အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးတို့အားထာဝစဉ် အမျက်ထွက်လျက်နေတော်မူပါမည်လော။ အမျက်တော်သည်မပြေဘဲမီးကဲ့သို့တောက်လောင် နေပါမည်လော။
ဟေရှာယ 30:27 - Common Language Bible ဘုရားသခင်၏တန်ခိုးတော်နှင့်ဘုန်းအသရေ တော်ကိုအဝေးမှပင်မြင်နိုင်ပါသည်တကား။ မီးလျှံနှင့်မီးခိုးတို့သည်ကိုယ်တော်၏အမျက် တော်ကိုဖော်ပြကြ၏။ ကိုယ်တော်မိန့်မြွက်တော် မူသောအခါနှုတ်တော်ထွက်စကားများသည် မီးကဲ့သို့လောင်ကျွမ်းစေတတ်၏။- Garrad Bible ထာ ဝ ရ ဘု ရား၏ နာ မ တော် အ ရှိန် သည် ဒေါ သ မီး လောင် လျက်၊ အ ခိုး မှိုင်း အုံ့ လျက်၊ ဝေး ကွာ ရာ မှ ရောက် လာ ပြီ။ ခံ တွင်း တော် သည် အ မျက် နှင့် ပြည့် လျှံ၍၊ လျှာ တော် သည် ကျွမ်း လောင် သော မီး သ ဖွယ် ဖြစ် ၏။ Judson Bible ကြည့်ရှုလော့။ ထာဝရဘုရား၏နာမတော်သည် ဝေးသောအရပ်မှ လာ၏။ အမျက်တော်လောင်၍ မီးလျှံဟုန်းလေ၏။ နှုတ်တော်သည် အမျက်နှင့် ပြည့်၍၊ လျှာတော်သည် မီးရှို့သကဲ့သို့ ဖြစ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ထာဝရဘုရား၏နာမတော်သည် တောက်လောင်နေသောအမျက်တော်၊ ထူထပ်သည့်မီးခိုးလုံးတို့ဖြင့် ဝေးလံသောအရပ်မှလာ၏။ ကိုယ်တော်၏နှုတ်သည် အမျက်ဒေါသနှင့်ပြည့်၏။ ကိုယ်တော်၏လျှာသည် တောက်လောင်နေသောမီးကဲ့သို့ဖြစ်၏။ |
အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးတို့အားထာဝစဉ် အမျက်ထွက်လျက်နေတော်မူပါမည်လော။ အမျက်တော်သည်မပြေဘဲမီးကဲ့သို့တောက်လောင် နေပါမည်လော။
ထာဝရဘုရားက``အို အာရှုရိအမျိုးသား တို့၊ ငါအမျက်ထွက်သောသူတို့အားအာရှုရိ အမျိုးသားတို့ကိုတင်းပုတ်အဖြစ်ဖြင့်ငါ အသုံးပြုမည်။-
သူတို့သည်ကမ္ဘာအစွန်အဖျားရှိရပ်ဝေး နိုင်ငံများမှ လာရောက်ကြလိမ့်မည်။ ထာဝရ ဘုရားသည်အမျက်ထွက်တော်မူသဖြင့် လက်နက်ဖြင့် နိုင်ငံတစ်ခုလုံးကိုသုတ်သင် ဖျက်ဆီးပစ်ရန်ကြွလာတော်မူပေအံ့။
သင်တို့သည်ထုံးလုပ်ရန်မီးအဖုတ်ခံရသည့် ကျောက်ကဲ့သို့လည်းကောင်း၊ ပြာဖြစ်အောင်ကျွမ်း လောင်သွားသည့်ဆူးပင်ကဲ့သို့လည်းကောင်း ကြေမွသွားကြလိမ့်မည်။-
အပြစ်ကူးလွန်သည့်ဇိအုန်မြို့သူမြို့သား တို့သည်ကြောက်ရွံ့တုန်လှုပ်၍နေကြ၏။ သူ တို့က``ဘုရားသခင်၏တရားစီရင်တော် မူချက်သည် ထာဝစဉ်တောက်လောင်နေသော မီးနှင့်တူ၏။ ဤသို့သောမီးမှငါတို့လွတ် မြောက်၍အသက်မသေဘဲကျန်ရှိနိုင်ကြ ပါမည်လော'' ဟုဆိုကြ၏။-
ဧဒုံပြည်မှမြစ်တို့သည်ကတ္တရာစေး အဖြစ်သို့လည်းကောင်း၊ မြေဆီလွှာသည် ကန့်အဖြစ်သို့လည်းကောင်းပြောင်းလဲသွား လိမ့်မည်။ ထိုပြည်တစ်ခုလုံးသည်ကတ္တရာ စေးကဲ့သို့မီးစွဲလောင်၍နေလိမ့်မည်။-
သင်တို့သည်ရေနက်ထဲသို့လျှောက်သွားရသောအခါ ငါသည်သင်တို့နှင့်အတူရှိမည်။ ဆင်းရဲဒုက္ခများသည်သင်တို့ကိုလွှမ်းမိုး ရလိမ့်မည်မဟုတ်။ သင်တို့သည်မီးထဲသို့လျှောက်သွားရသော အခါ မီးအလောင်ခံရကြလိမ့်မည်မဟုတ်။ ပြင်းထန်သောစုံစမ်းခြင်းများသည်သင်တို့ကို ထိခိုက်နစ်နာစေလိမ့်မည်မဟုတ်။
အရှေ့မျက်နှာမှသည်အနောက်မျက်နှာသို့ တိုင်အောင် လူအပေါင်းတို့သည်ကိုယ်တော်၏ နာမတော်နှင့်ဘုန်းတန်ခိုးတော်တို့ကိုကြောက် ရွံ့လေးစားကြလိမ့်မည်။ ကိုယ်တော်သည်အရှိန် ပြင်းသည့်ချောင်းရေကဲ့သို့လည်းကောင်း၊ အဟုန် ကြီးသည့်လေကဲ့သို့လည်းကောင်းကြွလာ တော်မူလိမ့်မည်။
ဤအမှုအရာကိုမြင်သောအခါသင်တို့ သည်ဝမ်းမြောက်ကြလျက် ကျန်းမာသန်စွမ်း ၍လာလိမ့်မည်။ ထိုနောက်ထာဝရဘုရား သည်မိမိ၏စကားကိုနားထောင်သူတို့ အားကူမတော်မူ၍ ရန်သူတို့ကိုမူ အမျက်တော်သင့်စေကြောင်းကိုသင်တို့ သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်မီးလျှံကိုစီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိ အမျက်ထွက်သူတို့အားအပြစ်ဒဏ်ခတ် ရန်လေဗွေရထားကိုစီး၍ကြွလာတော် မူလိမ့်မည်။-
ချင်းနင်းဝင်ရောက်လာသောရန်သူစစ်သည် တို့၏ ဖိနပ်များနှင့်သွေးစွန်းလျက် ရှိသည့်အဝတ်အစားများသည်မီးရှို့ ဖျက်ဆီးခြင်း ကိုခံရကြလိမ့်မည်။
သင်တို့၏ထာဝရဘုရားတည်းဟူသောငါ နှင့်သင်တို့ပြုသည့်ပဋိညာဉ်ကိုစောင့်ကြလော့။ အချင်းယုဒပြည်သားများနှင့်ယေရုရှလင် မြို့သားတို့၊ ငါ့အားသင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသို့မပြုပါမူသင်တို့ကူးလွန်ခဲ့ သည့်ဒုစရိုက်များကြောင့် ငါ၏အမျက်တော် သည်မီးကဲ့သို့တောက်လောင်လိမ့်မည်။ ယင်းကို ငြိမ်းသတ်မည့်သူလည်းတစ်စုံတစ်ယောက် မျှရှိလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ငါသည်အမျက်တော်ကိုသွန်းလောင်း ၍ သူတို့အပေါ်သို့အမျက်တော်ကိုမီးသ ဖွယ်သက်ရောက်စေမည်။ သူတို့ပြုခဲ့သည့်အမှု များအတွက်သူတို့၏ခေါင်းပေါ်သို့ကျရောက် စေမည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
ထိုပလ္လင်တော်မှမြစ်သဖွယ်မီးရောင်ခြည်ထွက်လျက်နေ၏။ ထိုအရပ်တွင်ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်သူထောင်ပေါင်းများစွာရှိ၏။ ရှေ့တော်တွင်ရပ်လျက်ခစားနေသူလည်းသန်းပေါင်းများစွာရှိပေသည်။ တရားစီရင်တော်မူချိန်စတော့မည်ဖြစ်သဖြင့်စာစောင်များဖွင့်ထားလျက်ရှိ၏။
ငါသည်ကြည့်ရှုနေစဉ်ရာဇပလ္လင်များကိုတည်ထားသည်ကိုလည်းကောင်း၊ တစ်ခုသောပလ္လင်ပေါ်တွင်ထာဝစဉ်အသက်ရှင်တော်မူသောအရှင် ထိုင်လျက်နေတော်မူသည်ကိုလည်းကောင်းမြင်ရ၏။ ထိုအရှင်၏အဝတ်တို့သည်မိုးပွင့်ကဲ့သို့ဖြူ၍ဆံတော်သည်လည်းသိုးမွေးစစ်နှင့်တူ၏။ ရဲရဲတောက်နေသောဘီးများတပ်ဆင်ထားသည့်ကိုယ်တော်၏ပလ္လင်တော်သည်မီးလျှံထလျက်နေ၏။-
ထာဝရဘုရားက``စောင့်မျှော်၍နေလော့။ လူ မျိုးတကာတို့အားငါထ၍ပြစ်တင်စွပ်စွဲ မည့်နေ့ရက်ကာလကိုစောင့်မျှော်၍နေလော့။ ငါ၏အမျက်တော်အရှိန်ကိုခံစားစိမ့် သောငှာ၊ လူမျိုးတကာနှင့်နိုင်ငံတကာ ကိုစုသိမ်းရန်ငါသန္နိဋ္ဌာန်ချမှတ်ထားလေ ပြီ။ ကမ္ဘာမြေကြီးတစ်ခုလုံးသည်ငါ၏ အမျက်တော်မီးဖြင့်ကျွမ်းလောင်ပျက်စီး ၍သွားလိမ့်မည်။
ကမ္ဘာမြေကြီးတစ်စွန်းမှအခြားတစ်စွန်း တိုင်အောင်လူတို့သည် ငါ၏ဂုဏ်တော်ကို ချီးကူးကြပေသည်။ သူတို့သည်အရပ် တကာတွင်နံ့သာပေါင်းကိုမီးရှို့၍ နှစ် သက်ဖွယ်ကောင်းသည့်ယဇ်များကိုငါ့ အားပူဇော်ကြ၏။ သူတို့အားလုံးပင် ငါ၏နာမတော်ကိုချီးကူးကြ၏။-''
ငါ၏အမျက်တော်သည်မီးကဲ့သို့တောက်လောင်၍ မြေကြီးပေါ်တွင်ရှိသမျှတို့ကိုလောင်ကျွမ်း စေမည်။ အမျက်တော်မီးသည်မရဏာနိုင်ငံ တိုင်အောင်လည်းကောင်း၊ တောင်အောက်ခြေသို့တိုင်အောင်လည်းကောင်း လောင်လိမ့်မည်။
ထာဝရဘုရားသည်သိနာတောင်ပေါ်မှ ကြွလာတော်မူ၏။ ကိုယ်တော်သည်နေမင်းသဖွယ်ဧဒုံပြည်ပေါ်သို့ ထွက်ပေါ်လာပြီးလျှင်၊ ပါရန်တောင်ထိပ်ပေါ်မှမိမိလူမျိုးတော်ပေါ်သို့ ထွန်းတောက်တော်မူ၏။ ကိုယ်တော်၏လက်ယာတော်ဘက်တွင် ထောင်သောင်းမကများစွာသော ကောင်းကင်တမန်တို့သည်လိုက်ပါလျက် မီးလျှံတောက်နေ၏။
ထိုအခါသူယုတ်မာကြီးသည်ပေါ်လွင်ထင် ရှားလာပေအံ့။ သို့ရာတွင်အရှင်ယေရှုကြွ လာတော်မူသောအခါသူယုတ်မာကြီးအား မိမိ၏ထွက်သက်လေဖြင့်ကွပ်မျက်၍ဘုန်း ရောင်ခြည်တော်ဖြင့်ပယ်ရှားတော်မူလိမ့်မည်။-
အဘယ်ကြောင့်ဆိုသော်ငါတို့၏ဘုရား သခင်သည်ကျွမ်းလောင်စေတတ်သောမီး သဖွယ်ဖြစ်တော်မူသောကြောင့်တည်း။