``မိမိ၏လုံခြုံမှုအတွက်ထာဝရဘုရားကို အားကိုးမည့်အစားမိမိ၏စည်းစိမ်ချမ်းသာ ကို အားကိုးသူကိုကြည့်ကြလော့။ သူသည်ယုတ်မာမှုအားဖြင့်မိမိ၏လုံခြုံမှုကို ရှာသူဖြစ်၏'' ဟုဆိုကြလိမ့်မည်။
ဟေရှာယ 14:16 - Common Language Bible သူသေတို့သည်သင့်ကိုအကြောင်သားငေး၍ ကြည့်နေကြလိမ့်မည်။ သူတို့က``ကမ္ဘာကိုတုန် လှုပ်စေ၍တိုင်းနိုင်ငံတို့ကိုချောက်ချားစေ သောသူကားဤသူပင်လော။- Garrad Bible မြင် သူ တို့ သည် ရှု ကြည့်၍ မြေ ပ ထ ဝီ ကို တုန် လှုပ် ခြင်း၊ တိုင်း နိုင် ငံ များ ကို ချောက် ခြား ခြင်း ပြု လုပ် သူ၊ တစ် လော က လုံး ကို သဲ က န္တာ ရ ကဲ့ သို့ ဖြစ် စေ၍၊ မြို့ များ ကို ဖြို လှဲ သော သူ ကား ဤ သူ လော ဟု ဆင် ခြင် တွေး တော ကြ လိမ့် မည်။ နေ ရာ ရင်း သို့ မ လွှတ် ဘဲ သုံ့ ဖမ်း ဖူး သူ၊ လူ အ မျိုး မျိုး တို့၏ ဘု ရင် ရှိ သ မျှ သည်၊ ဆိုင် ရာ ဆိုင် ရာ သင်္ချိုင်း နန်း တွင် ဘုန်း အ သ ရေ နှင့် သိပ် ထား ရ ပါ လျက်၊ Judson Bible သင့်ကို မြင်သောသူတို့သည် စေ့စေ့ကြည့်ရှု၍ ဆင်ခြင်ပြီးလျှင်၊ မြေကြီးကိုတုန်လှုပ်စေ၍၊ တိုင်းနိုင်ငံများကို လှုပ်ခြောက်သောသူကား ဤသူလော။ မြန်မာ့စံမီသမ္မာကျမ်း သင့်ကိုတွေ့သောသူတို့သည် သင့်ကိုစိုက်ကြည့်ပြီးလျှင် “ကမ္ဘာမြေကြီးကိုလှုပ်ခတ်စေသောသူ၊ တိုင်းနိုင်ငံများကို တုန်လှုပ်စေသောသူ၊ |
``မိမိ၏လုံခြုံမှုအတွက်ထာဝရဘုရားကို အားကိုးမည့်အစားမိမိ၏စည်းစိမ်ချမ်းသာ ကို အားကိုးသူကိုကြည့်ကြလော့။ သူသည်ယုတ်မာမှုအားဖြင့်မိမိ၏လုံခြုံမှုကို ရှာသူဖြစ်၏'' ဟုဆိုကြလိမ့်မည်။
ထိုသူအပေါင်းတို့သည်ကြောက်လန့်လျက် ဘုရားသခင်စီရင်တော်မူသောအမှုကို ဆင်ခြင်ကာ ကိုယ်တော်ပြုတော်မူသောအမှုတော်များ အကြောင်းကို ပြောကြားကြလိမ့်မည်။
သို့ရာတွင်ထိုသို့ဖြစ်မည့်အစားသင်သည် မရဏနိုင်ငံတွင်အနက်ရှိုင်းဆုံးသောအရပ် သို့ရောက်ရှိလျက်နေရ၏။
မြို့များကိုပျက်ပြုန်းစေ၍ကမ္ဘာလောက ကို သဲကန္တာရဖြစ်စေသူကားဤသူပင်လော။ အကျဉ်းသမားတို့ကိုအစဉ်ချုပ်နှောင်ထား ကာ မိမိတို့နေရပ်သို့ပြန်၍မလွှတ်ဘဲနေ သူကားဤသူပင်လော'' ဟုမေးမြန်းကြ လိမ့်မည်။
ဗာဗုလုန်မြို့သည်တစ်ကမ္ဘာလုံးကိုသံတူ နှင့်ရိုက်နှက်ခဲ့၏။ သို့ရာတွင်ယခုအခါထို သံတူသည်အစိတ်စိတ်အမြွှာမြွှာကျိုးပဲ့၍ သွားလေပြီတကား။ လူမျိုးတကာတို့သည် ဗာဗုလုန်မြို့ကြုံတွေ့ရသည့်အဖြစ်အပျက် ကိုမြင်၍လန့်ဖျပ်တုန်လှုပ်ကြကုန်၏။-
သူတို့၏သင်္ချိုင်းများသည်မရဏာနိုင်ငံ ၏အနက်ရှိုင်းဆုံးအရပ်၌ရှိ၏။ အာရှုရိ စစ်သူရဲအားလုံးသည်စစ်ပွဲတွင်ကျဆုံး ၍သူတို့၏သင်္ချိုင်းများသည်အာရှုရိ၏ ဂူကိုဝိုင်းရံလျက်နေ၏။ သို့ရာတွင်အခါ တစ်ပါးကသူတို့သည်အသက်ရှင်သူတို့ ကိုတုန်လှုပ်ချောက်ချားစေခဲ့သူများဖြစ် သတည်း။
သူတို့သည်လက်နက်အပြည့်အစုံကိုင်စွဲ လျက်မရဏာနိုင်ငံသို့ဆင်းသက်သူရှေး သူရဲကောင်းကြီးများကဲ့သို့ မိမိတို့၏ဋ္ဌား များကိုဦးခေါင်းအောက်တွင်လည်းကောင်း၊ ဒိုင်းလွှားများကိုရင်ပတ်ပေါ်တွင်လည်းကောင်း ထားရှိကာဂုဏ်ပြုသင်္ဂြိုဟ်ခြင်းကိုမခံရ ကြ။ သူတို့သည်အရေဖျားလှီးမင်္ဂလာမခံ သူအခြားကျဆုံးလေပြီးသော စစ်သူရဲ ကောင်းများနှင့်အတူလဲလျောင်းနေလေပြီ။ ဤသူရဲကောင်းများသည်အခါတစ်ပါး ကအသက်ရှင်သူတို့ကိုတုန်လှုပ်ချောက် ချားရန် ပြုလုပ်သည့်တန်ခိုးကြီးမားသူ များဖြစ်ခဲ့ကြ၏။
ငါသည်စက်ဆုပ်ရွံရှာမှုနှင့်သင့်ကိုဆက်ဆံ၍ အညစ်အကြေးများဖြင့်ဖုံးအုပ်မည်။ လူတို့သည်သင့်အားအော့နှလုံးနာလျက် ငေး၍ကြည့်ကြလိမ့်မည်။
သူတို့သည်ပြည့်ရှင်မင်းများကိုမထီမဲ့မြင်ပြုကြ၏။ မှူးကြီးမတ်ရာတို့ကိုပြက်ရယ်ပြုကြ၏။ သူတို့အားအဘယ်ခံတပ်မျှမတားမဆီးနိုင်။ သူတို့သည်မြေကတုတ်များကိုဖို့လုပ်၍ခံတပ်တို့ကိုတိုက်ခိုက်သိမ်းယူကြလေသည်။-
သူတို့သည်မိမိတို့ဋ္ဌားကိုထာဝစဉ်အသုံးပြုလျက် လူမျိုးတကာတို့ကိုရက်စက်စွာသုတ်သင်ဖျက်ဆီးလျက်နေကြပါမည်လော။