အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ။
ဟေရှာယ 28:29 - Common Language Bible သူသည်ဤအသိပညာမှန်သမျှကို အနန္တ တန်ခိုးရှင်ထာဝရဘုရားထံတော်မှရရှိ ပေသည်။ ထာဝရဘုရားပြုတော်မူသော အကြံအစည်တော်တို့သည် ဉာဏ်ပညာ အမြော်အမြင်နှင့်ပြည့်စုံ၍အစဉ်အောင် မြင်မှုရှိပါပေသည်။ Garrad Bible ဤ အ တတ် မျိုး သည် အံ့ ဖွယ် ရာ အ ကြံ တော်၊ လွန် ကဲ ရာ ပ ညာ တော် နှင့် ပြည့် စုံ သော ဗိုလ် ခြေ တို့ အ ရှင် ထာဝ ရ ဘု ရား ထံ မှ ဖြစ် လာ သ တည်း။ Judson Bible ထိုအမှုသည်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အကြံပေးတော်မူသောအမှုတည်း။ အကြံပေးတော်မူခြင်းသည် အံ့ဩဖွယ်ဖြစ်၏။ ဉာဏ်တော်သည်လည်း ထူးဆန်းပေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအမှုအရာသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားထံတော်မှလာသော အမှုအရာဖြစ်၏။ ကိုယ်တော်၏အကြံဉာဏ်သည် အံ့ဖွယ်ဖြစ်၏။ ကိုယ်တော်၏ဉာဏ်ပညာသည် ကြီးမြတ်တော်မူ၏။ |
အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ။
ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။
ဤအမှုကားဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်၌အံ့သြဖွယ် ကောင်းလှပါသည်တကား။
ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် များစွာသောအမှုတို့ကိုပြုတော်မူပါပြီ။ ကိုယ်တော်ရှင်နှင့်နှိုင်းယှဉ်နိုင်သူတစ်ယောက် မျှမရှိပါ။ ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့အတွက် ကြံစည်သောအကြံအစည်တော်တို့သည် အံ့သြဖွယ်ဖြစ်ပါ၏။ ထိုအမှုအရာတို့သည်များပြားလှသဖြင့် ယင်းတို့ကိုမရေမတွက်နိုင်ပါ။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်တို့သည် ကြီးမြတ်လှပါ၏။ ကိုယ်တော်ရှင်၏အကြံအစည်တော်သည်လည်း နက်နဲလှပါ၏။
လူမိုက်တို့မသိနိုင်သောအရာ၊အသိဉာဏ်တုံး သူတို့ နားမလည်နိုင်သောအရာတစ်ခုရှိပါ၏။
အကြံပေးနိုင်သော အခွင့်နှင့်ပညာရတနာသည် ငါ၌ရှိ၏။ ငါသည်ဥာဏ်ဖြစ်၍ အစွမ်းသတ္တိနှင့်ပြည့်စုံ၏။
သူသည်ဂျုံနှံများကိုလည်းအဆက်မပြတ် နင်းနယ်ခြင်းအားဖြင့် ဂျုံဆံအများပျက်စီး အောင်မပြုတတ်။ ဂျုံဆံများမပွန်းမပဲ့ရ လေအောင်လှည်းဖြင့်အဘယ်သို့နင်းနယ်ရ မည်ကိုသိ၏။-
ကိုယ်တော်သည်မိမိပြုတော်မူလျက်နေ သည့်အမှုကိုသိတော်မူပါသည်တကား။ ကိုယ်တော်သည်ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေတော်မူပါ၏။ ဆိုးညစ်သူများနှင့် သူတို့အားကာကွယ်စောင့်ရှောက်သူတို့ကို အပြစ်ဒဏ်ခတ်ရန်ကြုံးဝါးတော်မူခဲ့ သည့်အတိုင်းပြုတော်မူပါ၏။-
ဤအချင်းအရာကိုတွေ့မြင်ကြသောအခါ လူတို့သည်ဤအမှုကားငါထာဝရဘုရား စီရင်တော်မူသောအမှုပင်ဖြစ်ကြောင်း သိရှိလာကြလိမ့်မည်။ ဤအမှုကိုဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသည့် ဘုရားသခင်ဖြစ်ပွားစေတော်မူကြောင်း နားလည်လာကြလိမ့်မည်။
ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
ကိုယ်တော်ရှင်၏အကြံအစည်တော်တို့သည် အံ့သြဖွယ်ကောင်း၍ ပြုတော်မူသောအမှု တော်တို့သည်ကြီးမြတ်ပါ၏။ ကိုယ်တော်ရှင် သည်လူတို့ပြုသမျှသောအမှုတို့ကိုတွေ့ မြင်တော်မူသည်ဖြစ်၍ သူတို့အားမိမိတို့ ၏အကျင့်အကြံအပြုအမူများကို လိုက်၍ဆုချတော်မူပါ၏။-
ဘုရားသခင်၏ကြွယ်ဝသောဉာဏ်ပညာ တော်နှင့်အသိပညာတော်သည် လွန်စွာနက်နဲ လှပါတကား။ စီရင်ဆုံးဖြတ်တော်မူချက် များကိုအဘယ်သူရှင်းပြနိုင်သနည်း။ နည်း လမ်းတော်များကိုအဘယ်သူနားလည် နိုင်သနည်း။-