အချို့သောသူတို့သည်မိမိတို့၏ စစ်ရထားများကိုလည်းကောင်း၊ မြင်းများကိုလည်းကောင်းအားကိုးကြ၏။ သို့ရာတွင်ငါတို့မူကားငါတို့၏ဘုရားသခင် ထာဝရဘုရားကိုအားကိုးကြ၏။
ဟေရှာယ 37:24 - Common Language Bible သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် အမြင့်ဆုံးတောင်များကိုလည်းကောင်း၊ လေ ဗနုန်တောင်ထိပ်များကိုပင်လည်းကောင်းနှိမ် နင်းအောင်မြင်ခဲ့ကြောင်း ငါ့အားကြွားဝါရန် သံတမန်များကိုစေလွှတ်ခဲ့၏။ ထိုအရပ် ရှိအမြင့်ဆုံးအာရဇ်ပင်များနှင့်အလှဆုံး ထင်းရှူးပင်များကိုခုတ်လှဲကာ၊ တောနက် ကြီးများသို့ရောက်ရှိခဲ့ကြောင်းကြွားဝါ ခဲ့၏။- Garrad Bible ကျေး ကျွန် တို့ ဖြင့် ငါ ဘု ရား ကို သင် ကဲ့ ရဲ့ သည် မှာ များ ပြား သော စစ် ရ ထား နှင့် တ ကွ လေ ဗ နုန် တောင် ထိပ် ကို ဖြတ် ကျော်၍ တစ် ဘက် သို့ ရောက် လေ ပြီ။ အ မြင့် ဆုံး သစ် က တိုး ပင်၊ အ မြတ် ဆုံး ထင်း ရူး ပင်၊ များ ကို ခုတ် လှဲ၍။ ခြံ မြိုင် အ စွန်း အ ဖျား ထဲ သို့ ငါ ခို ဝင် မိ ပြီ။ Judson Bible သင်သည် ကျွန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့လည်းကောင်း၊ လေဗနုန်တောင်အထွတ်သို့လည်းကောင်း တက်လာပြီ။ အရပ်မြင့်သော အာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်းရှူးပင်တို့ကို ငါခုတ်လှဲပြီ။ အမြင့်ဆုံးသောအရပ်၊ အသီးများသောတောထဲသို့ ငါဝင်ပြီ။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် သင့်မင်းမှုထမ်းတို့အားဖြင့် ဘုရားရှင်ကိုကဲ့ရဲ့ပြစ်တင်လျက် ငါ၏စစ်ရထားများစွာဖြင့် လက်ဘနွန်တောင်ထိပ်အစွန်အဖျားသို့ ငါတက်ခဲ့ပြီ။ ထိုတောင်ပေါ်ရှိ မြင့်မားသောသစ်ကတိုးပင်၊ အကောင်းဆုံးထင်းရှူးပင်တို့ကို ငါခုတ်လှဲခဲ့ပြီ။ တောနက်ကြီး၏အစွန်အဖျားသို့လည်း ငါရောက်ခဲ့ပြီ။ |
အချို့သောသူတို့သည်မိမိတို့၏ စစ်ရထားများကိုလည်းကောင်း၊ မြင်းများကိုလည်းကောင်းအားကိုးကြ၏။ သို့ရာတွင်ငါတို့မူကားငါတို့၏ဘုရားသခင် ထာဝရဘုရားကိုအားကိုးကြ၏။
ရန်သူက`ငါသည်သူတို့ကိုမီအောင် လိုက်လံဖမ်းဆီးမည်။ သူတို့ထံမှသိမ်းဆည်းရမိသောဥစ္စာပစ္စည်း ကို ခွဲဝေ၍ငါလိုချင်သမျှယူမည်။ ငါ၏ဋ္ဌားကိုဆွဲထုတ်၍သူတို့ကို သုတ်သင်ပစ်မည်' ဟုဆို၏။
သေစေတတ်သောအနာရောဂါကြောင့်လူ သည်ဆုံးပါးပျက်စီးသွားရသည်နည်းတူ စိမ်းလန်းစိုပြေသောသစ်တောများနှင့်လယ် ယာများသည်လုံးဝပျက်ပြုန်း၍သွားရ ကြလိမ့်မည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်သစ် ပင်မှခုတ်ဖြတ်ချလိုက်သည့်သစ်ကိုင်းများ သဖွယ် သူတို့အားပြိုလဲပျက်စီးစေတော်မူ လိမ့်မည်။ သူတို့တွင်မာန်မာနထောင်လွှားဆုံး၊ အကြီးမြတ်ဆုံးသောသူတို့ကိုခုတ်လှဲ ရှုတ်ချတော်မူလိမ့်မည်။-
တောနက်အတွင်းမှသစ်ပင်တို့သည်ပုဆိန် ဒဏ်ဖြင့်လဲကျရသကဲ့သို့၊ လေဗနုန်တော မှအဖိုးအတန်ဆုံးသောသစ်ပင်များလဲ ကျကြသကဲ့သို့သူတို့အားထာဝရ ဘုရားသည်ပြိုလဲစေတော်မူလိမ့်မည်။
လေဗနုန်တောမှထင်းရှူးပင်များနှင့်အာရစ် ပင်(သစ်ကတိုး) တို့ကသင်ကျဆုံးပြီဖြစ် ၍ငါတို့အားခုတ်လှဲမည့်သူမရှိတော့ဟု ဆို၍ဗာဗုလုန်ဘုရင်ကျဆုံးမှုအတွက် ရွှင်လန်းဝမ်းမြောက်ကြကုန်၏။
စကားပုံရှိသကဲ့သို့ မကြာမီပင်တော နက်သည်လယ်ပြင်ဖြစ်၍လာလိမ့်မည်။ လယ် ပြင်သည်လည်းသစ်တောပြန်၍ဖြစ်လာ လိမ့်မည်။
သင်တို့သည်ရာထူးအနိမ့်ဆုံးအာရှုရိတပ် မှူးကလေးကိုပင်လျှင်ယှဉ်ပြိုင်နိုင်စွမ်းမရှိ ကြ။ သို့ပါလျက်အီဂျစ်အမျိုးသားတို့ထံ မှစစ်ရထားနှင့်မြင်းစီးသူရဲအကူအညီ များကိုစောင့်မျှော်ကြပါသည်တကား။-
အာရှုရိဧကရာဇ်သည်မိမိ၏ဗိုလ်ချုပ်ကို စေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားများကို ပြောဆိုစေပါ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည်ထိုစကားတို့ကို ကြားတော်မူ၍ ယင်းသို့ပြောဆိုသူတို့ အားအပြစ်ဒဏ်စီရင်တော်မူပါစေသော၊ သင်သည်လည်းအသက်မသေဘဲကျန်ရှိ နေသေးသူအကျွန်ုပ်တို့လူစုအတွက် ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထ နာပြုပါလော့'' ဟုအမှာစာရေး၍ ဟေရှာယထံပေးပို့လိုက်၏။
``ငါ၏အဖို့ယုဒဘုရင်၏နန်းတော်သည် ဂိလဒ်ကဲ့သို့လည်းကောင်း၊ လေဗနုန်တောင် ထိပ်ကဲ့သို့လည်းကောင်းလှပတင့်တယ်သော် လည်း ငါသည်ထိုအရပ်ကိုလူသူဆိတ် ငြိမ်ရာသဲကန္တာရဖြစ်စေမည်။
ထိုနန်းတော်ကိုဖြိုဖျက်ရန် လူများကိုငါ စေလွှတ်မည်။ သူတို့သည်ပုဆိန်များကိုယူ ဆောင်လာပြီးလျှင် လှပသည့်အာရစ်တိုင် ကြီးများကိုခုတ်လှဲ၍မီးထဲသို့ပစ်ချ ကြလိမ့်မည်။
ရေလျှံသောမြစ်ကဲ့သို့လည်းကောင်း၊ နိုင်းမြစ်ရေကဲ့သို့လည်းကောင်း ချီတက်လာသူမှာအီဂျစ်နိုင်ငံဖြစ်ပေ သည်။ အီဂျစ်နိုင်ငံက`ငါသည်ချီတက်၍ကမ္ဘာကို လွှမ်းမိုးမည်။ မြို့များနှင့်မြို့သူမြို့သားတို့အားဖျက်ဆီးမည်။
ကိုယ်တော်က``အချင်းလူသား၊ ယေရုရှလင် မြို့ဘက်သို့လှည့်၍ထိုမြို့ကိုရှုတ်ချလော့။ လူ တို့ကိုးကွယ်ဝတ်ပြုရာဌာနများကိုရှုတ် ချလော့။ ဣသရေလပြည်ကိုပရောဖက်ပြု ၍သတိပေးလော့။-
``ငါ၏ဘုန်းတန်ခိုးအာနုဘော်ထင်ရှားစေ ရန်နေပြည်တော်အဖြစ်ဖြင့် ငါတည်ထောင်ခဲ့ သောဗာဗုလုန်မြို့သည်လွန်စွာကြီးကျယ် ခမ်းနားလှပါသည်တကား'' ဟုမြွက်ဆို၏။