သွားပါသည်။ သို့ဖြစ်လျက်ပင်အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏အသက်ကို နက်ရာမှ ကယ်ဆယ်တော်မူခဲ့ပါ၏။
ငါတို့သည်သေဒဏ်စီရင်ခြင်းခံရသူများ ဟုမိမိတို့ကိုယ်တိုင်ကိုထင်မှတ်ကြ၏။ သို့ ရာတွင်ဤသို့ဖြစ်ပျက်ရခြင်းမှာငါတို့ သည် မိမိတို့ကိုယ်ကိုအားမကိုးဘဲ သူသေ တို့အားရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်ကိုအားကိုးကြစေရန်ဖြစ် ၏။-