သို့ဖြစ်၍ထာဝရဘုရားသည်သူနှင့်အတူရှိ တော်မူသဖြင့် သူသည်ပြုလေသမျှသော အမှုတို့တွင်အောင်မြင်လေသည်။ သူသည် အာရှုရိဧကရာဇ်ဘုရင်ကိုအညံ့မခံဘဲ ပုန်ကန်လေသည်။-
ဟေရှာယ 33:6 - Common Language Bible ဣသရေလအမျိုးသားတို့အားကြံ့ခိုင် တည်ငြိမ်မှုကိုပေးတော်မူလိမ့်မည်။ ကိုယ်တော် သည်မိမိ၏လူမျိုးတော်အားအစဉ်အမြဲ ကွယ်ကာစောင့်ရှောက်တော်မူ၍၊ ဉာဏ်ပညာ နှင့်အသိပညာကိုပေးတော်မူပါ၏။ သူ တို့၏အဖိုးအထိုက်ဆုံးဘဏ္ဍာကားထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေခြင်းပင်ဖြစ် သတည်း။ Garrad Bible သင့် လက် ထက် တည် မြဲ တည်၍၊ ကယ် တင် ခြင်း၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ ကြွယ် ဝ လိမ့် မည်။ ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော သည် လူ မျိုး တော်၏ ဘ ဏ္ဍာ ဖြစ် လိမ့် မည်။ Judson Bible ဉာဏ်နှင့် ပညာသည် သင်၏လက်ထက်၌ တည်ကြည်ခြင်း၊ မြဲမြံစွာ ကယ်တင်ခြင်းကို ဖြစ်စေလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည်လည်း သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် သင်အသက်ရှင်သည့်ကာလတွင် တည်ငြိမ်ခြင်း၊ ကယ်တင်ခြင်းစည်းစိမ်၊ ဉာဏ်ပညာ၊ အသိပညာဖြစ်တော်မူမည်။ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။ |
သို့ဖြစ်၍ထာဝရဘုရားသည်သူနှင့်အတူရှိ တော်မူသဖြင့် သူသည်ပြုလေသမျှသော အမှုတို့တွင်အောင်မြင်လေသည်။ သူသည် အာရှုရိဧကရာဇ်ဘုရင်ကိုအညံ့မခံဘဲ ပုန်ကန်လေသည်။-
သင်၏ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မြော်လင့်သောသဘော၊ တည်ကြည်သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။
အို ဘုရားရှင်ထာဝရဘုရား၊ ကျွန်တော်မျိုး၏စွမ်းအားကြီးသောကယ်တင်ရှင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲတွင် ကွယ်ကာစောင့်ထိန်းတော်မူပါပြီ။
ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကွယ်ကာစောင့်ရှောက်တော်မူ၏။ မိမိဘိသိက်ပေးတော်မူသောရှင်ဘုရင်အား ကွယ်ကာစောင့်ရှောက်၍ကယ်မတော်မူ၏။
သစ္စာတရားနှင့်တရားမျှတမှုစိုးမိုးရေး အတွက် ဘုန်းအသရေတော်နှင့်တကွချီတက်တိုက် ခိုက်၍ အောင်ပွဲခံတော်မူပါ။ အရှင်မင်းကြီးသည်မိမိ၏စွမ်းရည်အားဖြင့် အောင်ပွဲကြီးများကိုခံရပါလိမ့်မည်။
ပညာရှိသောသူတို့၏ စည်းစိမ်ဥစ္စာသည် သူတို့ ဦးရစ်သရဖူဖြစ်၏။ မိုက်သောသူတို့၏ မိုက်ခြင်းမူကား၊ အမိုက်သက်သက်ဖြစ်၏။
ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီး သော ကိုးစားရာအခွင့်ကိုဖြစ်စေတတ်၏။ သားတော်တို့ သည်လည်း ၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာ ကျော့ကွင်းတို့မှ လွှဲရှောင်ရာအသက် စမ်းရေ တွင်းဖြစ်၏။
နှောင့်ရှက်ခြင်းနှင့်ယှဉ်၍ ကြီးစွာသော စည်းစိမ် ထက် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့် ယှဉ်သောဥစ္စာ အနည်းငယ်သည် သာ၍ကောင်း၏။
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသက်ရှင်ခြင်းနှင့်ဆိုင်သည်ဖြစ်၍ ထိုသဘောရှိသော သူသည် အလိုဆန္ဒပြည့်စုံ လျက်ရှိ၍၊ ဘေးဥပဒ်နှင့်ကင်းလွတ်လိမ့်မည်။
ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍၊ ဘုရားသခင်ကိုသိသော ဥာဏ်နှင့်ပြည့်စုံ လိမ့်မည်။
ပြည်သူပြည်သားအပြစ်ကြောင့်၊ မင်းတို့သည် များပြားတတ်ကြ၏။ ဥာဏ်ပညာနှင့် ပြည့်စုံသောသူအား ဖြင့် နိုင်ငံတည်တတ်၏။
တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်း ပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင် မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။
အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ် ၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။
ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်တော်ပေါ်၌ ဘေးအန္တရာယ်ဖြစ်စေသည့်အရာသို့မဟုတ် ဆိုးညစ်သည့်အရာတစ်စုံတစ်ခုမျှ ရှိလိမ့်မည်မဟုတ်။ ပင်လယ်များသည်ရေနှင့်ပြည့်လျက်နေသကဲ့သို့၊ ထိုပြည်တော်သည်လည်းထာဝရဘုရားအား သိကျွမ်းမှုအသိပညာနှင့်ပြည့်ဝ၍နေလိမ့် မည်။
ယုဒပြည်တွင်အောက်ပါသီချင်းကိုလူတို့ သီဆိုကြသည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ သူတို့က ``ငါတို့၏မြို့တို့သည်ခိုင်ခန့်ပေသည်။ ကယ်တင်ခြင်းနှင့်ဆိုင်သောမြို့ရိုးများကို ဘုရားသခင်ကိုယ်တော်တိုင်ကာကွယ်တော်မူ ပါ၏။
လူအပေါင်းတို့သည်အမှန်တရားအတိုင်း ကိုပြုကျင့်ကြမည်ဖြစ်၍ ထာဝစဉ်ငြိမ်း ချမ်းသာယာမှုနှင့်လုံခြုံစိတ်ချမှုရှိ လိမ့်မည်။-
ဘုရားသခင်၏လူမျိုးတော်တို့နေထိုင်ရာ အိမ်များသည်ငြိမ်သက်၍လုံခြုံလိမ့်မည်။ ထို လူမျိုးတော်သည်လည်းပူပင်သောကနှင့် ကင်းဝေးကြလိမ့်မည်။-
ငါတို့ဘာသာရေးပွဲတော်များဆင်နွှဲရာ ဇိအုန်မြို့ကိုကြည့်ကြလော့။ ယေရုရှလင် မြို့ကိုကြည့်ကြလော့။ ထိုမြို့သည်ဘေးမဲ့လုံ ခြုံ၍အလွန်နေထိုင်ရန်ကောင်းသည့်မြို့ဖြစ် ပါသည်တကား။ ယင်းသည်ပန္နက်တိုင်များကို အဘယ်အခါ၌မျှမနုတ်ယူဘဲ အစဉ် ခိုင်ခံ့သည့်ကြိုးတို့ဖြင့်ဆွဲချည်ထားကာ၊ အဘယ်အခါ၌မျှမပြောင်းမရွှေ့ရသည့် တဲရှင်နှင့်တူလိမ့်မည်။-
သို့ရာတွင်ဣသရေလအမျိုးသားတို့မူကား ထာဝရဘုရား၏ကယ်တင်တော်မူခြင်းကို ခံကြလျက်သူတို့၏အောင်ပွဲသည် ထာဝစဉ်တည်လိမ့်မည်။ သူတို့သည်လည်းအဘယ်အခါ၌မျှ အသရေပျက်ကြရလိမ့်မည်မဟုတ်။' ''
အကျဉ်းခံနေရသောသူတို့သည်မကြာမီ လွတ်မြောက်လာကြလိမ့်မည်။ လူတို့သည်ထောင်တွင်း၌မသေဆုံးတော့ဘဲ၊ မိမိတို့လိုအပ်သည့်အစားအစာမှန်သမျှကို ရရှိကြလိမ့်မည်။
မိုးကောင်းကင်ကိုကြည့်ရှုကြလော့။ ကမ္ဘာမြေကြီးကိုလည်းကြည့်ရှုကြလော့။ မိုးကောင်းကင်သည်မီးခိုးသဖွယ် ပျောက်ကွယ်၍သွားလိမ့်မည်။ ကမ္ဘာမြေကြီးသည်ဟောင်းနွမ်းသည့်အဝတ်ကဲ့သို့ တဖြည်းဖြည်းပျက်ပြုန်းသွားလိမ့်မည်။ ဤကမ္ဘာမြေကြီးသားအပေါင်းတို့သည်လည်း ယင်ကောင်ကဲ့သို့သေကြေပျက်စီးကြလိမ့်မည်။ သို့ရာတွင်ငါ၏ကယ်တင်ခြင်းကျေးဇူးသည် အစဉ်အမြဲတည်လိမ့်မည်။ ငါ၏အောင်မြင်မှုသည်လည်းအဘယ်အခါ၌မျှ ပျက်ပြယ်ရလိမ့်မည်မဟုတ်။
ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ပင်လယ်တို့သည်ရေနှင့်ပြည့်လျက်နေသကဲ့% သို့ ကမ္ဘာမြေကြီးသည်လည်း ဘုရားသခင်၏% ဘုန်းအသရေတော်ကိုသိကျွမ်းမှုဖြင့်ပြည့်% လျက်နေလိမ့်မည်။
ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
ဝမ်းနည်းရသော်လည်းအစဉ်ဝမ်းမြောက်ကြ ၏။ သူဆင်းရဲများကဲ့သို့ဖြစ်သော်လည်းလူ အမြောက်အမြားကိုချမ်းသာကြွယ်ဝစေ ကြ၏။ ပစ္စည်းဥစ္စာတစ်စုံတစ်ခုကိုမျှမပိုင် သူများကဲ့သို့ဖြစ်သော်လည်းအလုံးစုံတို့ ကိုပိုင်ကြ၏။
ကာယဆိုင်ရာလေ့ကျင့်မှုသည်အကျိုးပေးသင့် သလောက်ပေး၏။ ဝိညာဉ်ရေးဆိုင်ရာလေ့ကျင့်မှု သည်ကားယခုဘဝနောင်ဘဝအတွက်အရာ ရာ၌အကျိုးကိုပေး၏။-
ငါတို့သည်ရှိသမျှဖြင့်တင်းတိမ်ရောင့်ရဲ တတ်ကြပါမူ ဘာသာရေးမှကြီးမားသော အမြတ်အစွန်းကိုအမှန်ပင်ရရှိနိုင်ကြ ပေသည်။-