သူသေတို့သည်သင့်ကိုအကြောင်သားငေး၍ ကြည့်နေကြလိမ့်မည်။ သူတို့က``ကမ္ဘာကိုတုန် လှုပ်စေ၍တိုင်းနိုင်ငံတို့ကိုချောက်ချားစေ သောသူကားဤသူပင်လော။-
ဟေရှာယ 14:15 - Common Language Bible သို့ရာတွင်ထိုသို့ဖြစ်မည့်အစားသင်သည် မရဏနိုင်ငံတွင်အနက်ရှိုင်းဆုံးသောအရပ် သို့ရောက်ရှိလျက်နေရ၏။ Garrad Bible မ ရ ဏာ့ နိုင် ငံ အောက် ဆုံး တိုင် အောင် ကျ ရောက် သော်၊ Judson Bible သို့သော်လည်း၊ သင်သည်မရဏနိုင်ငံ၊ သင်္ချိုင်းတွင်းထဲသို့ နှိမ့်ချခြင်းကို ခံရလေပြီ။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်သည် မရဏာနိုင်ငံ၊ တွင်း၏အနက်ဆုံးနေရာသို့ ကျသွားလိမ့်မည်။ |
သူသေတို့သည်သင့်ကိုအကြောင်သားငေး၍ ကြည့်နေကြလိမ့်မည်။ သူတို့က``ကမ္ဘာကိုတုန် လှုပ်စေ၍တိုင်းနိုင်ငံတို့ကိုချောက်ချားစေ သောသူကားဤသူပင်လော။-
လူတို့၏မာန်စွယ်ကျိုးမည့်အချိန်၊ မောက်မာ ထောင်လွှားမှုပျက်သုဉ်းမည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအခါထာဝရဘုရားတစ်ပါး တည်းသာလျှင်ချီးမြှောက်ခြင်းကိုခံတော်မူရ လိမ့်မည်။-
ထိုကာလ၌အနန္တတန်ခိုးရှင်ထာဝရဘုရား သည်တန်ခိုးကြီးသူ၊ မာန်မာနကြီးသူနှင့်စိတ် ကြီးဝင်သူမှန်သမျှကိုရှုတ်ချတော်မူလိမ့်မည်။-
သို့ဖြစ်၍မည်မျှပင်ရေရရှိစေကာမူယခု မှအစပြု၍ အဘယ်အပင်မျှထိုအာရစ် ပင်ကဲ့သို့သစ်ကိုင်းသစ်ခက်များအထက်တွင် မြင့်မားရတော့မည်မဟုတ်။ ယင်းတို့၏ထိပ်ဖျား များသည်မိုးတိမ်သို့ရောက်သည့်တိုင်အောင်မြင့် တက်ရကြတော့မည်မဟုတ်။ ထိုသစ်ပင်အား လုံးပင်လူသားများနှင့်အတူ မြေကြီးပေါ် တွင်သေကြေပျက်စီးကာမရဏာနိုင်ငံသို့ ဆင်းသက်ရကြပေတော့အံ့'' ဟုမိန့်တော် မူ၏။
ထိုအာရစ်ပင်ကိုမရဏာနိုင်ငံသို့ငါဆင်း သက်စေသောအခါ ယင်းပြိုလဲသည့်အသံ ကြောင့်လူမျိုးတကာတို့သည်တုန်လှုပ်သွား ကြလိမ့်မည်။ ထိုအခါမြေအောက်ကမ္ဘာသို့ ရောက်ရှိနေကြသောဧဒင်ဥယျာဉ်မှ သစ်ပင် ရှိသမျှနှင့်လေဗနုန်တောမှရေအဝသောက် ရသောအကောင်းဆုံးလက်ရွေးစင်သစ်ပင် များသည်နှစ်ထောင်းအားရကြလိမ့်မည်။-
သူတို့၏သင်္ချိုင်းများသည်မရဏာနိုင်ငံ ၏အနက်ရှိုင်းဆုံးအရပ်၌ရှိ၏။ အာရှုရိ စစ်သူရဲအားလုံးသည်စစ်ပွဲတွင်ကျဆုံး ၍သူတို့၏သင်္ချိုင်းများသည်အာရှုရိ၏ ဂူကိုဝိုင်းရံလျက်နေ၏။ သို့ရာတွင်အခါ တစ်ပါးကသူတို့သည်အသက်ရှင်သူတို့ ကိုတုန်လှုပ်ချောက်ချားစေခဲ့သူများဖြစ် သတည်း။
သင်၏မာန်မာနသည်သင့်ကိုလှည့်စား ထားလေပြီ။ သင်၏မြို့တော်သည်ကျောက်တုံးကျောက်ခဲ ဖြင့် ပြီးသောခံတပ်မြို့ဖြစ်၍၊ သင်၏တည်နေရာသည်မြင့်မားသော တောင်ပေါ်တွင်ဖြစ်သဖြင့်၊ `ငါ့အားအဘယ်သူဆွဲချနိုင်ပါနည်း' ဟု သင်သည်တစ်ကိုယ်တည်းပြောဆိုနေတတ်၏။
အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံတိုင်အောင် မြှောက်စားခြင်းကိုခံရလိမ့်မည်ဟုထင်မှတ်ပါသ လော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းကိုခံရလတ္တံ့။ အဘယ်ကြောင့်ဆိုသော်သင့်ထံတွင် ငါပြုခဲ့သည့် အံ့ဖွယ်အမှုအရာများကိုသောဒုံမြို့တွင်သာပြု ခဲ့ပါမူ ထိုမြို့သည်ယနေ့တိုင်အောင်တည်လျက် ရှိပေမည်။-
အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံ တိုင်အောင်မြှောက်စားခြင်းကိုခံလိုသလော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းခံရလတ္တံ့'' ဟုမိန့်တော်မူ၏။
သားရဲနှင့်တကွသူ၏ရှေ့တွင်နိမိတ်လက္ခဏာ များကိုပြသောမိစ္ဆာပရောဖက်သည်အဖမ်းခံ ရ၏။ (ထိုမိစ္ဆာပရောဖက်ကားသားရဲ၏အမှတ် တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုရှိခိုးသူများ အားနိမိတ်လက္ခဏာများကိုပြခြင်းအားဖြင့် မှောက်မှားလမ်းလွဲစေသူဖြစ်သတည်း။) ထိုသူ နှစ်ဦးစလုံးပင်လျှင်တောက်လောင်နေသောကန့် မီးအိုင်ထဲသို့အရှင်လတ်လတ်ပစ်ချခြင်းကို ခံရကြ၏။-