ဤအကြောင်းကြောင့်ငါသည်သင်၏မင်းဆက် ကိုပျက်သုဉ်းစေမည်။ ကြီးငယ်မရွေးသင်၏ သားမြေးထဲမှယောကျာ်းမှန်သမျှကိုသုတ် သင်ပစ်မည်။ သင်၏အိမ်ထောင်စုသားတို့ကို ငါပယ်ရှင်းမည်။ သူတို့အားနောက်ချေးသဖွယ် ရှင်းလင်းပစ်မည်။-
ဟေရှာယ 14:23 - Common Language Bible ငါသည်ဗာဗုလုန်မြို့ကိုညွန်ပျောင်းဖြစ်စေ ၍၊ ဇီးကွက်တို့သည်ထိုအရပ်တွင်နေကြလိမ့် မည်။ ငါသည်တံမြက်လှည်းသူကဲ့သို့ဗာဗုလုန် မြို့မှရှိသမျှသောအရာတို့ကိုသုတ်သင် ပယ်ရှင်းမည်။ ဤကားအနန္တတန်ခိုးရှင်ငါ ထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူ၏။ Garrad Bible ထို မြို့ ကို ဗျိုင်း ပိုင် ရာ ဗွက် အိုင် ဖြစ် စေ လျက်၊ ပယ် ရှင်း ခြင်း တံ မြက် နှင့် လှည်း လိမ့် မည် ဟူ၍လည်း ကောင်း၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Judson Bible တစ်ဖန်လည်း၊ ငါသည် ထိုမြို့ကို ဖြူကောင်များနေရာ၊ ရေလွှမ်းမိုးရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်း၏ တံမြက်စည်းဖြင့်လှည်းမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် ထိုမြို့ကို ဖြူကောင်နေရာအရပ်၊ ရေအိုင်ထွန်းရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်းတံမြက်စည်းဖြင့် လှည်းကျင်းမည်”ဟု မိန့်တော်မူ၏။ |
ဤအကြောင်းကြောင့်ငါသည်သင်၏မင်းဆက် ကိုပျက်သုဉ်းစေမည်။ ကြီးငယ်မရွေးသင်၏ သားမြေးထဲမှယောကျာ်းမှန်သမျှကိုသုတ် သင်ပစ်မည်။ သင်၏အိမ်ထောင်စုသားတို့ကို ငါပယ်ရှင်းမည်။ သူတို့အားနောက်ချေးသဖွယ် ရှင်းလင်းပစ်မည်။-
ရှမာရိမြို့နှင့် ဣသရေလဘုရင်အာဟပ်နှင့် သားမြေးတို့ကိုဒဏ်ခတ်သကဲ့သို့ ယေရုရှလင် မြို့ကိုငါဒဏ်ခတ်မည်။ စင်အောင်သုတ်၍မှောက် ထားသည့်ပန်းကန်သဖွယ် ယေရုရှလင်မြို့တွင် လူတစ်ဦးတစ်ယောက်မျှမကျန်အောင်သုတ် သင်ရှင်းလင်းမည်။-
ထိုမြို့တွင်အဘယ်အခါ၌မျှလူတို့နေထိုင် ရကြလိမ့်မည်မဟုတ်။ အဘယ်အာရပ်အမျိုး သားခရီးသည်မျှလည်းတဲထိုးတည်းခိုရ ကြလိမ့်မည်မဟုတ်။ အဘယ်သိုးထိန်းမျှ လည်းထိုအရပ်တွင်မိမိ၏သိုးအုပ်ကိုထိန်း ကျောင်းရလိမ့်မည်မဟုတ်။-
အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေတော်မူမည့်နေ့ရက်ကာလ တည်းဟူသော ထာဝရဘုရားတရားစီရင် တော်မူရာနေ့ရက်ကာလကျရောက်လာ ရဦးမည်။ ဝေဒနာခံစားလျက်ငိုကြွေး မြည်တမ်းကြလော့။-
ဤဗျာဒိတ်တော်သည်ဗာဗုလုန်နှင့်သက်ဆိုင် သောဗျာဒိတ်တော်ဖြစ်၏။ သဲကန္တာရကိုဖြတ်ကျော်၍တိုက်ခတ်လာ သောလေဗွေကဲ့သို့ ဘေးအန္တရာယ်ဆိုးတစ်ခု သည်ကြောက်မက်ဖွယ်ကောင်းသည့်တိုင်းပြည် တစ်ပြည်မှသက်ရောက်လာလိမ့်မည်။-
ထိုမြို့ကိုအဘက်ဘက်မှနေ၍တိုက်ခိုက်ကြ လော့။ စပါးကျီများကိုဖောက်ဖျက်ကြလော့။ တိုက်ခိုက်လုယက်၍ရသောဥစ္စာပစ္စည်းတို့ကို စပါးပုံများကဲ့သို့စုပုံထားကြလော့။ မြို့ ကိုသုတ်သင်ဖျက်ဆီးကြလော့။ အဘယ် အရာကိုမျှချန်လှပ်မထားကြနှင့်။-
``မြောက်အရပ်မှလူမျိုးတစ်ရပ်သည်ဗာဗုလုန် မြို့ကိုတိုက်ခိုက်ရန်ချီတက်လာပြီးလျှင် ထိုမြို့ ကိုသဲကန္တာရဖြစ်စေကြလိမ့်မည်။ လူနှင့်တိရစ္ဆာန် များထွက်ပြေးကြမည်ဖြစ်၍ထိုအရပ်သည် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။
ထိုနောက်`အိုထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ဤအရပ်ကိုလူနှင့်တိရစ္ဆာန်များပါ မကျန်၊ သက်ရှိသတ္တဝါတို့ဆိတ်သုဉ်းရာ သဲကန္တာရနှင့်ထာဝစဉ်တူစေမည်ဖြစ် ကြောင်းမိန့်တော်မူခဲ့ပါ၏' ဟုဆုတောင်း ပတ္ထနာပြုလော့။-
ထိုအရပ်သည်သိုးအုပ်နှင့်တိရစ္ဆာန်အမျိုး မျိုးတို့နားနေရာဖြစ်လိမ့်မည်။ ဇီးကွက် တို့သည်တိုက်ပြိုတိုက်ပျက်များတွင်ခို အောင်းကာ ပြူတင်းပေါက်များမှအော်မြည် ကြလိမ့်မည်။ ကျီးတို့သည်လည်းလှေကား ထစ်များအပေါ်မှနေ၍အာကြလိမ့်မည်။ ထိုမြို့ရှိအဆောက်အဦးများမှသစ်က တိုးသားတို့ကိုလည်းလူတို့ဖြုတ်ယူကြ လိမ့်မည်။-
ထိုနောက်ဒုတိယကောင်းကင်တမန်ပေါ်လာ ပြီးလျှင်၊ ``ဗာဗုလုန်မြို့ကြီးပြိုပျက်လေပြီ၊ ပြိုပျက်လေပြီ။ ထိုမြို့သည်ကာမဂုဏ်လိုက် စားမှုတည်းဟူသောစပျစ်ရည်ကိုလူမျိုး တကာတို့အားတိုက်လေပြီ'' ဟုကြွေးကြော်၏။
သူသည်အသံကျယ်စွာဖြင့်``ဗာဗုလုန်မြို့ကြီး သည်ပျက်သုဉ်းလေပြီ။ ဗာဗုလုန်မြို့ကြီးပျက် သုဉ်းလေပြီ။ ယခုထိုမြို့သည်နတ်မိစ္ဆာများ နှင့်ညစ်ညမ်းသောနတ်တို့နေထိုင်ရာ၊ စက်ဆုပ် ဖွယ်ကောင်းသည့်ငှက်ဆိုးတို့မှီခိုရာအရပ် ဖြစ်လေပြီ။-