နှာခေါင်းတော်ထဲမှမီးခိုးများသည်လည်းကောင်း၊ ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့် မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။
ဟေဗြဲ 12:29 - Common Language Bible အဘယ်ကြောင့်ဆိုသော်ငါတို့၏ဘုရား သခင်သည်ကျွမ်းလောင်စေတတ်သောမီး သဖွယ်ဖြစ်တော်မူသောကြောင့်တည်း။ Judson Bible ငါတို့ဘုရားသခင်သည် လောင်သောမီး ဖြစ်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့၏ဘုရားသခင်သည် လောင်ကျွမ်းသောမီးဖြစ်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “ကျွန်ုပ်တို့၏ ဘုရားသခင်သည် လောင်ကျွမ်းစေတတ်သောမီးကဲ့သို့ ဖြစ်တော်မူ၏။” |
နှာခေါင်းတော်ထဲမှမီးခိုးများသည်လည်းကောင်း၊ ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့် မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။
ငါတို့၏ဘုရားသည်ကြွလာတော်မူ၏။ သို့ရာတွင်ဆိတ်ဆိတ်ကြွလာတော်မူသည်မဟုတ်။ ရှေ့တော်တွင်မီးတောက်မီးလျှံဟုန်းဟုန်းထလျက် ကိုယ်တော်၏ပတ်လည်တွင်လေပြင်းမုန်တိုင်း တိုက်ခတ်လျက်ရှိ၏။
မီးလျှံသည်ရှေ့တော်မှသွား၍ကိုယ်တော်၏ ပတ်လည်ရှိရန်သူတို့ကိုကျွမ်းလောင်စေ၏။
ကိုယ်တော်သည်ဘုန်းတန်ခိုးအာနုဘော်ဖြင့် ရန်သူများကို ချေမှုန်းတော်မူပါ၏။ ကိုယ်တော်၏အမျက်တော်သည်မီးကဲ့သို့ တောက်လောင်၍ သူတို့ကိုကောက်ရိုးကဲ့သို့လောင်ကျွမ်းစေပါ၏။
အပြစ်ကူးလွန်သည့်ဇိအုန်မြို့သူမြို့သား တို့သည်ကြောက်ရွံ့တုန်လှုပ်၍နေကြ၏။ သူ တို့က``ဘုရားသခင်၏တရားစီရင်တော် မူချက်သည် ထာဝစဉ်တောက်လောင်နေသော မီးနှင့်တူ၏။ ဤသို့သောမီးမှငါတို့လွတ် မြောက်၍အသက်မသေဘဲကျန်ရှိနိုင်ကြ ပါမည်လော'' ဟုဆိုကြ၏။-
ထာဝရဘုရားသည်မီးလျှံကိုစီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိ အမျက်ထွက်သူတို့အားအပြစ်ဒဏ်ခတ် ရန်လေဗွေရထားကိုစီး၍ကြွလာတော် မူလိမ့်မည်။-
ငါ၏အမျက်တော်မီးအရှိန်ကြောင့်ထိုနေ့၌ ဣသရေလပြည်တွင်မြေငလျင်ပြင်းစွာ လှုပ်လိမ့်မည်ဖြစ်ကြောင်းငါမိန့်ဆို၏။-
ငါသည်ကြည့်ရှုနေစဉ်ရာဇပလ္လင်များကိုတည်ထားသည်ကိုလည်းကောင်း၊ တစ်ခုသောပလ္လင်ပေါ်တွင်ထာဝစဉ်အသက်ရှင်တော်မူသောအရှင် ထိုင်လျက်နေတော်မူသည်ကိုလည်းကောင်းမြင်ရ၏။ ထိုအရှင်၏အဝတ်တို့သည်မိုးပွင့်ကဲ့သို့ဖြူ၍ဆံတော်သည်လည်းသိုးမွေးစစ်နှင့်တူ၏။ ရဲရဲတောက်နေသောဘီးများတပ်ဆင်ထားသည့်ကိုယ်တော်၏ပလ္လင်တော်သည်မီးလျှံထလျက်နေ၏။-
လူအပေါင်းတို့သည်မိမိတို့တွေ့ကြုံရသော ဆင်းရဲဒုက္ခများကြောင့် ထာဝရဘုရားထံ တော်သို့ညည်းညူသံကိုကြားရသောအခါ အမျက်တော်ထွက်၍သူတို့အပေါ်တွင်လောင် မီးကျစေ၏။ မီးသည်စခန်းတစ်ဘက်စွန်း တွင်ရှိသောလူများကိုလောင်ကျွမ်းစေ၏။-
ထိုနောက်ထာဝရဘုရားသည်လောင်မီးကျ စေ၍ နံ့သာပေါင်းဆက်သသောသူနှစ်ရာ့ ငါးဆယ်ကိုမီးလောင်ကျွမ်းစေ၏။
ငါတို့သည်အဘယ်ကြောင့်သခင်ဘုရားအား ကြောက်ရွံ့ရကြောင်းကိုသိသဖြင့် လူတို့အား တိုက်တွန်းနှိုးဆော်၏။ ငါတို့၏အကြောင်းကို ဘုရားသခင်အကြွင်းမဲ့သိတော်မူ၏။ သင် တို့သည်လည်းစိတ်နှလုံးထဲကငါ့အကြောင်း ကိုလည်း ကောင်းစွာသိကြလိမ့်မည်ဟုငါ မျှော်လင့်၏။-
သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ရှေ့ကအရှိန်ပြင်းသော လောင်မီးကဲ့သို့ကြွသွားတော်မူသည်ကို သင် တို့ကိုယ်တိုင်ယခုမြင်ရမည်။ သင်တို့ချီတက် နေစဉ်ကိုယ်တော်သည်သူတို့ကိုနှိမ်နင်းသဖြင့် ကတိတော်နှင့်အညီသင်တို့သည်ထိုသူတို့ ကိုနှင်ထုတ်၍လျင်မြန်စွာပယ်ရှင်းနိုင်လိမ့် မည်။''
ယခုဆင်းရဲဒုက္ခရောက်လျက်ရှိသောသင်တို့ နှင့်အတူငါတို့ကိုလည်းစိတ်သက်သာရာ ရစေတော်မူလိမ့်မည်။ သခင်ယေရှုသည် တန်ခိုးကြီးသောကောင်းကင်တမန်များ ခြံရံလျက်မီးလျှံနှင့်တကွ ကောင်းကင်ဘုံ မှကြွလာတော်မူသောအခါ၌ဘုရား သခင်သည် မိမိကိုပစ်ပယ်သူတို့နှင့်ငါ တို့သခင်ယေရှုအကြောင်းသတင်းကောင်း ကိုမလိုက်နာသူတို့အားအပြစ်စီရင် တော်မူလိမ့်မည်။-
ငါတို့သည်တရားစီရင်တော်မူခြင်းကိုလည်း ကောင်း၊ ဘုရားသခင်ကိုအတိုက်အခံပြုသူ တို့အားကျွမ်းလောင်စေမည့်အမျက်တော်မီး ကိုလည်းကောင်းကြောက်ရွံ့တုန်လှုပ်လျက်စောင့် မျှော်နေကြရန်သာရှိတော့၏။-
အသက်ရှင်တော်မူသောဘုရားသခင်၏ လက်တော်သို့ကျရောက်ရခြင်းသည် ကြောက် မက်ဖွယ်ကောင်းလှပါသည်တကား။
သို့ရာတွင်ဘုရားသခင်သည်ယခုလက်ရှိ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုမီးဖြင့် ဖျက်ဆီးရာနေ့တိုင်အောင် ထိုအမိန့်တော် အားဖြင့်ပင်လျှင်ဆက်လက်တည်ရှိစေ တော်မူပေသည်။ ထိုနေ့၌ဘုရားတရား မဲ့သောသူတို့သည်တရားစီရင်ဖျက်ဆီး ခြင်းကိုခံရကြလိမ့်မည်။