ဟေဗြဲ 8:6 - Common Language Bible
သို့ရာတွင်ဘုရားနှင့်လူအကြားတွင်သခင် ယေရှုစီစဉ်ပေးသည့်ပဋိညာဉ်တရားတော် သည် ပို၍ကောင်းမွန်သောအရာများဆိုင်ရာ ကတိတော်များအပေါ်တွင်အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက်ပိုမိုကောင်းမြတ် သကဲ့သို့ သခင်ယေရှုထမ်းဆောင်ရသည့်ယဇ် ပုရောဟိတ်တာဝန်ဝတ္တရားများသည်လည်း ထို ယဇ်ပုရောဟိတ်တို့၏တာဝန်ဝတ္တရားများ ထက်သာလွန်ကြီးမြတ်ပေသည်။
အခန်းကိုကြည့်ပါ။
မု ချ ဆို သော် သာ၍ မြတ် သော က တိ တော် များ နှင့် ဖွဲ့ တော် မူ သည့်၊ သာ၍ မြတ် သော ပ ဋိ ညာဉ့် ဆိုင် ရာ စေ့ စပ် သော အ ရှင် ဖြစ် တော် မူ သည့် အ လျောက် လွန် ကဲ သော ပ ရော ဟိတ် ရာ ထူး ကို ရ ရှိ တော် မူ ၏။
အခန်းကိုကြည့်ပါ။
ထိုမှတစ်ပါး၊ ယေရှုသည် သာ၍မြတ်သော ကတိတော်တို့၌တည်သော၊ သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်သည်နှင့်အညီ၊ သာ၍မြတ်သော ဝတ်ပြုခြင်းအခွင့်အရာကို ရတော်မူ၏။-
အခန်းကိုကြည့်ပါ။
သို့သော် ယခုအခါ ကိုယ်တော်သည် သာ၍မြတ်သောကတိတော်များအပေါ်အခြေခံထားသည့် သာ၍မြတ်သောပဋိညာဉ်၏ကြားဝင်စေ့စပ်သူဖြစ်တော်မူသည်နှင့်အညီ သာ၍ထူးမြတ်သောအမှုတော်ကိုရရှိတော်မူ၏။
အခန်းကိုကြည့်ပါ။
သို့သော် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းယေရှုသည် ယခင်ယဇ်ပုရောဟိတ်များထမ်းဆောင်ရသောအမှုတာဝန်ထက် ပို၍ ကောင်းသောအမှုတာဝန်ကို လက်ခံရရှိသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ပို၍ ကောင်းသောကတိတော်များပေါ်တွင် အခြေခံသည့် ပို၍ ကောင်းသောပဋိညာဉ်ကို ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြားတွင် ကြားဝင်စေ့စပ်ပေးသောကြောင့်ဖြစ်၏။
အခန်းကိုကြည့်ပါ။