မာန်မာနထောင်လွှားသူခေါင်းဆောင်များ ၏မှေးမှိန်လျက်နေသောဂုဏ်အသရေသည် မှည့်သည်နှင့်တစ်ပြိုင်နက်ခူးဆွတ်စားသုံး လိုက်သည့်ရာသီစာသင်္ဘောသဖန်းသီး များကဲ့သို့ကွယ်ပျောက်၍သွားလိမ့်မည်။
ပြန့် ပြော သော ချိုင့် ထိပ် တွင် ညှိုး နွမ်း ဆဲ ရ တ နာ ပန်း ဦး ရစ် လည်း၊ အ ချိန် မ တိုင် မီ သီး ဦး သ ဖန်း သီး မှည့် ကို မြင် လျှင် မြင် ချင်း၊ ဆွတ် ခူး စား မျို သ ကဲ့ သို့ ခံ ရ လိမ့် မည်။
ကြွယ်ဝသော ချိုင့်ဦးတွင်၊ သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ပန်းပွင့်သည်၊ နွေကာလမစေ့မီ အလျင်သီးသော အသီးကဲ့သို့ ဖြစ်လိမ့်မည်။ ထိုအသီးကို မြင်သောသူသည် မြင်လျက်၊ လက်နှင့် ကိုင်လျက်ပင် စားတတ်၏။
မြေဆီမြေနှစ်ကောင်းသောချိုင့်ဝှမ်းထိပ်မှ ဂုဏ်ကျက်သရေအလှ ညှိုးနွမ်းသွားသောပန်းပွင့်သည် နွေရာသီမတိုင်မီ အဦးဆုံးမှည့်သောအသီးကဲ့သို့ဖြစ်လိမ့်မည်။ ထိုအသီးကို မြင်သောသူသည် ခူး၍ ချက်ချင်းစားပစ်တတ်၏။
ဣသရေလနိုင်ငံသည်အမင်္ဂလာရှိ၏။ မိမိ ၏သေသောက်ကြူးသောခေါင်းဆောင်များဆောင်း ထားသည့်ပန်းဦးရစ်များနွမ်းသကဲ့သို့၊ ထို နိုင်ငံ၏ဘုန်းအသရေသည်ညှိုးနွမ်းလျက် နေ၏။ ထိုခေါင်းဆောင်တို့သည်ဝင့်ဝါမော်ကြွား ကာ၊ မိမိတို့ဦးခေါင်းကို နံ့သာဆီမွှေးကောင်း စွာလိမ်း၍ထားကြသော်လည်းသေသောက် ကြူးကာလဲ၍နေကြ၏။-
ထိုသူငယ်သည်မေမေ၊ ဖေဖေဟူ၍ပင်ခေါ် တတ်သည့်အရွယ်သို့မရောက်မီ အာရှုရိ ဘုရင်သည် ဒမာသက်မြို့ရှိစည်းစိမ်ဥစ္စာ မှန်သမျှနှင့်ရှမာရိမြို့မှတိုက်ရာပါ ပစ္စည်းများကိုသိမ်းယူ၍သွားလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။
ယခင်အခါကဧဖရိမ်အနွယ်ဝင်တို့ပြော သောစကားကိုအခြားဣသရေလအနွယ် ဝင်တို့သည်ကြောက်ရွံ့တုန်လှုပ်ကြ၏။ အခြား သောဣသရေလအနွယ်ဝင်တို့သည်ဧဖရိမ် အနွယ်ဝင်တို့ကိုရိုသေလေးစားကြ၏။ သို့ ရာတွင်သူတို့သည်ဗာလဘုရားကိုကိုး ကွယ်သောအပြစ်ကြောင့်သေကြေပျက်စီး ရမည်။-
ဣသရေလအမျိုးသားတို့သည်ပေါင်း ပင်ကဲ့သို့သန်စွမ်းသော်လည်း၊ ငါသည်သဲ ကန္တာရထဲမှပူပြင်းသောအရှေ့လေကို တိုက်ခတ်စေသဖြင့် သူတို့၏စမ်းချောင်း များနှင့်ရေတွင်းများကိုခန်းခြောက်စေ ပြီးလျှင်အဖိုးတန်ပစ္စည်းမှန်သမျှ ဆုံးရှုံးရလိမ့်မည်။-
သို့ရာတွင်ထာဝရဘုရားက``ဣသရေလ အမျိုးသားနှင့်ယုဒအမျိုးသားတို့၊ သင် တို့ကိုငါမည်ကဲ့သို့စီရင်ရမည်နည်း၊ ငါ့ အားသင်တို့ထားသောမေတ္တာသည်နံနက် ဆီးနှင်းကဲ့သို့လည်းကောင်း၊ နှင်းပေါက်ကဲ့ သို့လည်းကောင်းပျောက်လွယ်လှ၏။-
ဣသရေလပြည်သားတို့သည်အမြစ် များသွေ့ခြောက်သဖြင့် အသီးမသီးနိုင် သောအပင်နှင့်တူ၏။ သူတို့တွင်သားသမီး များမထွန်းကားစေရ။ အကယ်၍သား သမီးများထွန်းကားခဲ့သည်ရှိသော်သူ တို့၏ရင်သွေးများကိုငါသတ်ပစ်မည်'' ဟုမိန့်တော်မူ၏။
မျှော်လင့်ချက်ကုန်ပြီ၊ ငါသည်ဆာလောင် သဖြင့် အပင်မှအသီးကိုသော်လည်းကောင်း၊ စပျစ်နွယ်မှစပျစ်သီးကိုသော်လည်းကောင်း ရှာသော်လည်း တစ်လုံးကိုမျှမတွေ့ရသော သူကဲ့သို့ဖြစ်၏။ စပျစ်သီးရှိသမျှနှင့်စား ချင်ဖွယ်ကောင်းသောသဖန်းသီးရှိသမျှ ကိုဆွတ်ခူးသွားကြပြီ။-
သင်၏ခံတပ်မှန်သမျှသည်အသီးမှည့်များ ရှိသည့်သဖန်းပင်များနှင့်တူ၍ အပင်ကို လှုပ်လိုက်လျှင်စားချင်သူ၏ခံတွင်းသို့ အသီးများကျလာလိမ့်မည်။-
ကောင်းကင်ရှိကြယ်များသည်လေပြင်းဒဏ် ကြောင့် အပင်မှကြွေကုန်သောင်္သဘောသဖန်း သီးစိမ်းများကဲ့သို့ကမ္ဘာမြေသို့ကျကုန်၏။