သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချ လော့။
ဟေရှာယ 25:11 - Common Language Bible သူတို့သည်ရေကူးသူကဲ့သို့လက်များကို ဆန့်၍ကူးယက်ရန်ကြိုးစားပါသော်လည်း ထာဝရဘုရားသည်သူတို့၏မာန်မာန ကိုနှိမ့်ချသဖြင့်လက်များကိုလေးလံ ၍နေစေလိမ့်မည်။- Garrad Bible ရေ လက် ပစ် ကူး သူ့ နည်း တူ၊ ထို အိုင့် အ လယ် တွင် လက် ပစ် ကူး လိ မ္မာ သော် လည်း၊ မာရ် မာ န နှိမ့် ချ ခံ ရ လိမ့် မည်။ Judson Bible ရေကူးသောသူသည် ရေကူးခြင်းငှာ လက်ကိုဆန့်သကဲ့သို့၊ မောဘပြည်အလယ်၌ လက်တော်ကိုဆန့်၍၊ မောဘ၏မာနနှင့် လက်သတ္တိကို ချတော်မူလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ရေကူးသောသူသည် ရေကူးရန်လက်ကိုဆန့်သကဲ့သို့ မောဘပြည်သည် ပြည်အလယ်၌ မိမိလက်ကိုဆန့်လိမ့်မည်။ သို့သော် ကိုယ်တော်သည် ထိုပြည်၏မာန်မာန၊ ထိုပြည်၏လက်စွမ်းကို ချိုးနှိမ်တော်မူမည်။ |
သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချ လော့။
ထိုနောက်ကိုယ်တော်သည်အမျက်တော်ထွက် လျက် သူတို့အားသတိပေးတော်မူသဖြင့် သူတို့သည်အမျက်တော်အရှိန်ကြောင့် ကြောက်လန့်တုန်လှုပ်ကြကုန်၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်သစ် ပင်မှခုတ်ဖြတ်ချလိုက်သည့်သစ်ကိုင်းများ သဖွယ် သူတို့အားပြိုလဲပျက်စီးစေတော်မူ လိမ့်မည်။ သူတို့တွင်မာန်မာနထောင်လွှားဆုံး၊ အကြီးမြတ်ဆုံးသောသူတို့ကိုခုတ်လှဲ ရှုတ်ချတော်မူလိမ့်မည်။-
ထာဝရဘုရားက``ငါသည်ဘေးအန္တရာယ် ဆိုးကိုကမ္ဘာမြေပေါ်သို့သက်ရောက်စေ၍ သူ ယုတ်မာတို့အားမိမိတို့၏အပြစ်များ အတွက်အပြစ်ဒဏ်ခတ်မည်။ ငါသည်မာန် မာနကြီးသူမှန်သမျှကိုရှုတ်ချ၍ စိတ် ကြီးဝင်ကာရက်စက်ကြမ်းကြုတ်သူ အပေါင်းအားအပြစ်ဒဏ်ခတ်မည်။-
ဤကားကမ္ဘာလောကအတွက်ငါ၏အကြံ အစည်တော်ပင်ဖြစ်၍၊ ငါသည်လူမျိုးတကာ တို့အားအပြစ်ဒဏ်ခတ်ရန်လက်တော်ကိုချိန် ရွယ်လျက်ထားသတည်း'' ဟုမိန့်ကြားတော် မူ၏။-
ယခုအခါထာဝရဘုရားက``သုံးနှစ်တိ တိရှိသောအခါ မောဘပြည်၏စည်းစိမ်ဥစ္စာ များသည်ကွယ်ပျောက်သွားလိမ့်မည်။ မြောက် မြားစွာသောပြည်သူတို့အနက်မှလူ အနည်းငယ်သာလျှင် အသက်မသေဘဲ ကျန်ရှိလိမ့်မည်။ သူတို့သည်လည်းအားအင် ချည့်နဲ့၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။
ယုဒပြည်သူတို့က``မောဘပြည်သူတို့သည် အဘယ်မျှမာန်မာနကြီးကြကြောင်းကိုငါ တို့ကြားရကြလေပြီ။ သူတို့သည်မောက်မာ ထောင်လွှားလျက်မိမိတို့ကိုယ်ကိုအထင်ကြီး လျက်နေခဲ့ကြသော်လည်း သူတို့ဝါကြွားမှု များသည်အချည်းနှီးသာဖြစ်ကြောင်းကို ငါတို့သိပါ၏'' ဟုဆိုကြ၏။
ထာဝရဘုရား၏အမျက်တော်၊ ကိုယ်တော် ၏တန်ခိုးတော်နှင့်ဘုန်းအသရေတော်တို့၏ အရှိန်အဝါမှကင်းလွတ်ကြစေရန် သူတို့ သည်ကျောက်တောင်လှိုဏ်ဂူများ၌သော်လည်း ကောင်း၊ မြေတွင်းတူး၍သော်လည်းကောင်းပုန်း အောင်းနေကြလိမ့်မည်။-
လူတို့၏မာန်စွယ်ကျိုးမည့်အချိန်၊ မောက်မာ ထောင်လွှားမှုပျက်သုဉ်းမည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအခါထာဝရဘုရားတစ်ပါး တည်းသာလျှင်ချီးမြှောက်ခြင်းကိုခံတော်မူရ လိမ့်မည်။-
မြင့်မားသောမျှော်စင်မှန်သမျှနှင့် မြို့ရိုး မှန်သမျှကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။-
ခြောက်သွေ့ရာဒေသတွင်မိုးခေါင်မှုနှင့် လည်းကောင်း၊ တူပါ၏။ သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့ရန်သူများ၏အသံကို တိတ်စေတော်မူပါပြီ။ မိုးတိမ်သည်ပူအိုက်သည့်နေကိုအေးမြလာစေ သကဲ့သို့၊ ကိုယ်တော်ရှင်သည်ရက်စက်ကြမ်းကြုတ်သူတို့၏ အော်ဟစ်သံကိုတိတ်စေတော်မူပါ၏။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားအမျက်ထွက်တော်မူ၍ အပြစ်ဒဏ်ခတ် တော်မူရန်လက်တော်ကိုဆန့်တော်မူသဖြင့် တောင်တို့သည်တုန်လှုပ်ကြလိမ့်မည်။ သေသော သူတို့၏အလောင်းများသည်လမ်းများပေါ် တွင်အမှိုက်သရိုက်ကဲ့သို့ကျန်ရစ်လိမ့်မည်။ ထိုအခါ၌ပင်ထာဝရဘုရား၏အမျက် တော်သည်ပြေငြိမ်းလိမ့်မည်မဟုတ်။ ကိုယ်တော် သည်အပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကို ဆန့်လျက်ပင်ထားရှိလိမ့်ဦးမည်။
သို့ဖြစ်၍ငါသည်သူ့အားကြီးမြတ်သူ၊ တန်ခိုးကြီး သူများနှင့်အတူ၊ ဂုဏ်ထူးဆောင်နေရာကိုပေးအပ်တော်မူမည်။ သူသည်မိမိ၏အသက်ကိုသဒ္ဓာကြည်ဖြူစွာ စွန့်လှူပြီးလျှင်၊ ရာဇဝတ်ကောင်တို့၏ကံကြမ္မာကိုခံယူ၏။ သူသည်အပြစ်ကူးသူများကိုကိုယ်စားပြု၍ ထိုသူတို့ခံထိုက်သည့်အပြစ်ဒဏ်ကိုခံယူ ပေသည်'' ဟုမိန့်တော်မူ၏။
ခေါင်းမာလျက်အမှားကိုပြုကျင့်ကာမိမိ တို့၏ထင်ရာသို့လိုက်တတ်သူ ဤလူစုအား ငါသည်ကြိုဆိုလက်ခံရန်အစဉ်အမြဲ အသင့်ရှိပါ၏။-
မောဘပြည်သည်အလွန်မာနကြီး၏။ ပြည်သူ တို့သည်အဘယ်မျှစိတ်နေမြင့်၍၊ မောက်မာ ထောင်လွှားကာမာန်မာနကြီးကြကြောင်းကို လည်းကောင်း၊ အဘယ်မျှကိုယ်ကျိုးရှာတတ် ကြောင်းကိုလည်းကောင်းငါကြားသိတော် မူပြီ။-
မောဘပြည်သည်ငါ့အားပုန်ကန်ခဲ့သဖြင့် သုတ်သင်ဖျက်ဆီးခြင်းကိုခံရကာနိုင်ငံ တစ်ခုအနေဖြင့်တည်ရှိတော့မည်မဟုတ်။-
သို့ရာတွင်နောင်လာလတ္တံ့သောကာလ၌ ထာဝရဘုရားသည် မောဘပြည်ကိုတစ်ဖန် ပြန်၍ကောင်းစားလာစေမည်။ ဤကားမောဘ ပြည်အပေါ်သို့ကျရောက်မည့်အဖြစ်အပျက် နှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူ သောစကားများဖြစ်သတည်း။
ငါသည်ဗာဗုလုန်မြို့၏ဗေလဘုရားကို အပြစ်ဒဏ်ခတ်၍ ခိုးရာပါပစ္စည်းများကို လည်းပြန်အပ်စေမည်။ လူမျိုးတကာတို့ သည်သူ့အားနောက်တစ်ဖန်ဝတ်ပြုကိုး ကွယ်ကြတော့မည်မဟုတ်။ ``ဗာဗုလုန်မြို့ရိုးများသည်ပြိုကျလေပြီ။-
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
ထိုလက်ဝါးကပ်တိုင်ပေါ်တွင်ခရစ်တော်သည် ဝိညာဉ်ရေးဆိုင်ရာတန်ခိုးရှင်များနှင့်အာဏာ ပိုင်အပေါင်းတို့၏တန်ခိုးအာဏာကိုပယ်ရှား တော်မူပြီးနောက် ၎င်းတို့ကိုသုံ့ပန်းများအဖြစ် အောင်ပွဲလှည့်ရာတွင်နောက်မှလိုက်ပါစေကာ လူအပေါင်းတို့အားပြတော်မူ၏။
သို့ရာတွင်ငါတို့အားဘုရားသခင်ပေးသနား တော်မူသောကျေးဇူးတော်သည်ပို၍စွမ်းအား ကြီးပေသည်။ ``ဘုရားသခင်သည်မာနကြီး သူတို့အားဆန့်ကျင်ဘက်ပြုတော်မူ၍နှိမ့်ချ သောသူတို့အားကျေးဇူးတော်ကိုချပေးတော် မူ၏'' ဟုကျမ်းစာလာသည်နှင့်အညီဖြစ်၏။