သို့ရာတွင်ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူ တို့ကို ဆင်းရဲဒုက္ခမှကယ်ဆယ်တော်မူ၍ သူတို့၏အိမ်ထောင်စုများကိုသိုးအုပ်များ သဖွယ် တိုးပွားစေတော်မူ၏။
ဟေရှာယ 25:4 - Common Language Bible ဆင်းရဲသူနှင့် ခိုကိုးရာမဲ့သူတို့သည် ကိုယ်တော်ရှင်၏ထံတော်သို့ခိုလှုံကြသဖြင့် ဒုက္ခရောက်ချိန်၌ဘေးမဲ့လုံခြုံမှုကိုရရှိကြ ပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားမိုးသက်မုန်တိုင်းမှ အကာအကွယ်ကိုလည်းကောင်း၊ ပြင်းထန်သည့်အပူရှိန်မှခိုလှုံရန်အရိပ် အာဝါသ ကိုလည်းကောင်းပေးတော်မူပါ၏။ ရက်စက်ကြမ်းကြုတ်သူတို့၏တိုက်ခိုက်မှုသည်၊ ဆောင်းလေပြင်းနှင့်လည်းကောင်း၊ Garrad Bible ကိုယ် တော် သည် ဒု က္ခ ရောက် သည့် ကာ လ၊ နွမ်း ပါး သူ၊ ဆင်း ရဲ သူ တို့ ခံ တပ် သ ဖွယ်၊ ပြင်း စွာ မိုး သက် မုန် တိုင်း ဝှေ့ သ ကဲ့ သို့ ကြမ်း ကြုတ် သူ တို့ တိုက် ဝှေ့ သည့် ကာ လ၊ မိုး ခို ရာ၊ နေ ရောင် ကွယ် ရာ အ ရိပ် သ ဖွယ် ဖြစ် တော် မူ ပြီ။ Judson Bible ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူ အမှုရောက်သည်ကာလ၌ ခိုလှုံရာဖြစ်တော်မူ၏။ ထရံကိုတိုက်သော မိုးသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဖွယ်သောသူတို့၏ ဒေါသအမျက်ထွက်သောအခါ၊ မိုးသက်မုန်တိုင်းလွတ်ရာ၊ နေရောင်ကွယ်ကာရာ ဖြစ်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကိုယ်တော်သည် ဆင်းရဲသားတို့မှီခိုရာ၊ ဒုက္ခရောက်နေသောနွမ်းပါးသူတို့မှီခိုရာ၊ မုန်တိုင်းထဲမှ ခိုလှုံရာ၊ အပူရှိန်မှကာကွယ်ပေးသော အရိပ်အာဝါသ ဖြစ်တော်မူ၏။ ကြမ်းကြုတ်သောသူတို့၏ဒေါသသည် နံရံကိုတိုက်ဖြိုသောမုန်တိုင်းကဲ့သို့ဖြစ်၏။ |
သို့ရာတွင်ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူ တို့ကို ဆင်းရဲဒုက္ခမှကယ်ဆယ်တော်မူ၍ သူတို့၏အိမ်ထောင်စုများကိုသိုးအုပ်များ သဖွယ် တိုးပွားစေတော်မူ၏။
အို ထာဝရဘုရား" ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ သြဝါဒမားကိုလိုက်နာပါပြီ။ ကွန်တော်မျိုးအားအရှက်ကွဲစေတော်မမူပါနှင့်။
ထာဝရဘုရားက ``သို့ရာတွင်ချို့တဲ့နွမ်းပါးသူတို့သည်ဖိစီး နှိပ်စက်ခြင်းကိုခံရကြသဖြင့်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းခံရကြသူတို့သည် ဝေဒနာနှင့် ညည်းတွားနေကြသဖြင့်လည်းကောင်း၊ ငါသည်ယခုပင်ကြွလာမည်။ သူတို့လိုလားတောင့်တကြသည့်ဘေးလွတ် လုံခြုံမှုကို သူတို့အားငါပေးမည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်သင့်ကိုစောင့်ကြပ်တော် မူလိမ့်မည်။ ကိုယ်တော်သည်သင်၏အနီးတွင်ရှိသောသင့်ကို ကွယ်ကာရာအရိပ်ဖြစ်တော်မူ၏။
``ကိုယ်တော်နှင့်အဘယ်သူတူပါသနည်း။ အဘယ်သူသည်ကိုယ်တော်ကဲ့သို့အားနွဲ့ သူကို အားကြီးသူ၏ဘေးမှလည်းကောင်း၊ ဆင်းရဲနွမ်းပါးသူကိုဖိစီးနှိပ်စက်တတ်သူ၏ ဘေးမှလည်းကောင်း ကွယ်ကာစောင့်ရှောက်ပါသနည်း'' ဟု ထာဝရဘုရားအားခံစားချက်အပြည့် အဝဖြင့် ငါလျှောက်ထားမည်။
ငါသည်လျင်မြန်စွာသွား၍လေပြင်းနှင့် မိုးသက်မုန်တိုင်းတို့မှအကာအကွယ်ကိုရှာမည်။
မင်းကြီးသည်ဆင်းရဲသူတို့အားမျှတစွာ တရားစီရင်ဆုံးဖြတ်ပါစေသော။ ချို့တဲ့နွမ်းပါးသူတို့အားကူမတော်မူပါ စေသော။ ဖိစီးနှိပ်စက်သူတို့အားနှိမ်နင်းတော်မူပါ စေသော။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့သည် ကိုယ်တော်ရှင်အားယုံကြည်ကိုးစားကြပါ လိမ့်မည်။ ကိုယ်တော်ရှင်သည်အထံတော်သို့ချဉ်းကပ်သူ မှန်သမျှကိုစွန့်ပစ်တော်မမူပါ။
ထာဝရဘုရားထံတော်သို့ခိုလှုံရန် ချဉ်းကပ်သူသည်လည်းကောင်း၊ အနန္တတန်ခိုးရှင်၏ကွယ်ကာစောင့်ထိန်းမှုကို ခံယူသူသည်လည်းကောင်း၊
ဆင်းရဲသားတို့အားဖြောင့်မှန်စွာတရားစီရင်၍ နိမ့်ကျသူတို့၏ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်လိမ့်မည်။ သူပေးသည့်ရာဇသံဖြင့်ပြည်သူတို့သည် ဒဏ်သင့်ကြလိမ့်မည်။ ဆိုးညစ်သူတို့သည်လည်း သေရကြလိမ့်မည်။
ဖိလိတ္တိပြည်မှရောက်ရှိလာသောသံတမန် တို့အား ငါတို့အဘယ်သို့ပြန်ကြားရပါ မည်နည်း။ ထာဝရဘုရားသည်ဇိအုန်မြို့ ကိုတည်တော်မူပြီဖြစ်၍ ထိုမြို့တွင်ကိုယ် တော်၏ဒုက္ခသည်လူစုသည်ဘေးမဲ့လုံခြုံ မှုကိုရရှိကြတော့မည်ဖြစ်ကြောင်း သူတို့ အားငါတို့ပြောကြားကြကုန်အံ့။
သူတို့ကယုဒပြည်သူတို့အား``ငါတို့ကို အကြံပေးကြပါ။ ငါတို့သည်စစ်ပြေးဒုက္ခ သည်များဖြစ်ပါ၏။ မွန်းတည့်ချိန်၌အေးမြ သောသစ်ပင်၏အရိပ်ကဲ့သို့ သင်တို့သည်ငါ တို့အားအကာအကွယ်ပေးကြပါ။ အဘယ် သူမျှရှာ၍မတွေ့စေရန်ငါတို့အားဝှက် ထားကြပါ။-
အို ဣသရေလပြည်၊ သင်သည်မိမိအားကယ် ဆယ်တော်မူ၍ကျောက်တုံးကြီးသဖွယ်ကွယ် ကာတော်မူသောဘုရားသခင်ကိုမေ့လျော့ ခဲ့လေပြီ။ သင်သည်လူမျိုးခြားများ၏ဘုရား ကိုဝတ်ပြုကိုးကွယ်ရန်အတွက် မွန်မြတ်သော အပင်များကိုစိုက်ပျိုးခဲ့ပေသည်။
သို့ရာတွင်ငါ၏လူမျိုးတော်၏ရန်သူများ သည် ငါ၏ကွယ်ကာစောင့်ထိန်းမှုကိုအလိုရှိ ပါမူ ငါနှင့်ပြေလည်ကျေအေးမှုရရှိရန် ဆောင်ရွက်ကြရာ၏။ သူတို့သည်ငါနှင့်ပြေ လည်ကျေအေးမှုရရှိရန် အမှန်ပင်ဆောင် ရွက်ကြရာ၏'' ဟုမိန့်တော်မူလိမ့်မည်။
ကိုယ်တော်သည်တရားသူကြီးအဖြစ်ဆောင် ရွက်ရသူတို့အား တရားမျှတစွာပြုကျင့် တတ်သောစိတ်နေသဘောထားကိုလည်းကောင်း၊ ရန်သူတို့ကိုမြို့တံခါးများမှနှင်ထုတ်ရ ကြသောသူတို့အား ရဲစွမ်းသတ္တိကိုလည်း ကောင်းပေးတော်မူလိမ့်မည်။
ဆင်းရဲသူများနှင့်နှိမ့်ချသောသူတို့သည် ဣသရေလအမျိုးသားတို့၏မြင့်မြတ် သောဘုရားသခင်ထာဝရဘုရားပေး တော်မူသော ရွှင်လန်းဝမ်းမြောက်မှုကိုတစ် ဖန်ပြန်၍ရရှိကြလိမ့်မည်။-
သူတစ်ပါးတို့ကိုဖိနှိပ်ချုပ်ချယ်ကာဘုရားသခင်အား မထီမဲ့မြင်ပြုသောသူတို့သည် အစတုံးကြလိမ့်မည်။ အပြစ်ကူးလွန်သူ မှန်သမျှသည်ဆုံးပါးပျက်စီးကြလိမ့်မည်။-
အို ယေရုရှလင်မြို့၊ သင့်ကိုတိုက်ခိုက်ကြ သည့်လူမျိုးခြားအပေါင်းတို့သည် မြေမှုန့် ကဲ့သို့လည်းကောင်း၊ သူတို့၏ကြောက်မက် ဖွယ်ကောင်းသည့်စစ်တပ်များသည် ဖွဲကဲ့ သို့လည်းကောင်းချက်ခြင်းလွင့်စင်သွား ကြလိမ့်မည်။-
သူတို့အားလုံးပင်လေနှင့်မိုးသက်မုန်တိုင်း များမှခိုလှုံရာအရပ်ကဲ့သို့ဖြစ်လိမ့်မည်။ သူတို့သည်ခြောက်သွေ့ရာအရပ်၌စီးလျက် နေသည့်ချောင်းများနှင့်လည်းကောင်း၊ ကွင်း ခေါင်ခေါင်နေပူကြဲကြဲတွင်ရှိသောကျောက် တုံးကြီး၏အရိပ်နှင့်လည်းကောင်းတူလိမ့် မည်။-
သို့မှသာသင်တို့သည်အကြံအောင်၍ ခိုင်ခံ့ သောရဲတိုက်တွင်နေထိုင်ရဘိသကဲ့သို့ ဘေးမဲ့လုံခြုံကြလိမ့်မည်။ စားသောက်စရာ အစာရေစာများကိုလည်းရရှိကြလိမ့်မည်။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အား ကရုဏာထားတော်မူပါ။ ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်ကိုမျှော်ကိုးပါ၏။ နေ့စဉ် နေ့တိုင်းကျွန်တော်မျိုးတို့အားကာကွယ် စောင့်ထိန်းတော်မူ၍ဒုက္ခရောက်ချိန်များ၌ ကယ်တော်မူပါ။-
ထိုညဥ့်၌ထာဝရဘုရား၏ကောင်းကင်တမန် သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သား တစ်သိန်းရှစ်သောင်းငါးထောင်ကိုသုတ်သင်ပစ် လေသည်။ နောက်တစ်နေ့အရုဏ်တက်ချိန်၌ ထိုသူအပေါင်းတို့သည်လဲ၍သေနေကြ၏။-
ထာဝရဘုရားက၊ ``ယခုဖြစ်ပျက်မည့်အမှုအရာသည် ဤနည်းအတိုင်းပင်ဖြစ်၏။ စစ်သည်သူရဲဖမ်းဆီးထားသည့်သုံ့ပန်းများကို ငါလွှတ်ပစ်မည်။ မင်းဆိုးမင်းညစ်၏လုရာပါပစ္စည်းများကို ငါသိမ်းဆည်းမည်။ ငါသည်သင့်ကိုတိုက်ခိုက်သူတို့အားတိုက်ခိုက်၍၊ သင်၏သားသမီးများကိုကယ်ဆယ်မည်။
မိမိတို့အားကူမပါရန်သင်တို့ဟစ်အော် တောင်းခံကြသောအခါ ထိုရုပ်တုများသည် သင်တို့ကိုကယ်ကြပါလေစေ။ ယင်းတို့သည် လေတစ်ချက်မှုတ်လိုက်လျှင် လွင့်စင်၍သွား ကြပေလိမ့်မည်။ သို့ရာတွင်ငါ့ကိုယုံကြည် ကိုးစားသူတို့မူကားပြည်တော်တွင်နေထိုင် ရလျက် ငါ၏သန့်ရှင်းသောဗိမာန်တော်တွင် ဝတ်ပြုကိုးကွယ်ရကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
ငါသည်စကြဝဠာတစ်ခုလုံးကိုဖန်ဆင်း တော်မူခဲ့၍ ဤအရာများပေါ်ပေါက်လာ ရသည်မဟုတ်လော။ စိတ်နှလုံးနှိမ့်ချ၍ နောင်တရသူများနှင့်ငါ့ကိုကြောက်ရွံ့ ရိုသေကာ ငါ၏စကားကိုနားထောင်သူ များကိုငါနှစ်သက်၏။
ငါ၏သန့်ရှင်းမြင့်မြတ်မှုသည်ထိတ်လန့်အံ့သြ ဖွယ်ဖြစ်သဖြင့်၊ ငါသည်လူတို့တိုက်မိ၍လဲ စရာကျောက်နှင့်တူ၏။ ယုဒပြည်သူများ၊ ဣသရေလပြည်သူများနှင့်ယေရုရှလင် မြို့သားတို့အား ထောင်ဖမ်းမည့်ကျော့ကွင်း နှင့်လည်းတူ၏။-
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကွယ်ကာစောင့်ထိန်းတော်မူ၍ ခွန်အား ကိုပေးတော်မူပါ၏။ ဒုက္ခရောက်ချိန်၌ကူမတော် မူပါ၏။ ကမ္ဘာမြေကြီးစွန်းမှလူမျိုးတကာတို့ သည် အထံတော်သို့လာ၍``ကျွန်တော်မျိုးတို့ ဘိုးဘေးများကိုးကွယ်ခဲ့သည့်ဘုရားတို့သည် အတုအယောင်များသာလျှင်ဖြစ်ပါ၏။ အသုံး မဝင်အကျိုးမပေးသောရုပ်တုများသာဖြစ် ပါ၏။-
သူနှင့်စစ်သည်ဗိုလ်ခြေတို့သည်လည်းကောင်း၊ သူနှင့်အတူလိုက်ပါလာသည့်လူမျိုးတကာ တို့သည်လည်းကောင်း၊ ထိုပြည်ကိုမုန်တိုင်း သဖွယ်တိုက်ခိုက်ကာမိုးတိမ်သဖွယ်လွှမ်းမိုး ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
စိတ်နှလုံးနှိမ့်ချနူးညံ့သိမ်မွေ့သည့်လူစု ကိုထိုအရပ်တွင်ငါချန်ထားမည်။ သူတို့ သည်လည်းငါ့ထံသို့လာရောက်ခိုလှုံကြ လိမ့်မည်။-
ချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ယုံကြည်ခြင်း၌ကြွယ်ဝသူများဖြစ်ကြ စေရန်ကိုယ်တော်ကိုချစ်သောသူတို့အတွက် ကတိထားတော်မူသောနိုင်ငံတော်ကိုဆက်ခံ သူများဖြစ်ကြစေရန် ကိုယ်တော်သည်လောက တွင်ဆင်းရဲသူတို့အားရွေးချယ်တော်မူသည် မဟုတ်လော။-