ဟေရှာယ 37:29 - Common Language Bible သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ ကိုငါကြားသိရလေပြီ။ သို့ဖြစ်၍၊ ငါသည် သင့်ကိုနှာရှုတ်တပ်၍ဇက်ခွံ့ပြီးလျှင်လာ လမ်းအတိုင်းပြန်စေမည်။'' Garrad Bible ထို သို့ ထ ကြွ ခြင်း နှင့် ငါ ကြား ရ သော စော် ကား ခြင်း များ ကြောင့် သင့် ကို နှာ ကွင်း တပ်၍၊ ဇက် ခွံ့ လျက် လာ လမ်း ဖြင့် ပြန် စေ မည် ဟူ၍ တည်း။ Judson Bible ငါ၌ သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကို နှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် ငါ့ကိုအမျက်ထွက်သောကြောင့်၊ သင်စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ကြိုးတပ်မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည် ဟူ၍မိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။ |
သင်သည်ဇက်နှင့်ဇက်ကြိုးဖြင့်ထိန်းရသော မြင်းသို့မဟုတ်လားကဲ့သို့ဉာဏ်မတုံးနှင့်'' ဟု မိန့်တော်မူ၏။
လူမျိုးအပေါင်းတို့သည်ထိတ်လန့်တုန်လှုပ်ကြ၏။ ဘုရားသခင်မိန့်မြွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်အရည်ပျော်လေ၏။
ကိုယ်တော်ရှင်၏ရန်သူတို့အမျက်ထွက်၍ဟစ် အော်သံ၊ ကိုယ်တော်ရှင်အားရန်ဘက်ပြုသူတို့၏အစဉ်မပြတ် အော်သံတို့ကိုမေ့လျော့တော်မမူပါနှင့်။
ကိုယ်တော်ရှင်၏ရန်သူတို့သည်ဗိမာန်တော်ထဲ၌ အောင်သံကြွေးကြော်ကြပါပြီ။ ဗိမာန်တော်တွင်အောင်လံများကိုစိုက်ထူကြ ပါပြီ။
ကိုယ်တော်ရှင်၏ရန်သူတို့သည်သောင်း ကျန်း ထကြွလျက်နေကြပါ၏။ ကိုယ်တော်ရှင်ကိုမုန်းသောသူတို့သည် တော်လှန်ပုန်ကန်လျက်နေကြပါ၏။
သို့ရာတွင်ထာဝရဘုရားက``ငါသည်ဇိအုန် တောင်နှင့်ယေရုရှလင်မြို့တွင်ဆောင်ရွက်ရန် အမှုပြီးစီးသောအခါ၊ အာရှုရိဘုရင် အား မိမိ၏ဝါကြွားမှုနှင့်မာန်မာနကြီး မှုတို့အတွက်အပြစ်ဒဏ်ခတ်မည်'' ဟုမိန့် တော်မူ၏။
ကိုယ်တော်သည်လေပြင်းကိုတိုက်ခတ်စေ တော်မူလိမ့်မည်။ ထိုလေသည်အရာခပ်သိမ်း ကိုမြောပါသွားစေတတ်သည့်မြစ်ရေလျှံ သကဲ့သို့လူမျိုးတကာကိုဆုံးပါးပျက်စီး စေ၍၊ သူတို့၏ဆိုးညစ်သောအကြံအစည် များကိုပျက်ပြားစေလိမ့်မည်။-
ငါသည်ထာဝရဘုရား၏အကူအညီ မပါဘဲ သင်တို့၏ပြည်ကိုတိုက်ခိုက်ဖျက် ဆီးခဲ့သည်ဟုသင်တို့ထင်မှတ်ကြပါ သလော။ သင်တို့ပြည်ကိုတိုက်ခိုက်ဖျက်ဆီး ရန်ထာဝရဘုရားကိုယ်တော်တိုင်ပင်ငါ့ အားစေခိုင်းတော်မူပါ၏'' ဟုဆို၏။
အာရှုရိအရာရှိကသူတို့အား``ဟေဇကိ မင်းသည်အဘယ်ကြောင့် မိမိကိုယ်ကိုဤမျှ ယုံကြည်ကိုးစားလျက်နေကြောင်းဘုရင် ဧကရာဇ်သိရှိလိုပါသည်။-
ထိုသတင်းကိုကြားသောအခါဧကရာဇ် မင်းသည်ယုဒဘုရင်ဟေဇကိထံသို့သဝဏ် လွှာတစ်စောင်ရေး၍ပေးပို့လိုက်လေသည်။ ထို သဝဏ်လွှာတွင်``သင်ကိုးစားသည့်ဘုရားသခင်က သင်သည်ငါ၏လက်တွင်းသို့ကျ ရောက်ရလိမ့်မည်မဟုတ်ဟု မိန့်တော်မူသော စကားကြောင့်အထင်အမြင်မမှားပါ လေနှင့်။-
အာရှုရိမင်းသည်မိမိလာလမ်းဖြင့်ပြန်ရ လိမ့်မည်။ သူသည်မြို့ထဲသို့ဝင်ရလိမ့်မည်မ ဟုတ်။ ဤကား၊ ငါထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။-
ထာဝရဘုရားသည်ဧကရာဇ်မင်းအား မိမိ၏ပြည်သို့ပြန်စေရန် သတင်းတစ်စုံတစ် ရာကိုကြားသိစေတော်မူလိမ့်မည်။ ထိုနောက် သူ့ကိုထိုပြည်၌ပင်အဆုံးစီရင်တော်မူ ပေအံ့'' ဟုပြန်ကြားလိုက်၏။
ငါသည်သင်၏မေးရိုးကိုသံချိတ်ဖြင့်ချိတ် ၍ သင်၏မြစ်ထဲမှငါးတို့ကိုသင့်ကိုယ်တွင် ကပ်၍နေစေမည်။-
သင်သည်ငါ့အားဆန့်ကျင်ဘက်ပြု၍ အရမ်းကာရောကြွားဝါပြောဆိုသည် ကိုငါကြားတော်မူပြီ'' ဟုမိန့်တော်မူ၏။
ငါသည်သူ့အားလှည့်စေ၍သူ၏ပါးရိုးကို သံချိတ်များဖြင့်ချိတ်ကာ သူ၏စစ်သူရဲ များနှင့်အတူဆွဲခေါ်သွားမည်။ သူ၏တပ် မတော်သည်မြင်းများ၊ ဝတ်စုံတူမြင်းစီး သူရဲများဖြင့်ပြည့်စုံ၍အလွန်ပင်ကြီး မား၏။ စစ်သူရဲမှန်သမျှသည်လည်းဒိုင်း လွှားကြီးငယ်နှင့်ဋ္ဌားကိုကိုင်ဆောင်ထား ကြ၏။-
အထွတ်ဘုရင်အရှင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူသောကြောင့် ဤသို့ လျှင်ကတိသစ္စာပြုလေပြီ။ ထာဝရဘုရား က``သူတို့သည်သင်တို့ကိုငါးမျှားချိတ် ဖြင့်ဒရွတ်တိုက်ဆွဲသွားသောနေ့များရောက် လိမ့်မည်။ သင်တို့ရှိသမျှသည်ငါးမျှား ထိပ်၌ အချိတ်ခံနေရသောငါးကဲ့သို့ဖြစ် ကြလိမ့်မည်။-
ပိလတ်မင်းသည်မိမိရှေ့ဆက်လက်ပြောဆိုရန် မဖြစ်၊ ရုန်းရင်းဆန်ခတ်ဖြစ်မည့်အရိပ်အရောင် ကိုသာသိမြင်လာသဖြင့်ရေကိုယူ၍ ``ဤသူ သေရခြင်းမှာငါ၏တာဝန်မဟုတ်၊ သင်တို့၏ တာဝန်သာဖြစ်သည်'' ဟုဆိုကာလူတို့ရှေ့တွင် မိမိ၏လက်ကိုဆေး၏။
လူတို့သည်ဤမျှကြာအောင်နားထောင်နေ ကြပြီးနောက် ဤသို့ပေါလုပြောဆိုသည်ကို ကြားသောအခါ ``ဤသူအားကမ္ဘာမြေကြီး ပေါ်မှသုတ်သင်ပယ်ရှင်းလော့။ သူ့အားသတ် လော့။ သူသည်အသက်ရှင်ရန်မသင့်'' ဟု အသံကုန်ဟစ်အော်ကြ၏။-
သူသည်မြေပေါ်သို့လဲကျသွားပြီးနောက် ``ရှောလု၊ ရှောလု၊ သင်သည်အဘယ်ကြောင့်ငါ့ ကိုနှိပ်စက်ညှဉ်းဆဲသနည်း'' ဟုမေးမြန်းသံ ကိုကြားရ၏။