ဟေရှာယ 23:8 - Common Language Bible ကမ္ဘာပေါ်တွင်ဂုဏ်အသရေအရှိဆုံးဖြစ်သူ မင်းညီမင်းသားကုန်သည်များ၏ဧကရာဇ် နိုင်ငံ၊ မြို့တော်တုရုကိုဤသို့ဖြစ်ပျက်စေ ရန်ကြံစည်တော်မူသောသူမှာအဘယ်သူ ဖြစ်ပါသနည်း။- Garrad Bible ရာ ဇ မ ကိုဋ် များ ကို တင် ခွင့် ရှိ သည့် ပြင်၊ မှူး မတ် ဖြစ် သော ကုန် သည်၊ မြေ ပေါ် တွင် အ ကြီး အ မှူး ဖြစ် သော အ ရောင်း အ ဝယ် တို့ နှင့် ပြည့် စုံ သော တု ရု မြို့ တစ် ဘက်၌ ထို သို့ မည် သူ ကြံ ဖန် သ နည်း။ Judson Bible တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သောမြို့ ဖြစ်လျက်၊ သူ၏ကုန်သည်တို့သည် မင်းသား၊ ဖောက်ကားရောင်းဝယ်သော သူတို့သည် မြေကြီးမှူးမတ်ဖြစ်လျက်၊ ထိုမြို့တစ်ဖက်၌ အဘယ်သူသည် ဤအကြံကို ကြံစည်သနည်း။ မြန်မာ့စံမီသမ္မာကျမ်း တိုင်ရာမြို့သည် အခြားမြို့များကို သရဖူဆောင်းပေးတတ်သောမြို့ဖြစ်၏။ ထိုမြို့၏ကုန်သည်တို့သည် မှူးမတ်များ၊ ကူးသန်းရောင်းဝယ်သူတို့သည် မြေကြီးပေါ်တွင် ချီးမြှောက်ခံရသူများဖြစ်ကြ၏။ ထိုမြို့ကို ထိုသို့ဖြစ်အောင် မည်သူကြံစည်သနည်း။ |
သင်တို့သည်ရာထူးအနိမ့်ဆုံးအာရှုရိတပ် မှူးကလေးကိုပင်လျှင်ယှဉ်ပြိုင်နိုင်စွမ်းမရှိ ကြ။ သို့ပါလျက်အီဂျစ်အမျိုးသားတို့ထံ မှစစ်ရထားနှင့်မြင်းစီးသူရဲအကူအညီ များကိုစောင့်မျှော်ကြပါသည်တကား။-
ရန်သူများသည်သင်၏ဥစ္စာဘဏ္ဍာနှင့်ကုန် ပစ္စည်းများကိုသိမ်းယူကြလိမ့်မည်။ အုတ် နံရံများကိုဖြိုချ၍ သင်၏လှပသော အိမ်များကိုဖြိုဖျက်ကြလိမ့်မည်။ သင်တို့ ၏ကျောက်များ၊ သစ်သားများနှင့်အိမ် အပျက်အစီးများကိုပင်လယ်ထဲသို့ ပစ်လိမ့်မည်။-
မိုးကောင်းကင်ကြယ်တာရာများထက်ပင်ပို မိုများပြားသည့်ကုန်သည်များကိုမွေးထုတ် ပေးခဲ့၏။ သို့ရာတွင်မိမိတို့အတောင်ကိုဖြန့် ၍ပျံသွားသောကျိုင်းကောင်များကဲ့သို့ ထို သူတို့သည်ထွက်သွားကြလေပြီ။-
တုရုမြို့သည်မိမိအတွက်ခံတပ်များကို ဆောက်လုပ်ကာ ရွှေနှင့်ငွေများကိုမြေမှုန့် တမျှပေါများလောက်အောင်စုပုံ၍ထား၏။-
သင်သည်အဘယ်အခါ၌မျှဆီမီး၏အလင်း ရောင်ကိုမြင်ရလိမ့်မည်မဟုတ်။ မင်္ဂလာဆောင်သတို့ သားနှင့်သတို့သမီး၏အသံကိုလည်းအဘယ် အခါ၌မျှကြားရလိမ့်မည်မဟုတ်။ သင်၏ကုန် သည်ကြီးများကားကမ္ဘာတစ်ဝန်းလုံးတွင်သြဇာ အာဏာကြီးမားသူများဖြစ်ကြ၏။ သင်သည် လူမျိုးတကာတို့ကိုစုန်းအတတ်ဖြင့်ပြုစား ကာမှောက်မှားလမ်းလွဲစေလေပြီ'' ဟုဆိုလေ၏။
ဤအကြောင်းကြောင့်ရောဂါဘေး၊ ဝမ်းနည်းကြေကွဲခြင်းဘေး၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးများသည် သူ၏အပေါ်သို့တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ သူသည်မီးရှို့ခြင်းကိုခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ့အား တရားစီရင်တော်မူသောထာဝရအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သတည်း'' ဟုဆို၏။