ဧလိယသည်လှည့်၍ကြည့်လိုက်ရာခေါင်းရင်း၌ မုန့်တစ်လုံးနှင့်ရေတစ်ဘူးကိုတွေ့သဖြင့်စား သောက်ပြီးနောက်အိပ်ပြန်၏။-
ဟေရှာယ 33:16 - Common Language Bible သို့မှသာသင်တို့သည်အကြံအောင်၍ ခိုင်ခံ့ သောရဲတိုက်တွင်နေထိုင်ရဘိသကဲ့သို့ ဘေးမဲ့လုံခြုံကြလိမ့်မည်။ စားသောက်စရာ အစာရေစာများကိုလည်းရရှိကြလိမ့်မည်။ Garrad Bible ထို သို့ သော သူ သည် မြင့် ရာ၌ နေ ထိုင် လျက်၊ ခို လှုံ ရာ ကျောက် တောင် တွင် ခံ တပ် သ ဖွယ် ရ လျက်၊ အ စာ အာ ဟာ ရ ကို ခံ စား ၍ သောက် ရေ ကို လည်း အ မြဲ ရ လိမ့် မည်။ Judson Bible ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံလိမ့်မည်။ ထိုသူအား အစာကို အစဉ်ပေးရလိမ့်မည်။ သောက်ရေလည်း မပြတ်ရ။ မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် မြင့်ရာအရပ်၌ နေရလိမ့်မည်။ ခိုင်ခံ့သောကျောက်တောင်၌ ခိုလှုံရ၍ သူ့အား အစားအစာပေးကြ၏။ သူ၌ သောက်ရေမပြတ်။ |
ဧလိယသည်လှည့်၍ကြည့်လိုက်ရာခေါင်းရင်း၌ မုန့်တစ်လုံးနှင့်ရေတစ်ဘူးကိုတွေ့သဖြင့်စား သောက်ပြီးနောက်အိပ်ပြန်၏။-
သို့ရာတွင်ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူ တို့ကို ဆင်းရဲဒုက္ခမှကယ်ဆယ်တော်မူ၍ သူတို့၏အိမ်ထောင်စုများကိုသိုးအုပ်များ သဖွယ် တိုးပွားစေတော်မူ၏။
ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူတို့အား ကျွေးမွေးတော်မူ၏။ မိမိပဋိညာဉ်တော်ကိုအဘယ်အခါ၌မျှ မေ့လျော့တော်မမူ။
အို ထာဝရဘုရား၊ အဘယ်သူသည်ကိုယ်တော်၏ဗိမာန်တော်သို့ ဝင်နိုင်ပါမည်နည်း။ အဘယ်သူသည်ကိုယ်တော်၏သန့်ရှင်းမြင့် မြတ်သော ဇိအုန်တောင်တော်ပေါ်တွင် ကိုးကွယ်ဝတ်ပြုနိုင်ပါမည်နည်း။
ကိုယ်တော်သည်ငါ့ခြေကိုသမင်ခြေကဲ့သို့ မြဲမြံစေတော်မူ၏။ တောင်များပေါ်တွင်ငါ့ကိုဘေးမဲ့လုံခြုံစွာ ထားတော်မူ၏။
ဘုရားသခင်သည်မိမိအားကြောက်ရွံ့ ရိုသေသော၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသောသူ များအား ကြည့်ရှုစောင့်ထိန်းတော်မူ၏။
ခြင်္သေ့များပင်လျှင်အစာချို့တဲ့၍ငတ်မွတ်ကြ လိမ့်မည်။ သို့ရာတွင်ထာဝရဘုရား၏စကားကို နားထောင်သူတို့မူကားကောင်းသည့်အရာ တစ်စုံတစ်ခုမျှချို့တဲ့ရလိမ့်မည်မဟုတ်။
ထာဝရဘုရားကိုကိုးစားလျက် အကျင့်ကောင်းကိုပြုကျင့်လော့။ ပြည်တော်တွင်လုံခြုံစွာနေလော့။
ငါ၏ကယ်တင်ခြင်းနှင့်ဂုဏ်အသရေသည် ဘုရားသခင်အပေါ်တွင်တည်ပါ၏။ ကိုယ်တော်သာတန်ခိုးကြီးသည့်ကာကွယ်သော ကျောက်တောင်ဖြစ်တော်မူ၏။ ငါခိုလှုံရာကားဘုရားသခင်ပေတည်း။
အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ကာလအစဉ်အဆက် ကျွန်တော်မျိုးတို့၏ခိုလှုံရာဖြစ်တော်မူပါ၏။
ဘုရားသခင်က ``ငါ့ကိုချစ်သောသူတို့အားငါကယ်မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူကြောင်း ဝန်ခံသော သူတို့အားငါကွယ်ကာစောင့်ရှောက်မည်။
ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့လိုက်သော သူမူကား၊ သဘောထင်ရှားလိမ့်မည်။
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။
ဆင်းရဲသူနှင့် ခိုကိုးရာမဲ့သူတို့သည် ကိုယ်တော်ရှင်၏ထံတော်သို့ခိုလှုံကြသဖြင့် ဒုက္ခရောက်ချိန်၌ဘေးမဲ့လုံခြုံမှုကိုရရှိကြ ပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားမိုးသက်မုန်တိုင်းမှ အကာအကွယ်ကိုလည်းကောင်း၊ ပြင်းထန်သည့်အပူရှိန်မှခိုလှုံရန်အရိပ် အာဝါသ ကိုလည်းကောင်းပေးတော်မူပါ၏။ ရက်စက်ကြမ်းကြုတ်သူတို့၏တိုက်ခိုက်မှုသည်၊ ဆောင်းလေပြင်းနှင့်လည်းကောင်း၊
ထာဝရဘုရားသည်သင်တို့အားဆိုးယုတ် ခက်ခဲမှုများနှင့်တွေ့ကြုံစေတော်မူမည် ဖြစ်သော်လည်း ကိုယ်တော်တိုင်ပင်သင်တို့နှင့် အတူရှိတော်မူ၍လမ်းပြသွန်သင်တော်မူ လိမ့်မည်။ သင်တို့သည်လည်းကိုယ်တော်ကို ရှာနေရန်လိုတော့မည်မဟုတ်။-
ဘုရားသခင်၏လူမျိုးတော်တို့နေထိုင်ရာ အိမ်များသည်ငြိမ်သက်၍လုံခြုံလိမ့်မည်။ ထို လူမျိုးတော်သည်လည်းပူပင်သောကနှင့် ကင်းဝေးကြလိမ့်မည်။-
သူတို့သည်အဘယ်အခါ၌မျှအစာရေစာ ငတ်မွတ် ရလိမ့်မည်မဟုတ်။ သူတို့သည်မိမိတို့အားချစ်မြတ်နိုးတော် မူသော အရှင်၏လမ်းပြပို့ဆောင်မှုကိုခံယူ၍၊ နေနှင့်သဲကန္တာရအပူရှိန်ကြောင့်ဘေး အန္တရာယ် ရောက်ရလိမ့်မည်မဟုတ်။ ထိုအရှင်သည်သူတို့အားစမ်းရေတွင်းများ ရှိရာသို့ ပို့ဆောင်တော်မူလိမ့်မည်။
ငါ့အားဝတ်ပြုကိုးကွယ်မှုမှရရှိအပ်သော စိတ္တသုခကိုခံစားရကြလိမ့်မည်။ ငါသည် သင်တို့အားကမ္ဘာတစ်ဝှမ်းလုံးတွင်ဂုဏ်အသ ရေရှိစေမည်။ သင်တို့သည်လည်းမိမိတို့ဘိုး ဘေးယာကုပ်အားပေးအပ်ခဲ့သည့်ပြည်တော် တွင်ပျော်မွေ့စွာနေရကြလိမ့်မည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
ထို့ကြောင့်ဇေဒကိမင်းသည်ငါ့အားနန်း တော်ဝင်းအတွင်း၌ချုပ်နှောင်ထားရန်အမိန့် ပေးတော်မူ၏။ ငါသည်မြို့တွင်း၌မုန့်များ ကုန်သည်အထိမုန့်ဖိုများမှနေ့စဉ်နေ့တိုင်း မုန့်တစ်လုံးကိုရရှိလေသည်။ ဤသို့လျှင် ငါသည်နန်းတော်ဝင်းအတွင်း၌နေရ သတည်း။
ထာဝရဘုရားသည်ဇိအုန်တောင်ပေါ်မှာ ကြွေးကြော်တော်မူ၏။ ယေရုရှလင်မြို့မှဟစ်အော်တော်မူ၏။ မြေကြီးနှင့်မိုးကောင်းကင်သည်လည်းတုန်လှုပ် ကြ၏။ သို့ရာတွင်ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ကာကွယ်တော်မူလိမ့်မည်။
ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။