ဣသရေလပြည်သူအချို့တို့သည်လည်း မိမိတို့၏တန်ခိုးတော်ရှင်ဘုရားသခင် ၏အထံတော်သို့ပြန်လာကြလိမ့်မည်။-
ယာ ကုပ် အ မျိုး သား အ ကြွင်း အ ကျန် တို့ သည်၊ တန် ခိုး ကြီး သော ဘု ရား သ ခင့် ထံ သို့ ပြန် လာ ကြ လိမ့် မည်။
ကြွင်းသောသူတည်းဟူသော၊ ယာကုပ်အမျိုး၌ ကြွင်းသောသူတို့သည် တန်ခိုးကြီးတော်မူသော ဘုရားသခင့်ထံသို့ ပြန်လာကြလိမ့်မည်။
ယာကုပ်အမျိုး၏အကြွင်းအကျန်တို့သည် တန်ခိုးကြီးတော်မူသော ဘုရားသခင်ထံ ပြန်လာကြလိမ့်မည်။
အကယ်၍ပြည်နှင်ဒဏ်သင့်လျက်ရှိသည့် ကိုယ်တော်၏လူမျိုးတော်ဝင်ပြန်သွားရန်အတွက် အကူအညီလိုပါကသူတို့၏ပတ်ဝန်းကျင်ရှိလူတို့က ကူညီရကြမည်။ သူတို့သည် ရွှေ၊ ငွေ၊ ရိက္ခာ၊ ဝန်တင်တိရစ္ဆာန်များအပြင် ယေရုရှလင်မြို့ရှိဘုရားသခင်၏ဗိမာန်တော်အတွက် အလှူဒါနများကိုပေးရကြမည်'' ဟုပါရှိသတည်း။
ထာဝရဘုရားသည်အီဂျစ်အမျိုးသားတို့ အား အပြစ်ဒဏ်ခတ်တော်မူမည်ဖြစ်သော်လည်း သူတို့၏ဒဏ်ရာဒဏ်ချက်များကိုပျောက်ကင်း စေတော်မူပေအံ့။ သူတို့သည်ထာဝရဘုရား ထံတော်သို့ပြောင်းလဲလာသဖြင့် သူတို့တောင်း လျှောက်သံကိုနားထောင်လျက် သူတို့ရောဂါ ကိုပျောက်ကင်းစေတော်မူမည်။
ယုဒပြည်တွင်အသက်မသေဘဲကျန်ရှိ နေသူတို့သည်မြေတွင်နက်စွာအမြစ်စွဲ ၍သီးနှံများကိုဆောင်သည့်အပင်ငယ် များကဲ့သို့ရှင်သန်ဖွံ့ဖြိုးကြလိမ့်မည်။-
``အို ယာကုပ်သားမြေးတို့၊ငါ၏ဣသရေလ လူမျိုးတော်အနက်မှ ကြွင်းကျန်နေသူတို့၊ငါပြောသည်ကို နားထောင်ကြလော့။ သင်တို့သန္ဓေတည်၍မွေးဖွားချိန်မှအစပြု၍ ငါသည်သင်တို့အားကြည့်ရှုစောင့်ရှောက်ခဲ့ ပေသည်။
သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊ မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။ သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။
ထာဝရဘုရားကမိမိ၏လူမျိုးတော် အား``ငါသည်အပြစ်များမှနောင်တရသူ ဣသရေလအမျိုးသားအပေါင်းတို့အား ကယ်တင်ရန်ဇိအုန်မြို့သို့ကြွလာတော်မူ မည်။-
ထာဝရဘုရားသည်ဟေရှာယအား``သင်၏ သားရှာယာရှုပ်ကိုခေါ်၍အာခတ်နှင့်သွား ရောက်တွေ့ဆုံလော့။ သင်သည်သူ့ကိုအထက် ရေကန်ရေသွယ်မြောင်းအဆုံးအထည်ယက် သမားများအလုပ်လုပ်သည့်နေရာအနီး ရှိလမ်းပေါ်တွင်တွေ့လိမ့်မည်။-
ဣသရေလအမျိုးသားတို့သည်နောင်တ မရကြ။ မိမိတို့အားအနန္တတန်ခိုးရှင် ထာဝရဘုရားသည် အပြစ်ဒဏ်ခတ်တော်မူ ပြီဖြစ်သော်လည်းသူတို့သည်အထံတော် သို့မပြန်ကြ။-
ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
ထိုအချိန်ကာလကျရောက်လာသောအခါ ငါသည်မိမိအသက်ရှင်ခွင့်ပေးထားသူတို့ ၏အပြစ်များကိုဖြေလွတ်ဖြေရှင်းမည်ဖြစ် ၍ ဣသရေလပြည်တွင်အပြစ်ဒုစရိုက်တစ် စုံတစ်ခုမျှတွေ့ရှိရလိမ့်မည်မဟုတ်။ ယုဒ ပြည်တွင်လည်းဆိုးညစ်မှုတစ်စုံတစ်ရာမျှ တွေ့ရှိရလိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
ဣသရေလပြည်သားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ ကြလော့။ သင်တို့သည်သင်တို့၏အပြစ်ကြောင့် ခြေချော်၍လဲကြပြီ။-
လူတို့က``ထာဝရဘုရားထံသို့ပြန်ကြ စို့၊ ကိုယ်တော်သည်ငါတို့အားအနာတရ ဖြစ်စေသော်လည်း အနာပျောက်ကင်းအောင် ကုသတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းတော်မူမည်။-
ဣသရေလပြည်သားတို့၏မာန်မာန အကျိုးဆက်သည်သူတို့၏တစ်ဖက်၌ သက်သေခံလိမ့်မည်။ သူတို့သည်ဤအမှု အရာတို့နှင့်တွေ့ကြုံခဲ့ရသော်လည်းသူ တို့၏ဘုရားသခင်ငါထာဝရဘုရား ထံတော်သို့ပြန်၍မလာကြ။-
သူတို့သည်ငါ့ကိုစွန့်၍ တန်ခိုးမရှိသော ဘုရားကိုဆည်းကပ်ကြ၏။ သူတို့သည် ကောက်လိမ်သောလေးကဲ့သို့စိတ်မချရ။ သူတို့၏ခေါင်းဆောင်များသည်မောက်မာ စွာပြောဆိုသောကြောင့် သေခြင်းဆိုးဖြင့် သေကြလိမ့်မည်။ ထိုအခါအီဂျစ်အမျိုး သားတို့ကသူတို့ကိုပြက်ရယ်ပြုကြ လိမ့်မည်။
ဦးစွာဒမာသက်မြို့၊ ထိုနောက်ယေရုရှလင်မြို့ မှစ၍ ယုဒပြည်တစ်ပြည်လုံးရှိလူတို့အား လည်းကောင်း၊ လူမျိုးခြားတို့အားလည်းကောင်း အကျွန်ုပ်ဟောပြောပါ၏။-