ငါသည်သူ၏အဖဖြစ်၍သူသည်လည်းငါ ၏သားဖြစ်ရလိမ့်မည်။ သူသည်အမှားကို ပြုသောအခါအဖကသားကိုဆုံးမ သကဲ့သို့သူ့ကိုဆုံးမမည်။-
ဟေဗြဲ 12:6 - Common Language Bible အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မိမိ ချစ်တော်မူသောသူကိုဆုံးမတော်မူတတ်၍ သားအဖြစ်လက်ခံတော်မူသောသူကို ဒဏ်ပေးတော်မူတတ်သောကြောင့်ဖြစ်၏'' ဟုသင်တို့အားသားများအနေဖြင့်အား ပေးတိုက်တွန်းထားသည်ကိုသင်တို့မေ့ လျော့သွားကြလေပြီလော။- Judson Bible ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမပဲ့ပြင်တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်ရိုက်နှက်တတ်၏”ဟု သားကိုမိန့်တော်မူသကဲ့သို့ သင်တို့အားမိန့်တော်မူသော တိုက်တွန်းအားပေးစကားကို သင်တို့မေ့လျော့ကြပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ သားအဖြစ် လက်ခံတော်မူသောသူကို ဒဏ်ပေးတော်မူတတ်၏” ဟု မိန့်တော်မူ၏။ |
ငါသည်သူ၏အဖဖြစ်၍သူသည်လည်းငါ ၏သားဖြစ်ရလိမ့်မည်။ သူသည်အမှားကို ပြုသောအခါအဖကသားကိုဆုံးမ သကဲ့သို့သူ့ကိုဆုံးမမည်။-
ဒဏ်ခတ်တော်မူခြင်းကိုခံရသည်မှာကွန်တော် မျိုး အတွက်ကောင်းပါ၏။ အဘယ်ကြောင့်ဆိုသော်ယင်းသို့ခံရခြင်းအားဖြင့် ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အထုံးအဖွဲ့တော်တို့ကိုသိရှိနားလည်၍ လာသောကြောင့်ဖြစ်ပါ၏။
အို ထာဝရဘုရား" ကိုယ်တော်ရှင်၏စီရင်ဆုံးဖြတ်တော်မူခက် တို့သည် တရားမှတတော်မူကြောင်းကိုလည်းကောင်း" သစ္စာတော်နှင့်အညီကွန်တော်မျိုးအား ဒဏ်ခတ်တော်မူကြောင်းကိုလည်းကောင်း ကွန်တော်မျိုးသိပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏ဆုံးမသွန်သင်မှုကိုခံရသော သူ၊ တရားတော်နှင့်ဆိုင်၍ကိုယ်တော်၏သွန်သင် မှုကို ခံရသောသူသည်မင်္ဂလာရှိပါ၏။
ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ် သောအရွယ်မှစ၍ ဆုံးမတတ်၏။
ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသော အခါ စိတ်မပျက်စေနှင့်။
ထာဝရဘုရားသည် ချစ်တော်မူသော သူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသော သူကို ဆုံးမ တော်မူတတ်၏။
ရုပ်တုကိုးကွယ်ရာယဇ်ပလ္လင်ကျောက်ရှိသမျှ သည် မြေဖြူကျောက်ကဲ့သို့ထုထောင်းချေမှုန်း ခြင်းကိုခံရ၍ အာရှရတံခွန်တိုင်များနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင်များမကျန် မရှိတော့သည့်အချိန်ကာလမကျရောက် မီ ဣသရေလအမျိုးသားများသည် မိမိတို့ ၏အပြစ်များမှဖြေလွှတ်ဖယ်ရှားလိမ့်မည် မဟုတ်။
အို ထာဝရဘုရား၊ကိုယ်တော်၏လူမျိုးတော် အား ဆုံးမပဲ့ပြင်တော်မူပါ။ သို့ရာတွင်ကျွန်တော်မျိုးတို့အပေါ်တွင် တရားမျှတစွာပြုတော်မူပါ။ ကိုယ်တော်ရှင်အမျက်ထွက်တော်မူချိန်၌ ကျွန်တော်မျိုးတို့အားပြင်းထန်စွာဆုံးမ ပဲ့ပြင်တော်မူ ပါလျှင်ကျွန်တော်မျိုးတို့အကျိုးနည်းရ ပါလိမ့်မည်။
ငါတို့သည်မိမိတို့အပြစ်အတွက် ဒဏ်ခတ်ခြင်းခံရကြသောအခါ အဘယ်ကြောင့်ညည်းတွားရကြပါမည်နည်း။
ဖခင်သည်မိမိ၏သားသမီးများကိုအပြစ် ဒဏ်ပေးဆုံးမသကဲ့သို့ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အားဆုံးမသည် ကိုသိမှတ်ကြလော့။-
စုံစမ်းနှောင့်ယှက်ခြင်းကိုကြံ့ကြံ့ခံနိုင်သော သူသည်မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည်ယင်းသို့ခံနိုင်သည်ရှိသော် ဘုရား သခင်ကိုချစ်သောသူတို့အားကိုယ်တော်ကတိ ထားတော်မူသည့်အသက်တည်းဟူသောဆု ကိုရရှိမည်ဖြစ်သောကြောင့်တည်း။-
သူတို့သည်ခံနိုင်ရည်ရှိသူများဖြစ်သဖြင့် သူတို့အားမင်္ဂလာရှိသူများဟူ၍ငါတို့ ခေါ်ကြ၏။ ယောဘမည်သို့ခံနိုင်ရည်ရှိသည် ကိုသင်တို့ကြားသိခဲ့ကြလေပြီ။ နောက်ဆုံး၌ သူ့အားထာဝရဘုရားအဘယ်သို့ကြည့်ရှု တော်မူကြောင်းကိုလည်းသင်တို့သိကြ၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား သည် သနားကြင်နာတော်မူ၍ကရုဏာ တော်နှင့်ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသောကြောင့်တည်း။
ငါသည်မိမိချစ်သောသူအပေါင်းတို့အား ဆုံးမ၍အပြစ်ဒဏ်ပေးတတ်၏။ ထိုကြောင့် သင်သည်စိတ်အားထက်သန်လော့။ နောင်တ ရလော့။-
ဧလိမလက်ကွယ်လွန်သွားသဖြင့် နောမိ သည်သားနှစ်ယောက်နှင့်ကျန်ရစ်လေသည်။-