သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား၍ နောက်တဖန် မတွေ့ရ။ ညဉ့်ရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။
ဟေရှာယ 29:7 - Common Language Bible ထိုအခါထာဝရဘုရား၏ယဇ်ပလ္လင်တော် မြို့ကိုတိုက်ခိုက်ကြသည့်စစ်တပ်အပေါင်းနှင့် သူတို့၏လက်နက်တန်ဆာရှိသမျှသည်အိပ် မက်ကဲ့သို့လည်းကောင်း၊ ညဥ့်အခါစိတ်ကူး ယဉ်မှုကဲ့သို့လည်းကောင်းကွယ်ပျောက်သွား လိမ့်မည်။- Garrad Bible အ ရေ လ မြို့ နှင့် ဆိုင် ရာ ခံ တပ် ကို တိုက် ခိုက် နှိပ် စက် သော လူ အ မျိုး မျိုး တို့ အ လုံး အ ရင်း သည်၊ ညဉ့် အ ခါ မြင် မက် သော ရူ ပါ ရုံ ကဲ့ သို့ ဖြစ် ကြ လျက်၊ Judson Bible အပြည်ပြည်ကလာ၍၊ အရေလမြို့ကို စစ်တိုက်သော အလုံးအရင်း၊ အရေလမြို့နှင့် ရဲတိုက်ကိုတိုက်၍ ညှဉ်းဆဲသောသူ အပေါင်းတို့သည် အိပ်မက်တည်းဟူသော ညရူပါရုံကဲ့သို့ ဖြစ်ရကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း အရေလမြို့ကို တိုက်ခိုက်လာကြသော တိုင်းနိုင်ငံအသီးသီးမှလူအလုံးအရင်း၊ ထိုမြို့၏ခံတပ်ကိုတိုက်ခိုက်၍ ထိုမြို့ကိုအကျပ်အတည်းထဲသို့ရောက်စေသောသူအပေါင်းတို့သည် ညအိပ်မက်ဗျာဒိတ်နိမိတ်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ |
သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား၍ နောက်တဖန် မတွေ့ရ။ ညဉ့်ရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။
အို ထာဝရဘုရား၊ သူတို့သည်နံနက်ချိန်၌ပျောက်ကွယ် သွားသည့် အိပ်မက်နှင့်တူပါ၏။ ကိုယ်တော်ရှင်နိုးထတော်မူသောအခါသူတို့သည် ပျောက်ကွယ်သွားကြပါ၏။
သူတို့သည်လူတို့အားညဥ့်ဦးယံ၌ တုန်လှုပ် ချောက်ချားစေကြသော်လည်း မိုးသောက်ယံ၌ မရှိကြတော့ပါတကား။ ဤကားငါတို့ပြည် ကိုလုယက်တိုက်ခိုက်သူမှန်သမျှတို့၏ကံ ကြမ္မာပင်ဖြစ်လေသည်။
ထိုညဥ့်၌ထာဝရဘုရား၏ကောင်းကင်တမန် သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သား တစ်သိန်းရှစ်သောင်းငါးထောင်ကိုသုတ်သင်ပစ် လေသည်။ နောက်တစ်နေ့အရုဏ်တက်ချိန်၌ ထိုသူအပေါင်းတို့သည်လဲ၍သေနေကြ၏။-
ကြည့်လော့၊ သတင်းကောင်းကိုယူဆောင်လာ သူစေတမန်သည်တောင်များကိုကျော်ဖြတ် လျက်နေ၏။ သူသည်အောင်ပွဲခံရသည့်သတင်း ကိုကြေညာရန်လာလျက်ရှိပေသည်။ အို ယုဒ ပြည်သားတို့သင်တို့၏ဋ္ဌမ္မပွဲသဘင်များ ကိုကျင်းပကြလော့။ ထာဝရဘုရားအား သင်တို့ဆက်ကပ်ပေးလှူကြလော့။ သူယုတ် မာများသည်သင်တို့ပြည်သို့နောက်တစ်ဖန် ချင်းနင်းဝင်ရောက်ရကြတော့မည်မဟုတ်။ သူတို့သည်လုံးဝဆုံးပါးပျက်စီးသွား ကြလေကုန်ပြီ။
အို နိနေဝေမြို့၊ရန်သူသည်သင့်ကိုတိုက်ခိုက် လျက်ရှိ၏။ သင်တို့ချေမှုန်းပစ်မည့်သူသည်ရောက်ရှိလာ လေပြီ။ သင်၏ခံတပ်များကိုကြီးကြပ်အုပ်ချုပ်လော့။ လမ်းတွင်အစောင့်ချထားလော့။ တိုက်ပွဲဝင်ရန်အသင့်ပြင်ဆင်လော့။
ထိုအခါငါသည်ယေရုရှလင်မြို့ကို တိုက် ခိုက်သည့်လူမျိုးမှန်သမျှတို့အားသုတ် သင်ဖျက်ဆီးမည်။